သခွားသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

သခွားသီးကကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပေးပါတယ်။ နွေရာသီမှာဆိုရင်လည်း သခွားသီးကရေဓာတ်ပြည့်ဝစေပါတယ်။ သခွားသီးမှာ ဗီတာမင်အေ၊ ဗီတာ မင်စီ၊ ဖောလစ်အက်ဆစ်တို့ပါဝင်သလို အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်၊ molybdenum နဲ့ ပိုတက်ဆီယမ် တို့လိုမျိုး သတ္ထုဓာတ် တွေလည်းပါဝင်ပါတယ်။

သခွားသီးမှာတွယ်ဆက်တစ်သျှူးတွေကို အားဖြည့်ပေးနိုင်တဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်တဲ့ silica ပါဝင်နေပါတယ်။ သခွားသီးမှာရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့ ascorbic နဲ့ caffeic အက်ဆစ်တို့ ပါဝင်နေပါတယ်။ အနာ လည်း ကျက်စေနိုင်ပါတယ်။ မျက်ရည်အိတ်ဖောင်းတာနဲနေလောင် တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

Read more

အလှအပ အတွက် အကျိုးပြုတဲ့ နာနက်သီး

နာနတ်သီးကို အပေါဆုံး တွေ့ရတာ ဒီရာသီပါ။ ပေါတဲ့ ရာသီမို့ နာနတ်သီးနဲ့ ပတ်သက်ပြီး အသုံးဝင်စေမယ့် နည်းလေးတွေကို မျှဝေပါရစေ။ နာနတ်သီးမှာ ဗီတာမင်ဓာတ်များစွာပါဝင်ပြီး သတ္တုဓာတ်ေ တွလည်း ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ မက်ဂနီဆီယမ်ဓာတ်တွေ ပေါများစွာ ပါဝင်ပါသေးတယ်။
နာနတ်သီးဟာ လူကြီးလူငယ်မရွေး စားသုံးလို့ တည့်ပြီး အကျိုးလည်း များစေပါတယ်။ နာနတ်သီးဟာ အမြင်အာရုံ ကြည်လင်စေပြီး အရိုးကိုလည်း သန်စွမ်းစေပါတယ်။ ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။

Read more

မျက်နှာပေါ်က အမည်းစက်တွေနဲ့ တင်းတိတ်တွေ လျှော့ပါး သက်သာစေဖို့

မျက်နှာပေါ်မှာ အမည်းစက်သေးသေးလေးတောင်မှ အထင်မခံချင်ကြပါဘူး။ အမည်းစက်ဆိုတာက နေရောင်ချည်ထိတွေ့တာကြောင့်လည်းဖြစ်နိုင်သလို၊ ကိုယ်ဝန်ဆောင်တာကြောင့်၊ သင်သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်နဲ့ အသည်းပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ သံပုယိုရည်

သံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ ပြီးရင် ဝါဂွမ်းနဲ့တို့ပြီးအမည်းစက် ရှိတဲ့နေရာမှာ လိမ်းပေးလိုက်ပါ ။ မိနစ် အနည်းငယ်လောက်ကြာရင် ရေဆေးချလိုက်ပါ။

Read more

ဖျာပုံခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ( ၇၃ ) နှစ်​​မြောက်​တပ်​မ​တော်​​နေ့အထိမ်းအမှတ်​ ( ၄ ) မြို့နယ်​ ဖိတ်​​ခေါ်ကျပန်းစကား​ပြောပြိုင်​ပွဲအခမ်းအနား ကျင်းပ

 

၂၇.၃.၂၀၁၈ ရက်နေ့ ဖျာပုံခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ( ၇၃ ) နှစ်​​မြောက်​တပ်​မ​တော်​​နေ့အထိမ်းအမှတ်​ ( ၄ ) မြို့နယ်​ ဖိတ်​​ခေါ်ကျပန်းစကား​ပြောပြိုင်​ပွဲအခမ်းအနားအား ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးသင်တန်းကျောင်းခန်းမတွင် ကျင်းပရာ ၁၂ ရပ်ကွက်မှ သားငယ် သမီးငယ်များက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် သီချင်းဖြင့် ဖွင့်လှစ်ကာ တိုင်းပါတီကော်မတီဝင် ဖျာပုံခရိုင်တာဝန်ခံ ဒေါ်စိုးစိုးရီမှ အဖွင့်အမှာစကားပြောကြာပြီး ခရိုင်ပါတီဥက္ကဌ ဦးစန်းမောင်မှ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းကာ ဒိုင်ချုပ်ပညာရေးအငြိမ်းစားဆရာကြီး ဦးအောင်မြင့်က ဒိုင်စည်းမျဉ်းများ ရှင်းလင်းပေးခဲ့ပါသည်။တစ်မြို့နယ်လျှင် ပြိုင်ပွဲဝင်စုစုပေါင်း ၃ ဦးဖြင့် စုစုပေါင်း ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲမစတင်မှီ ဖျာပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း လက်ကမ်းစာဆောင်များ ဝေဌခဲ့ပါသည်။

