မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

 

ဖျာပုံ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ဖျာပုံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစန်းမောင်၊ခရိုင်ပါတီ အတွင်းရေးမှူး ဦးစောအောင်ချစ်ဆွေ၊ ခရိုင်ပါတီကော်မတီဝင် ဦးလှမိုး၊ ဖျာပုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမိုးအောင်၊ မြို့နယ်အတွင်း ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ကော်မတီဝင် ဦးပေါ်လွင်တို့ သည် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စု ရွှေထီးကျေးရွာတွင် ယမန်နေ့နံနက် ၁ဝနာရီခွဲကမီးဘေးသင့်အိမ်ထောင်စု ၃၆ စု အား တစ်အိမ်ထောင်စုလျှင် ခေါက်ဆွဲခြောက် တစ်ဖာ၊ရေသန့်တစ်ကတ်၊ ဆန်နှစ်ပြည်၊ ဆီ ၂၅ကျပ်သား တစ်ဘူးစီအား ကျေးရွာပြည်ခိုင်ဖြိုး ပါတီအဖွဲ့နှင့် ပူးပေါင်းပေးအပ်လှူဒါန်းကာ အားပေးစကားများ ပြောကြားခဲ့သည်။

Read more

သုံးခွပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်

 

သုံးခွ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီကကျင်းပရာ ရန်ကုန်တောင် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

Read more

ဒီဂီယာကိုလိုချင်ရင် စီရော်နယ်ဒိုနဲ့လဲမယ်

ရီးယဲလ်မက်ဒရစ်အသင်းမှာ အပြောင်းအရွှေ့ဈေးကွက်ရောက်တိုင်း မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူရန် အမြဲလိုကြိုးပမ်းလေ့ ရှိနေခြင်းနှင့်ပတ်သက်ပြီး မန်ယူနည်းပြ မော်ရင်ညိုက ပြန်လည် တုန့်ပြန်သွားခဲ့သည်။

၎င်းတို့အနေဖြင့် စီရော်နယ်ဒိုကို မိမိတို့အသင်းထံ စေလွှတ်ပေးမည်ဆိုပါက ဒီဂီယာကို ပြန်လည်စေလွှတ် ပေးသွားမည်ဟု မော်ရင်ညိုက ဆိုလိုက်သည်။ ဒီဂီယာမှာ လာမည့်ရာသီအကုန်တွင် မန်ယူအသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ မန်ယူအသင်းကလည်း စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသော်လည်း ဒီဂီယာ ဘက်မှ အချိန်စွဲသည့် အနေအထားမျိုး ရှိနေခြင်းကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

Read more

လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ စာဖြေသံဃာများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

ရန်ကုန် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးမြတ်စိုးနှင့်မြို့နယ်ပါတီကော်မတီဝင်များသည် ယနေ့နံနက် ၁ဝ နာရီက ပါဠိပထမပြန်စာမေးပွဲစာဖြေသံဃာတော် များအား လှည်းကူးငါးထပ်ကြီးရတနာ့ဗိမာန်ကျောင်းတိုက်တွင် တစ်နေ့တာနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ဆွမ်းဆက်ကပ်လှူဒန်းပွဲသို့ရန်ကုန်တိုင်းဒေသကြီးပါတီကော် မတီဝင်လှည်းကူးမြို့နယ်တာဝန်ခံ ဦးခင်မောင်တင့်တက်ရောက် လောင်းလှူခဲ့ကြောင်း သိရသည်။

တင်အောင်(လှည်းကူး

Read more

သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝါပဆွမ်းလောင်းလှူ

 

ရန်ကုန် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ် တို့အား သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေ၊ အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီကော်မတီဝင်များ၊ အမျိုးသမီးပရဟိတအဖွဲ့၊ လူငယ်ပရဟိတ အဖွဲ့၊အလုပ်သမား ပရဟိတအဖွဲ့များသည် ကြာသပတေးနေ့တိုင်း အပတ်စဉ် ဝါတွင်းဝါပ ဆွမ်း၊ဆွမ်းဟင်းနှင့်အချိုပွဲများကို စဉ်ဆက် မပြတ်လောင်းလှူခဲ့ရာ ယနေ့နံနက် ၉ နာရီတွင် သံဃာတော်များ အား ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူကုသိုလ်ယူခဲ့ကြောင်း သိရသည်။

Read more

မြောက်ကိုရီးယားနှင့် ပတ်သက်သည့် တိုးတက်မှု အားတက်ဟု ကုလအတွင်းရေးမှူးချုပ် ပြော

မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ လတ်တလော တိုးတက်မှုတွေကြောင့် အင်မတန် အားတက်ရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က မတ်လ ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒီသီတင်းပတ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ တရုတ်မြို့တော် ဘေကျင်းကို သွားခဲ့တာပါ။

တနင်္ဂနွေကနေ ဗုဒ္ဓဟူးထိ လေးရက်ကြာ တရားဝင်မဟုတ်တဲ့ အလည်အပတ် ခရီးစဉ်လို့ တရုတ်အစိုးရဘက်က ပြောပါတယ်။

Read more

ရုရှားနိုင်ငံ က အမေရိကန်နိုင်ငံ သံတမန်ဆိုင်ရာ ဝန်ထမ်းပေါင်း ၆၀ ကို ပြန်လည် ထွက်ခွာစေမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

အမေရိကန် နိုင်ငံ နိုင်ငံတော် အလံ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ မတ်လ ၃၀ ရက်

Read more

ဗင်နီဇွဲလား အကျဉ်းထောင် မီးလောင်မှုကြောင့် လူ ၆၈ ဦးထက်မနည်း သေဆုံး

ဗင်နီဇွဲလားနိုင်ငံတွင် အကျဉ်းထောင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆၈ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။

ကာရာဘိုဘို ပြည်နယ်ရှိ ဗလန်စီယာမြို့မှ အကျဉ်းထောင် မီးလောင်မှုတွင် လူ ၅ ဦးမျှ သေဆုံးကြောင်း အာဏာပိုင်များက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် အသေအပျောက် ပမာဏသည် ယင်းကြေညာချက်ထက် များစွာ ပိုများနေခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြကြသည်။

Read more

ကင်မ်ဂျုံအမ်းနှင့် သဘောတူညီမှုမရမချင်း တောင်ကိုရီးယားတို့နှင့် ကုန်သွယ်ရေးဆွေးနွေးမှုကို ဆိုင်းငံ့ထားမည် ဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ မတ် ၃၀

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် မြောက်ကိုရီးယားတို့ကို ပိုမိုဖိအားပေးနိုင်ရန် တောင်ကိုရီးယားတို့နှင့် ကုန်သွယ်ရေး ဆွေးနွေးမှု ကိစ္စကို ဆိုင်းငံ့ ထားမည်ဟု ကြာသာပတေးနေ့က ပြောခဲ့သည်။

“မြောက်ကိုရီးယားတို့နဲ့ သဘောတူညီမှုမရမချင်း ကျနော်ဟာ တောင်ကိုရီးယားတို့နဲ့ ကုန်သွယ်ရေးဆွေးနွေးမှုကို ရပ်တန့်ထားမှာ ဖြစ်ပါတယ်။ ဘာလို့လဲခင်ဗျားတို့ သိကြလား။ ဘာလို့လဲဆိုတော့ ဒါဟာအင်အား အရမ်းကောင်း တဲ့ ဖဲတစ်ချပ်ဖြစ်နေလို့ပါ” ဟု ဒေါ်နယ်ထရမ့်က တင်စားပြောဆိုခဲ့သည်။

Read more