အီဘိုလာရောဂါ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း ကွန်ဂို အစိုးရ အတည်ပြု ထုတ်ပြန်

ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ကာလဝမ်းရောဂါ ပျံ့နှံ့ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း အစိုးရက အတည်ပြု ကြေညာလိုက်သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ပြင်းထန်သည့် အီဘိုလာ ဗိုင်းရစ်ပ်ပိုးသည် ကွန်ဂိုတွင် ခေါင်းထောင်လာကြောင်း မေလ ၈ ရက်က အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။

Read more

မလေးရှားမှာ မဟာသီယာ တကျော့ပြန် အောင်ပွဲခံ

အသက် (၉၂)နှစ်အရွယ် အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း Mahathir Mohamad

ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ မလေးရှား အထွေထွေရွေးကောက်ပွဲမှာ အသက် (၉၂)နှစ်အရွယ် အတိုက်အခံ ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း Mahathir Mohamad ပြန်ပြီး အနိုင်ရရှိသွားတဲ့အတွက် ကမ္ဘာက အံသြသင့်ခဲ့ပါတယ်။

Read more

ရပ်ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျင်းပ

 

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ ၈ ရက်နေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရပ်ကွက်နှင့်ကျေးရွာပါတီစည်းရုံးရေးမှူး များအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းတက်ရောက်ကာ လမ်းညွှန်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်းမှ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရပ်ကျေးပါတီဥက္ကဋ္ဌများအား ဗဟိုအလုပ်အမှူဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ တို့မှ တာဝန်ပေးအပ်လွှာများအားပေးအပ်ကြရာ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများမှ တစ်ဦးချင်း လက်ခံရယူသည်။
ယင်းနောက် ဗဟိုအလုပ်အမှူဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲပြီးမြောက်သည်။
အဆိုပါ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ဗဟိုအလုပ်အမှူဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ၊ ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများတက်ရောက်ကြသည်။

Read more

တစ်နေ့ကို ကြက်ဥ ၂ လုံးစားခြင်းဖြင့် ခန္ဒာကိုယ် အစိတ်အပိုင်းတွေ ဘယ်လိုပြောင်းလဲလာမလဲ –

(1)ဦးနှောက်စွမ်းရည်တိုးတက်ခြင်း

ဦးနှောက်ဆဲလ်များကို ဆက်သွယ်စေသော ဖော်စဖိုလစ်ပစ်ခေါ်အဆီများတွင် Choline ဓာတ်ပါဝင်ပါတယ်။ ကြက်ဥမှာ ထိုCholineဓာတ်ပေါများစွာပါရှိပါတယ်။ ထိုဓာတ်နည်းပါးပါက မှတ်ဥာဏ် လျော့နည်းလာစေပါတယ်။

(2)အမြင်အာရုံကောင်းစေခြင်း

ကြက်ဥတွင်ပါဝင်သော Luteinဓာတ်က အမြင်အာရုံကို ကောင်းမွန်စေလို့ နေ့စဉ်ကြက်ဥပုံမှန်စားပါက မျက်စိ ဝေဒနာများ လျော့ပါးလာမှာပါ။

(3)အရိုးများအတွက်အာဟာရ

Read more

ကျောက်ကပ်ကို နံနံပင်နဲ့ ပြုလုပ်ထားတဲ့ သဘာဝဆေးနဲ့ ဆေးကြောမယ်

ကျောက်ကပ်က သွေးထဲရှိ အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားပေးပါတယ်။ တိုးတက်ဖွံ့ဖြိုးလာတဲ့အမျှ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေ ကျင့်သုံးလာတဲ့အတွက်ကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ အဆိပ် အတောက်တွေစုပြုံလာပါတယ်။ ဒါကြောင့် ဒီခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ လိုအပ်လာ ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ အဆိပ်အတောက်တွေများလာရင် ကျောက်ကပ် ပျက်စီးတာ တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သဘာဝနည်းဖြင့် ကျောက်ကပ်ကို ဆေးပေးဖို့လိုအပ်ပါတယ်။ နံနံပင်ကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေကို ဖယ်ရှားဖို့ အကောင်းဆုံးဘဲ ဖြစ်ပါတယ်။

Read more

မြန်မာကို ICC တင်ဖို့ လူ့အခွင့်ရေး အဖွဲ့တွေ တောင်းဆို

ရိုဟင်ဂျာမူဆလင်တွေအပေါ် လူသားမဆန်တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မြန်မာကို နိုင်ငံတကာ ပြစ်မှုတရားရုံး ICC ကို အမြန်ဆုံး တင်ပြဖို့ လူ့အခွင့်အရေးအဖွဲ့ ၄ ခုက ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ကို တိုက်တွန်းလိုက်ကြပါတယ်။ Amnesty International, Human Rights Watch, Global Center for Responsibility to Protect နဲ့ Fortify Rights စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆောင်ရွက်နေကြတဲ့ အဖွဲ့တွေက အင်္ဂါနေ့က ပူးပေါင်း တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

Read more

ရန်ကုန်ဘတ်(စ်)ကား ငွေပေးချေမှုကို ကတ်စနစ်ဖြင့်အသုံးပြုနိုင်ရန် ဆောင်ရွက်နေ

 

ရန်ကုန်မြို့တွင်း ဘတ်(စ်)ကားတွေရဲ့ငွေပေးချေမှုကို ကတ်စနစ်နဲ့ပေးနိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ မေလ ၇ ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကနေ သိရတာ ဖြစ်ပါတယ်။

ရန်ကုန်ဘတ်(စ်)ကား ဝန်ဆောင်မှုအတွက် ယာဉ်စီးခပေးချေမှုကို ကတ်စနစ်ပေးချေနိုင်ဖို့အတွက် ဆောင်ရွက် နိုင်မယ့် ကုမ္ပဏီကိုရွေးချယ်ပြီးတော့ အမြန်အသုံးပြုနိုင်ဖို့အတွက် ဆောင်ရွက်နေ တယ်လို့ လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့တာဖြစ်ပါတယ်။

Read more

Huawei P20 နှင့် P20 Pro မေလအတွင်း မြန်မာပြည်ဈေးကွက်သို့ ရောက်ရှိမည်

ကျောဘက်မှာ Leica Camera နှစ်လုံးပါဝင်တဲ့ Huawei P20 နှင့် Leica Camera သုံးလုံးပါဝင်တဲ့ Huawei P20 Pro တို့ကို မြန်မာပြည်ဈေးကွက်အတွင်း မေလစတုတ္ထပတ်မှာ စတင် ဝယ်ယူနိုင်မယ်လို့ Huawei Myanmar ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Read more

မဲဆန္ဒနယ် ၁၃ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာမှာ ကျင်းပမယ်

၂၀၁၈ ခုနှစ်နိုဝင်ဘာ ၃ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ သက်ဆိုင်ရာ မြို့နယ် ၁၂ ခုက မဲဆန္ဒနယ် ၁၂ နေရာနဲ့ မန္တလေးတိုင်းဒေသကြီးက ရှမ်းတိုင်းရင်းသားများ လူမျိုး မဲဆန္ဒနယ်စတဲ့ မဲဆန္ဒနယ် ၁၃ ခုမှာ ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

Read more