Read more

မယ်စဲ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

မယ်စဲ့မြို့၊ မတ်လ ၂၉

Read more

ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း (၂၈.၃.၂၀၁၈ မှ၂၉.၃.၂၀၁၈ထိ) ဖွင့်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင် တိုင်းပါတီကော်မတီဝင်များ ပြင်ဦးလွင် ခရိုင်ဥက္ကဌနှင့် ကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ/သားများ တက်ရောက်ခဲ့ပါကြပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းစည်းကမ်းများကို ဖတ်ကြားပြောကြာပြီးနောက် သင်တန်းဖွင့်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။

Read more

အုတ်တံတိုင်းကာရန်အတွက် နှစ်သိန်းလေးသောင်းကျပ် ပြည်ခိုင်ဖြိုး မိသားစု စုပေါင်းလှူဒါန်းကုသိုလ်ယူ

 

(၂၈.၃.၂၀၁၈) ရက်နေ့တွင်​ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အုန်းတုန်ရွာ အောင်ဓမ္မသစ္စာကျောင်းသို့  အုတ်တံတိုင်းကာရန်အတွက် ပြည်ခိုင်ဖြိုးမိသားစုနှင့် အတွင်းရေးမှူး ဦးထွန်းနိုင် မိသားစုတို့ မှစုပေါင်း၍ ငွေကျပ် (၂၄၀၀၀၀ိ/)၊ အချိုရည်များလှူဒါန်းခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီကော်မတီဝင် ဒေါ်သီင်္ဂီအောင်၊ ​ကျောက်​ဆည်​ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ စဉ့်​ကိုင်​မြို့နယ်အတွင်းရေးမှူး ဦးထွန်းနိုင်မိသားစုနှင့်မြို့နယ်ကော်မတီဝင်များ ရပ်ကျေးအဖွဲ့ များတက်ရောက်၍ စုပေါင်းလှူဒါန်းခဲ့ပါသည်။


Read more

စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သင်တန်းသားများနှင့်ရင်းနှီးစွာတွေ့ဆုံ

 

ရန်ကုန် မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး စမ်း ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင်ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်အနောက်ပိုင်း ခရိုင် စမ်းချောင်းမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝင်း(၂)၊ မြို့နယ်ဥက္ကဋ္ဌ ဦးဌေးအောင်၊မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီ ဝင်များသည် စက်ချုပ်သင်တန်းသူ များ၊ ကွန်ပျူတာ သင်တန်းသား သင်တန်းသူများနှင့် ရင်းနှီးပွင့်လင်း စွာတွေ့ဆုံ၍ အလုပ်အကိုင်အဆင် ပြေချောမွေ့စေရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ခရိုင်ပါတီကော် မတီဝင်ဒေါ်စန်းစန်းဝင်း(၂)၊မြို့နယ် ဥက္ကဋ္ဌ ဦးဌေးအောင်တို့က အမှာ စကားပြောကြားပြီး မုန့်/တောင် ရပ်ကွက်ပြည်သူဦးမျိုးဦး၏ကျန်းမာ ရေးအခက်အခဲအတွက်ကူညီထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။

Read more

တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာမှ မီးဘေးသင့်ပြည်သူများအား တိုင်းဒေသကြီး ခရိုင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီများစုပေါင်း၍ ဆန်ဆီနှင့်အလှူငွေများ ထပ်မံထောက်ပံ့ကူညီအားပေး

 

တံတားဦး မတ် ၂၈

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့ နယ် ခေါင်းကွဲရွာရှိ မီးဘေးသင့် ပြည်သူများအား မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများမှ စုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရွာသို့ သွားရောက် ကာ ဆန်ဆီနှင့်အလှူငွေများ ထပ်မံ ထောက်ပံ့ကူညီအားပေးခဲ့သည်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဝင်များက (၇၃)နှစ်မြောက် တပ်မတော်နေ့စစ်ကြောင်းကြီးများကို ဂုဏ်ပြုပန်းကုံး ပန်းစည်းများဖြင့်ကြိုဆို

 

နေပြည်တော် ဇေယျာသီရိမြို့ နယ်ရှိ တပ်မတော်စစ်ရေးပြကွင်း၌ ၂ဝ၁၈ခုနှစ် (၇၃)နှစ်မြောက် တပ်မ တော်နေ့ စစ်ရေးပြအခမ်းအနားကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပရာ စစ်ရေးပြစစ်ကြောင်း ကြီးများအလိုက် ပါဝင်ချီတက်လာ သော တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များအား ပြည် ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုး ပါတီဝင်များက ချီတက်ရာလမ်း ကြောင်းတစ်လျှောက်တွင် ဂုဏ်ပြု ပန်းစည်း၊ ပန်းကုံးများဖြင့် ကြိုဆို ခဲ့ကြသည်။

Read more