သုဝဏ္ဏကွင်းတွင်ကန်မည့် မြန်မာအမျိုးသမီးအသင်း၏ အိုလံပစ်ခြေစစ်ပွဲ သုံးပွဲကို ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်

၂၀၂၀ အိုလံပစ်အမျိုး သမီးခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များမှ မြန်မာအမျိုးသမီးဘောလုံး   အသင်းပါဝင် ယှဉ်ပြိုင်မည့် အုပ်စု  (ဂ) ပွဲစဉ်များကို ကွင်းဝင်ကြေး အခမဲ့သတ်မှတ်ကြောင်း  ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်ကပြောသည်။

မြန်မာအမျိုးသမီးအသင်း သည် အိုလံပစ်ခြေစစ်ပွဲ ပထမ အဆင့်အုပ်စုပွဲစဉ်များအဖြစ် သုဝဏ္ဏကွင်းတွင် နိုဝင်ဘာ ၈ ရက် ၌ ဘင်္ဂလားဒေ့ရှ်အသင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် နီပေါအသင်း၊  နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

Read more

ဗီချိုင်းရဲ့ဈာပနအတွက် လက်စတာကစားသမားတွေ ထိုင်းကိုရောက်နေ

ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တဲ့ အသင်းပိုင်ရှင်ဗီချိုင်းရဲ့ဈာပနအတွက် လက်စတာအသင်း ကစားသမား တွေဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

ဗီချိုင်းရဲ့ဈာပနအတွက် ဘန်ကောက်က ဘုန်းတောင်ကြီးကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လက်စတာကစားသမားတွေထဲမှာ တိုက်စစ်မှုးဗာဒီနဲ့ အသင်းခေါင်းဆောင် မော်ဂန်တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ဗီချိုင်းရဲ့ဈာပနဟာ ပြီးခဲ့တဲ့စနေနေ့မှာ စတင်ခဲ့ပြီး တစ်ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။

Read more

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ် ငါးခု အပါအ၀င် ဆုကိုးခုရရှိ

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းက ရွှေတံ ဆိပ်ငါးခုအပါအ၀င် ငွေတစ်ခု၊ ကြေးသုံးခုဖြင့် စုစုပေါင်းဆုတံ ဆိပ်ကိုးခု စတင်ရရှိခဲ့သည်။

အဆိုပါ မြားပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ်အား ကစားကွင်းတွင်  ကျင်းပနေသည်။

အိမ်ရှင်မြန်မာနှင့်အတူ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့ ၀င်ရောက်ယှဉ်ပြိုင်ကာ မြန်မာ မြားပစ်ကစားသမား ၂၀ ခန့် ပါဝင်ယှဉ်ပြိုင်နေသည်။

Read more

မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ပြန်စမယ်လို့ ဝန်ကြီး Pompeo ပြော

နျူကလီးယားကင်းရှင်းရေးဆိုင်ရာ မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲတွေ ဒီသီတင်းပတ်အတွင်း နယူးယောက်မှာ ပြန်စမှာဖြစ်ပြီး မြောက်ကိုရီးယား ဒုတိယအကြီးအကဲ Kim Yong Chol နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ စင်္ကာပူမှာ ဇွန်လက တွေ့ဆုံဆွေးနွေးပြီး ကတည်းကဆိုရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ် အဆုံးသတ်ရေး တိုးတက်မှုတွေ နှေးကွေးနေတာ လအတော် ကြာနေပါပြီ။

Read more

ဘာသာစော်ကားမှု အပေါ်ဆုံးဖြတ်ချက် ပါကစ္စတန်မှာ ပြဿနာတက်

အစ္စလမ်ဘာသာရဲ့တမန်တော်ကို ပုတ်ခတ်စော်ကားမှုနဲ့စွပ်စွဲခံထားရတဲ့ ခရစ်ယာန်အမျိုးသမီးတဦးနဲ့ ပတ်သက်တဲ့ အမှုကို နိုင်ငံတော်တရားရုံးချုပ်က အပြစ်မရှိကြောင်းစီရင်ချက်ချခဲ့တဲ့အတွက် အစ္စလမ်မ ဘတ်မြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွါးနေတာ သုံးရက်ရှိနေပါပြီ။

Read more

လွှတ်တော်အစည်းအဝေး ပြန်လုပ်ဖို့ သီရိလင်္ကာသမ္မတ ညွှန်ကြား

သီရိလင်္ကာလွှတ်တော်အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ပြန်ကျင်းပဖို့ သမ္မတက ညွှန်ကြားထားပြီး ဝန်ကြီးချုပ် သစ်အဖြစ် သူခန့်ထားတဲ့ အာဏာရှင်ဟောင်း Mahinda Rajapaksa ကို အတည်ပြုရေး လွှတ်တော်အမတ်တွေ မဲခွဲ ဆုံးဖြတ် ကြရမှာဖြစ်ပါတယ်။

