မြန်မာ့ဘောလုံးလောကအတွက် လိုအပ်သည့်ပံ့ပိုးမှုများပြုလုပ်မည်ဟု ဖီဖာဥက္ကဋ္ဌပြော

ဦးဇော်​​ဇော်နှင့် ဖီဖာဥက္ကဋ္ဌ တွေ့ဆုံနေစဉ် (ဓာတ်ပုံ − MFF)

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖာတီနိုက မြန်မာ့ဘောလုံးလောက တိုးတက်ရေး လိုအပ်သည်များ  ကူညီထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

Read more

ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ တိုင်ဆန်ဖျူရီ

စိတ်ကျဝေဒနာ ခံစားခဲ့ရတုန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ပြောပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ တိုင်ဆန်ဖျူရီဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ WBC ဟဲဗီးဝိတ်ချန်ပီယံ ၀ိုင်ဒါနဲ့ ထိုးသတ်ဖို့ ရှိပါတယ်။

Read more

NCA အရ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အောက်ခြေအထိ သိနိုင်ရေး ဆောင်ရွက်ရန် JMC ဆုံးဖြတ်

လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို အပြည့်အဝကာကွယ်ပေးရန်နှင့် NCA အရ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပြဋ္ဌာန်းချက် များကို အောက်ခြေ တပ်ဖွဲ့ဝင် များအထိ သိရှိနိုင်ရေး ဆောင်ရွက်ရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC)က သဘောတူဆုံးဖြတ်ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။

Read more

အင်ဒိုနီးရှားလေယာဉ် Black Box က အချက်ပြသံကြားရပြီ

(အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်မှာ ပျက်ကျခဲ့တဲ့ Lion Air ခရီးသည်တင်လေယာဉ်ပျံကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ရှာဖွေရေးဆောင်ရွက်နေစဉ်)

 

တနင်္လာနေ့က ပျက်ကျသွားခဲ့တဲ့ အင်ဒိုနီးရှား Lion Air ခရီးသည်တင်လေယာဉ်ပျံရဲ့ Black Box ခေါ် ပျံသန်းမှုမှတ်တမ်းတင် ကရိယာက ထုတ်လွှင့်တဲ့ အချက်ပြသံကို ကြားရပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ပြောပါတယ်။

Read more

ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်သို့ တပ်ဖွဲ့ ဝင် ၁၅,ဝဝဝ စေလွှတ်မည်ဟု ပြောကြား

အမေရိကန်နိုင်ငံသို့ ဦးတည်ထွက်ခွာလာနေသော ကာရေဗီယံဒေသရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

 

ဝါရှင်တန် ၊ နိုဝင်ဘာ ၁ ရက်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ကာရေဗီယံဒေသ အမေရိကအလယ်ပိုင်း ရွှေ့ ပြောင်းနေထိုင်သူများ ဝင်ရောက်လာခြင်းအား တားဆီးရန်အတွက် အမေရိကန်နိုင်ငံတောင်ပိုင်းရှိ မက္ကဆီကို နယ်စပ်သို့ စစ်သား ၁၅,ဝဝဝ ဦးအထိ စေလွှတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

Read more

အစ္စလာမ်ဘာသာကို စော်ကားမှုဖြင့် သေဒဏ်ပေးခံရသည့် ခရစ်ယာန်အမျိုးသမီး လွတ်ငြိမ်းခွင့်ရ

ပါကစ္စတန်နိုင်ငံ တရားရုံးချုပ်က အစ္စလာမ်ဘာသာအပေါ် စော်ကားမှုနဲ့ တရားစွခံရတဲ့ ခရစ်ယာန် အမျိုးသမီး တယောက်ကို အောက်တိုဘာ ၃၁ ရက်နေ့က သေဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။

အဲဒါကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဆန္ဒပြခဲ့သလို အစွန်းရောက် ဘာသာရေး ပါတီက သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Read more

အီးယူက ကုန်သွယ်မှုအခွင့်အရေးပေး၊ မပေး လာမည့်ခြောက်လနောက်ပိုင်းမှ ဆုံးဖြတ်မည်ဟုဆို

ဥရောပသမဂ္ဂသည် မြန်မာအပေါ်ပေးအပ်ထားသော ကုန်သွယ်မှုအထူးအခွင့်အရေး(GSP) ပြန်လည်ရုပ်သိမ်း ခြင်းပြု၊ မပြုလာမည့်ခြောက်လနောက်ပိုင်းမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် စီး ပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးချမ်းအေးက ပြောကြား သည်။

Read more

နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲကို အပစ်ရပ်အဖွဲ့ ၅ဖွဲ့လုံး တက်ရောက်မှာမဟုတ်

 

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပမယ့် UPDJC ရဲ့ နိုင်ငံရေး မူဘောင် ဆွေးနွေးပွဲကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ကို ဖိတ်ကြားထား ပေမဲ့ အားလုံးတက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ မိုင်းလားအဖွဲ့ NDAAတို့ကတော့ တက်ရောက်မယ်လို့ အကြောင်းပြန် ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Read more

မင်းဘူးမြို့နယ် စကုနယ်မြေတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် အဖွဲ့ Door to Door ကွင်းဆင်းဆောင်ရွက်

 

31.10.2018

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် နယ်မြေတစ်ခုဖြစ်သည့် မင်းဘူးမြို့နယ် စကုမြို့ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) နေရာအတွက် မဲဆွယ်စည်းရုံးမှုတစ်ခုဖြစ်သည့် Door to Door ဆောင်ရွက်မှုအား မင်းဘူး/စကုမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)ရှိကျေးရွားများနှင့် မင်ဘူးနှင့်စကုမြို့ပေါ်ရပ်ကွက်များသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး၊ တိုင်းဘဏ္ဍာရေးမှုဦးကြည်ထွန်း၊ တိုင်းကော်မတီဝင်များ ၊ ဦးကျော်သူဦး၊ ဦးအေးသူ၊မြို့နယ်ဥက္ကဌ ဦးကျော်ဝင်းမြင့် နှင့်ကော်မတီဝင်များလိုက်ပါလျက် တရွာဝင်တရွာထွက်နှင့် တအိမ်တက်ဆင်း Door to Door ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။

Read more

မင်းဘူးမြို့နှင့်စကုမြို့ရှိ လူမှုရေးအသင်းများသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ အလှူငွေများ လှူဒါန်း

 

31.10.2018.

မင်းဘူးမြို့နယ် နှင့် စကုမြို့နယ်အတွင်းရှိ လူမှုရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ပေးနေသော အသင်းများဖြစ်သည့် ဗြဟ္မစိုရ်အသင်းနှင့်မြတ်စေတနာအသင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး ၊ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင်များ နှင့် ဦးကျော်သူဦး၊ ဦးအေးသူ၊ မြို့နယ်ဥက္ကဌဦးကျော်ဝင်းမြင့် ၊ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါလျက် မြို့မိမြို့ဖများနှင့်ရင်းနှီးစွာတွေ့ဆုံပြီးဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး+ ဒေါ်ခင်မျိုးဌေး မိသားစုမှ အလှူငွေ တသိန်းကျပ်စီ လှူဒါန်းခဲ့ပါသည်။

Read more