လီအန်ဒရိုနှင့် ပွဲအတွက် နည်းစနစ်ပိုင်း ပြောင်းလဲ လေ့ကျင့်နေကြောင်း အောင်လအန်ဆန် ဖွင့်ဟ

ရန်ကုန် မေ ၁၆

ဇူလိုင်လတွင်ယှဉ်ပြိုင်မည့် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲအတွက် စိန်ခေါ်သူ လီအန်ဒရိုနှင့် ပတ်သက်ပြီး နည်းစနစ်ပိုင်း ပြောင်းလဲလေ့ကျင့်မှု ပြုလုပ်နေကြောင်း အောင် လအန်ဆန်က ပြောသည်။

Read more

လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာ ကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်

 

မ​ကွေး၊ ​မေ ၊ ၁၇

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးတိုင်း​ဒေသကြီးပါတီ လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း၀၀ နာရီမှ စတင်​၍ တိုင်း​​ဒေသကြီးပါတီ ‌အစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ တိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်းလူငယ်​​ရေးရာတာဝန်​ခံ ဦး​ကျော်​သူဦး၊ တိုင်းပါတီ​ကော်
မတီဝင်​ ဦး​စောဝင်း​မောင်​၊ မ​ကွေးခရိုင်​ပါတီ ဥက္ကဌ ဦးထွန်းရှိန်​၊ ခရိုင်​ကော်​မတီဝင်​ ဦး​အောင်​နိုင်​၊ မ​ကွေး၊ ​​တောင်​တွင်းကြီး၊ မင်းဘူးမြို့နယ်​တို့မှ အခမ်းအနား
ကျင်းပ​ရေး အဖွဲ့ဝင်​များ တက်ေ​ရာက်​​ဆွေး​နွေး​ ညှိနှိုင်း​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းနှင့်​ အဆိုပါလူငယ်​နှီး​နှောဖလှယ်​ပွဲကို ယခုလ ၂၂ ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​ သွားမည်​ဖြစ်​​ကြောင်း သိရှိရသည်​။

Read more

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီအဖွဲ့ပါတီဝင်အသစ်ရရှိရေး သွားရောက် စည်းရုံး ဆောင်ရွက်

 

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးနှင့် ပါတီကော်မတီဝင် များသည် ယနေ့ နံက် (၁၀း၃၀)တွင် လက်ခုပ်ပင်ကျေးရွာအုပ်စု ရေပူအင်း ကျေးရွာရှိ ပါတီဝင်အသစ်များနှင့် တွေ့ဆုံ၍ ကျေးရွာ ရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ မတည်ဆောက်လုပ်ပေးခဲ့သည့် ကိုယ်ထူကိုယ်ထ တွဲဘက် အမက ကျောင်းဆောင် အတွက် လိုအပ်ချက်များ တွေ့ဆုံ မေးမြန်း ညှိနှိုင်း ခဲ့ကြပါသည်။

Read more

ကျောက်မဲပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ ကျန်းမာရေးစောက်ရှောက်မှုပြုလုပ်

 

ကျောက်မဲမြို့ ( ၈ ) ရပ်ကွက် သန္တိသုခဓမ္မာရုံတွင်အောင်မင်္ဂလာကျန်းမာရေးစောင့်ရှောက်မှုပရဟိတအသင်း နှင့် ဇီဝိတလူမှုကူညီရေးအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ အထွေထွေရောဂါကုဆေးခန်း မှ ယနေ့ ၂၀၁၈ မေလ ၁၆ ရက်နေ့တွင် သံဃာတော်များအပါအဝင် လူနာပေါင်း ၂၁ ဦး ကိုအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည် ။

Read more

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရွာဝင်လမ်းပြုပြင်ရန် ငွေလှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူးလျက် ညောင်ဝိုင်းကျေးရွာမှ ပါတီဝင် များ တွေ့ဆုံပွဲနှင့် ရွာအဝင်လမ်းအတွက် ငွေလှူ ဒါန်းပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မအူပင် မြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု ညောင်ဝိုင်း ကျေးရွာပါတီဝင် ဦးမြင့်ဌေး၏နေအိမ်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး စည်းရုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်သုံးသပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ် သင်တန်းကျောင်းခန်းမဆောင်၌ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်ကျင်းပသော စည်းရုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်သုံးသပ်ခြင်း အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် အစုအဖွဲ့ခေါင်းဆောင်များမှ မိမိတို့တာဝန်ယူထားသည့် စာတမ်းခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေးက တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးကာ လိုအပ်ချက်များ ဖြည့်စွက်မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Read more

နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်ရေး ဂျပန်လွှတ်တော်က ဥပဒေသစ်ပြဋ္ဌာန်း

ဂျပန်နိုင်ငံ၌ ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှုကို မြှင့်တင် အားပေးမည့် ဥပဒေတစ်ရပ် ပေါ်ထွန်းလာပြီဖြစ်ကြောင်း၊ နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု နည်းပါးနေဆဲဖြစ်သော ဂျပန်နိုင်ငံ၌ အမျိုးသားနှင့် အမျိုးသမီး သာတူညီမျှမှုရှိရေးအတွက် ယင်းဥပဒေမှာ အရေးကြီးလှကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ယနေ့တွင် သတင်းထုတ်ပြန်သည်။

Read more

ရုရှား-ခရိုင်းမီးယား တံတားသစ်ကို သမ္မတပူတင် ကိုယ်တိုင် ကားမောင်းပြီး စစ်ဆေးကြည့်ရှု

မေ ၁၇

ရုရှားနဲ့ ခရိုင်းမီးယားဒေသအကြား ချိတ်ဆက်တည်ဆောက်ထားတဲ့ တံတားသစ်တစ်စင်း ဖွင့်ပွဲအခမ်းအနားကို မေလ ၁၅ ရက်နေ့က ကျင်းပခဲ့ရာမှာတော့ သမ္မတ ဗလာဒီမာ ပူတင် လာရောက်ဖွင့်လှစ်ပေးသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့  သမ္မတ ပူတင်ဟာ ထရပ်ကားတစ်စီးကို ကိုယ်တိုင်တက်ရောက်မောင်းနှင်ပြီး အဆိုပါ တံတားသစ်ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

Read more