ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လတ်တလောဖြစ်ပေါ်နေသည့်ကိစ္စရပ်များနှင့်ပတ်က်၍သတင်းစာရှင်းလင်းပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လက်တလောဖြစ်ပျက်နေသည့် လစာတိုးမြှင့်ခြင်းကိစ္စ၊ NVC ကတ်ကိစ္စနှင့် ငြိမ်းစုစီအရေးကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲအခမ်းအနားအား ရန်ကုန်မြို့ရှိ ပါတီရုံးတွင် ယနေ့နံနက် ၉နာရီ ၃၀ မိနစ်အချိန် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဗဟိုအလုပ်မှုဆောင် ဦးလှသိန်း၊ ဒေါက်တာပွင့်ဆန်း ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ဦးသိန်းထွန်းဦးတို့် တက်ရောက်ခဲ့သည်။

Read more

ဒိုင်လူကြီးကို တိရစ္ဆာန်နဲ့ ဘူဖွန်နှိုင်းခဲ့ပေမယ့် ဒါဟာပင်နယ်တီဘဲလို့ စီရော်နယ်ဒိုပြော

ဂျူဗင်တပ်အသင်းဂိုးသမား ဘူဖွန်က ရီးရဲလ်ကို ၃-၁ နဲ့ရှုံးခဲ့တဲ့ပွဲမှာ နောက်ကျပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာရဲ့ဆုံးဖြတ်ချက်ကို အပြင်းအထန်ဝေဖန်လိုက်ပြီး တိရိစ္ဆာန် တစ်ကောင်လိုပြုမူခဲ့တယ်လို့ ပြေလိုက်ပါတယ်။

အင်္ဂလိပ်ဒိုင်လူကြီးဖြစ်တဲ့ အိုလီဗာဟာ နာကျင်အချိန်ပိုမှာ ဗက်ဇ်ကွက်ကို ဘင်နာတီယာက ဖျက်တာကြမ်းလို့ဆိုပြီး ပင်နယ်တီပေးခဲ့လို့ အငြင်းပွားဖွယ်ဖြစ်ခဲ့တာပါ။ ဒီအချန်မှာဂျူဗင်တပ်က ၃ ဂိုးပြတ်နိုင်နေလို့ ပထမအကျော့ ရလဒ်အတိုင်း ဖြစ်ခဲ့သေးတာကြောင့် အချိန်ပိုဆက်ကစားရမယ်လို့ ထင်ခဲ့ကြသေးတာပါ။ ဒါကြောင့် အသက် ၄၀ ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာလည်း ဒေါသထွက်ပြီး အိုလီဗာကို ကိုယ်ထိလက်ရောက် ပြုမူခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါ သေးတယ်။

Read more

ရှားပါး ဒိုင်နိုဆော အရိုးစုနှစ်ခု ပြင်သစ်မှာ လေလံတင်ရောင်းချ

ဧပြီ ၁၂

ရှားပါးပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ဒိုင်နိုဆော အရိုးစု နှစ်ခုကို ပြင်သစ်နိုင်ငံ ပါရီမြို့က လေလံပွဲတစ်ခုမှာ တစ်ခုကို ယူရို ၁ ဒသမ ၄ သန်းကျော်စီနဲ့ လေလံတင်   ရောင်းချလိုက်နိုင်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါလေလံပွဲကိုတော့ ယမန်နေ့ ဧပြီ ၁၁ ရက်နေ့လည်က ပါရီမြို့ လေလံကုမ္ပဏီ Druout မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Read more

ဘရာဇီးနိုင်ငံမြောက်ပိုင်းရှိ အကျဉ်းထောင်၌ ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်း၊ ၂၁ ဦးသေဆုံး

ဘရာဇီးနိုင်ငံမြောက်ပိုင်း ဘီလမ်မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားအများအပြားက အစုလိုက် အပြုံလိုက် ထောင်ဖောက် ထွက်ပြေးနိုင်ရန် ကြိုးပမ်းကြရာမှ လူပေါင်း ၂၁ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း၊ ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၁၁ ရက်တွင် သတင်းထုတ်ပြန် သည်။

အကျဉ်းသားများသည် အကျဉ်းထောင်အပြင်ဘက်ရှိ လက်နက်ကိုင်အုပ်စုတစ်ခု၏အကူအညီဖြင့် ထောင်ဖောက် ထွက်ပြေးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ အကျဉ်းထောင်၏နံရံကို အပြင်ဘက်မှ ဖောက်ခွဲဖျက်ဆီးကာ အကျဉ်းသမား များ ထွက်ပြေးလွတ်မြောက်နိုင်စေရေးအတွက် လက်နက် ကိုင်အုပ်စုတစ်စုက အားပေးကူညီခဲ့သည်။

Read more

ရှေးဟောင်းကြေးရေကရားအိုး ရောင်းချမှု တရုတ်ကန့်ကွက်

ဒီကရားအိုးကို Tiger Yingလို့ အမည်ပေးထားတယ်

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀ဝနဲ့ ၃၆၀၀ကြားက ပြုလုပ်ခဲ့တဲ့ တရုတ်ရဲ့ ရှားပါး ရှေးဟောင်း ကြေးရေကရားအိုးကို တရုတ်အစိုးရက ကန့်ကွက်နေတဲ့ကြားက ဗြိတိန်နိုင်ငံက လေလံပွဲ တခုမှာ ရောင်းချလိုက်ပါတယ်။