တောင်အာရှဒေသက သီရိလင်္ကာကျွန်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်း ဆိုက်နေချိန်မှာပဲ သမ္မတရဲ့ တနင်္ဂနွေနေ့ အမိန့် ထွက်လာတာပါ။

Read more

နျူကလီးယားမူဝါဒသို့ ပြန်သွားနိုင်ကြောင်း မြောက်ကိုရီးယားသတိပေး

စီးပွားရေးပိတ်ဆို့မှုကြောင့် ဆင်းရဲမှုဒဏ် ကိုခံစားနေရသည့် မြောက်ကိုရီးယား ကို အမေရိကန်မှ ပိတ်ဆို့ထားမှုများ ဖယ်ရှားမပေးလျှင် မြောက်ကိုရီးယား သည် နျူကလီးယားလက်နက်ပိုင်ဆိုင် သည့်နိုင်ငံအဖြစ် ကြိုးစားမည့်လမ်း ကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွား လိမ့်မည်ဟု မြောက်ကိုရီးယားဘက်က သတိပေးထားသည်။
နှစ်ပေါင်းများစွာ ကြာအောင် မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းခဲ့သည်။

Read more

ကုမ္ပဏီရဲ့ Foldable စမတ်ဖုန်းကို CES 2019 မှာ ပွဲထုတ်မိတ်ဆက်မယ့် LG

Samsung ဟာ ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်းကို မကြာခင်မိတ်ဆက်သွားမယ်လို့ ကတိပြုထားပေမယ့်လည်း ပြည်တွင်းပြိုင်ဘက် ကုမ္ပဏီဖြစ်တဲ့ LG ရဲ့ ကျော်ဖြတ်ခြင်းကို ခံရဖွယ်ရှိနေပါတယ်။ Evan Blass ရဲ့ နောက်ဆုံးပေါ် tweet အရ LG ဟာ ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်းကို CES 2019 မှာ ပွဲထုတ်မိတ်ဆက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Read more

ဘင်္ဂါလီဒုက္ခသည် ၂,၀၀၀ ကို ပထမဆုံး အသုတ်အဖြစ် နိုဝင်ဘာလလယ်တွင် စတင်လက်ခံမည်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပထမဆုံးအသုတ်အဖြစ် ဘင်္ဂါလီ ဒုက္ခသည်နှစ်ထောင်ကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်လက်ခံမည်ဟု အေအက်ဖ်ပီ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံပူးတွဲလုပ်ငန်းကော်မတီအ ဖွဲ့သည် အောက်တိုဘာ ၃၁ ရက်တွင် ကော့ဘဇားရှိ ဒုက္ခသည် စခန်းများသို့ ကွင်းဆင်းစိစစ်ပြီး မြန်မာအစိုးရက စိစစ်ပြီးသည့် ဒုက္ခသည် ငါးထောင်ကျော်အနက် ပထမဆုံး အသုတ်အဖြစ် နှစ်ထောင်ကို ယခု လလယ်တွင် စတင်လက်ခံမည်ဟု မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

Read more

ဘလွန်းဒီအောဆုရရှိရန် ဂရစ်ဇ်မန်း မျှော်လင့်

ဘလွန်းဒီအောဆုရရှိရန် အိပ်မက်မက်နေသည်ဟု အက်သလက်တီကိုမက်ဒရစ်နှင့် ပြင်သစ်ကြယ်ပွင့်အန်တိုနီ ဂရစ်ဇ် မန်းက ၀န်ခံပြောကြားသည်။

အက်သလက်တီကိုမက်ဒရစ်နှင့် ယူရိုပါလိဂ်ဖလား၊ ပြင်သစ်နှင့်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီးနောက် ဂရစ်ဇ်မန်း (၂၇နှစ်)သည် ဘလွန်းဒီအောဆု ရရှိရန် အလား အလာကောင်းနေသည်။

၂၀၁၆ က ရော်နယ်ဒိုနှင့်မက် ဆီတို့နောက် တတိယသာရရှိခဲ့ သောတိုက်စစ်မှူးက ဘလွန်းဒီအောဆုသည် ၎င်းအလိုရှိသောဆု ဟု မကွယ်မ၀ှက်ပြောကြားသည်။

Read more