ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး
အောက်တိုဘာ ၂၉၊ ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဟစ်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည့် တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၈ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆန္ဒရှင် ပြည်သူလူထုနှင့်တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက်(၈)နာရီကကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် တာမွေမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်အား မဲဆန္ဒရှင်ပြည်သူများထံ မိတ်ဆက်အပ်နှံ၍ ကိုယ်စားလှယ်လောင်း၏ ကိုယ်ရေးအကျဉ်းအား အခမ်းအနားမှူးမှ ဖတ်ကြားပေးခဲ့သည်။