Read more

အယ်လ်ဂျီးရီးယားစစ်လေယာဉ် ပျက်ကျ လူ ၂၅၇ဦး သေဆုံး

အယ်လ်ဂျီးရီးယားနိုင်ငံမှာ စစ်သားတွေ လိုက်ပါလာတဲ့ စစ်လေယာဉ်တစင်း ပျက်ကျရာက လူ ၂၅၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ မြို့တော် Algiers ရဲ့ အနောက်တောင်ဘက် ၂၅ ကီလိုမီတာ အကွာ Boufarik လေတပ် အခြေစိုက်စခန်းအနီး လေယာဉ်ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့တာလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

Read more

လက်ဝှေ့ကျော် မေဝဲသာနှင့် ကော်နာမက်ဂရီဂေါ် ထပ်မံထိုးသတ်ရန် ပြင်ဆင်

နာမည်ကြီး လက်ဝှေ့အကျော်အမော် မေဝဲသာဟာ ယူအက်ဖ်စီ နာမည်ကျော် ကော်နာမက်ဂရီဂေါ်နဲ့ သံဆန်ခါပတ်လည်ကွင်းမှာ ထပ်မံထိုးသတ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ထိုးသတ်ကြေး အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိတဲ့ ပွဲအတွက် မေဝဲသာဟာ ကြိုတင်လေ့ကျင့်နေသလို ထိုးသတ်ဖြစ်ဖို့လည်း အတည်ပြုထားခဲ့ပါတယ်။

ပထမတကြိမ် လက်ဝှေ့ကြိုးဝိုင်းမှာ ရှုံးနိမ့်ထားခဲ့တဲ့ မက်ဂရီဂေါ်ဟာ သံဆန်ခါထိုးသတ်ကွင်းထဲမှာတော့ အနိုင်ပြန်ရဖို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

Read more

မိမိအားကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင်ကို ဂွာဒီယိုလာ ဝေဖန်

မန်စီးတီးနည်းပြ ဂွာဒီယိုလာက လီဗာပူးကို အိမ်ကွင်းရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွင် ကိုင်တွယ်ခဲ့သည့်ကွင်းလယ်ဒိုင် မာတီယူလာဟော့ဇ်ကို ဝေဖန်လိုက်သည်။

အဆိုပါပွဲစဉ်တွင် ဂွာဒီယိုလာက ဆာနေး၏သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ရာတွင် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ မိမိအားကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင်မှာ ပြီးခဲ့ရာသီမိုနာကို နှင့်တွေ့ဆုံခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း ရသင့်သည့် ပင်နယ်တီကို ငြင်းပယ်ခဲ့ခြင်းကြောင့် ကွင်းလယ်ဒိုင်မာတီ ယူလာဟော့ဇ်အကောင်းကို သိရှိထားပြီးဖြစ်သည်ဟု လည်း ဆိုခဲ့သည်။

Read more

ရိုးမားကိုရှုံးနိမ့်ခဲ့မှုအတွက် ဘာစီလိုနာအသင်းပရိသတ်တွေကို ဥက္ကဌ ဘာတိုမြူ တောင်းပန်

ရိုးမားကို အံ့အားသင့်ရလောက်အောင် ရှုံးခဲ့ရတဲ့ပွဲအတွက် ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူက သူ့အသင်း ပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပထမအကျော့က နူးကမ့်ကွင်းမှာ ရိုးမားကို (၄-၁)နဲ့ ဂိုးပြတ်နဲ့ နိုင်ခဲ့ပေမယ့် ဒုတိယ အကျော့မှာ (၃-၀)နဲ့ ရှုံးခဲ့တာကြောင့် အဝေးဂိုးစည်းမျဥ်းအရ ကွာတားဖိုင်နယ်ကနေပဲ ထွက်လိုက်ရပါတယ်။

ဒီရလဒ်ကြောင့် နည်းပြ ဗယ်ဗာဒီရဲ့ အနာဂတ်ကလည်း လာမယ့်ရာသီအထိ ဘာစီလိုနာမှာ ဆက်ရှိဖို့ မသေချာတော့ဘူးလို့ သတင်းထွက်လာပါတယ်။

Read more

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ပြည်ပနည်းပြအဖွဲ့လိုက် ခန့်အပ်ရန် စီစဉ်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် နည်းပြချုပ်အပြင် လက်ထောက်နည်းပြ၊ ကြံ့ခိုင်ရေးနည်းပြ၊ ဂိုးနည်းပြတို့ ပါဝင်မည့် ပြည်ပနည်းပြ အဖွဲ့လိုက်ခန့်အပ်ရန် စီစဉ်ထားကြောင်း ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

လက်ရှိတွင် မြန်မာ့လက်ရွေး စင်အသင်း နည်းပြချုပ်ရာထူးအတွက် ဂျာမနီ၊ ဘရာဇီး၊ ဆားဘီးယား၊ မွန်တီနီဂရိုး၊ မက်ဆီဒိုးနီးယားနိုင်ငံမှ နည်းပြ ၃၀ ခန့် လျှောက်ထားကြောင်း ၎င်းက ဆိုသည်။

Read more