ဖိလစ်ပိုင် တရားသူကြီးချုပ် ထုတ်ပယ်ခံရမှု ဆီးနိတ်အမတ်များ မကျေနပ်

ဖိလစ်ပိုင် တရားရုံးချုပ်က ထုတ်ပယ်ခံရတဲ့ တရားသူကြီးချုပ် ကိစ္စနဲ့ပတ်သက်ပြီး ဒါဟာ အလွန်အန္တရာယ်ကြီးတဲ့ မကောင်းတဲ့ အစဉ်အလာဖြစ်တာကြောင့် ပြန်လည်စဉ်းစားပေးဖို့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် တဝက်ကျော်က တရားရုံးချုပ်ကို စာရေးပန်ကြားလိုက်ပါတယ်။

ဖိလစ်ပိုင် အထက်လွှတ်တော်မှာ အမတ် ၂၃ ဦးရှိတဲ့အနက် ၁၄ ဦးက ကြာသာပတေးနေ့က လက်မှတ်ရေးထိုး စာပေးပို့လိုက်တာဖြစ်ပါတယ်။ သူတို့ထဲမှာ ၈ ဦးဟာ သမ္မတ Duterte ပါတီက ဖြစ်ကြပါတယ်။

Read more

သင်မသိသေးတဲ့ ရှောက်သီးရဲ့ ကျန်းမာရေး အတွက်ရော အလှအပ အတွက်ပါ အသုံးဝင်တဲ့ အချက်များ

အများကြီးအထောက်အကူပြုတယ်ဆိုတာတော့ သိထားပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ သစ်သီးတွေများစွာထဲက မှာ ရှောက်သီးက ခန္ဓာကိုယ်အတွင်းပိုင်းရော၊ အပြင်ပိုင်းရောသာမကပဲ အသားအရေ ကျန်းမာလှပဖို့အတွက်လည်း အများကြီးအထောက်အကူပြုနေပါတယ်။ ရှောက်သီးကို သင့်ရဲ့နေ့စဉ်စားသောက်နေထိုင်တဲ့ အချိန်ဇယားထဲမှာ မပါမဖြစ်ထည့်ထားပေးလိုက်မယ် ဆိုရင်တော့ ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

Read more

P60 Chipset နဲ့ ၆ လက်မ Screen ပါဝင်တဲ့ Oppo Realme1

OPPO ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Realme1 ရဲ့ပထမဆုံးဖုန်းကို Amazon India ကနေ ရောင်းချသွားမယ်လို့ သိရပါတယ်။ Realme1 မှာ စိတ်ဝင်စားဖွယ်ရာ spec တွေပါဝင်သလို ဆွဲဆောင်မှု ပိုရှိတဲ့ Diamond Black ဒီဇိုင်းနဲ့ ရရှိနိုင်ပါတယ်။

Read more

မျက်နှာပြင်ကနေ ကိုယ်ထည်အချိုး ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး Selfie ကင်မရာ 24MP ပါဝင်လာတဲ့ Vivo X21i

ဓာတ်ပုံများစွာ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Vivo x21i ကို အခုအခါ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Vivo X21i ဟာ Vivo X21 ရဲ့ဒီဇိုင်းအပြင် hardware နဲ့ feature တွေနဲ့လည်း နီးစပ်မှုရှိပါတယ်။ Vivo X21i ရဲ့ အပြောင်းအလဲတချို့ကတော့ X21 ကလို Snapdragon 660 အသုံးမပြုထားဘဲ MediaTek ရဲ့ Helio P60 အသုံးပြုထားပြီး ရှေ့ကင်မရာကို 12MP ကနေ 24MP အထိမြှင့်တင်ခဲ့ပါတယ်။ ။ Vivo အနေနဲ့ X21i စမတ်ဖုန်းကို selfie အသားပေးစမတ်ဖုန်းအဖြစ် ဖန်တီးခဲ့ပါတယ်။

Read more

သုံးကြိမ်ခန့်ရွှေ့ဆိုင်းထားသော ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မေလကုန်တွင်ကျင်းပရန်မသေချာ

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မေလကုန်တွင် ကျင်းပရန် သဘောတူထားသော်လည်း လက်ရှိငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အခြေအနေများအရ သတ်မှတ်ချိန်အတိုင်း ကျင်းပရန် မသေချာကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များက ပြောသည်။ ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်၌ ကျင်းပသည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်များ၏ NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ၌ ၂၁ရာစု ပင်လုံကို ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် ကျင်းပရန် သဘောတူခဲ့ သည်။ သို့သော် အဆင်သင့်မဖြစ်၍ မေလကုန်တွင် ကျင်းပရန် ဧပြီလလယ်က နေပြည်တော်၌ ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော ဆွေးနွေးပွဲ၌ သဘောတူခဲ့ပြန်သည်။

Read more

ကချင်နှင့် ရှမ်းမြောက်ပဋိပက္ခတွင်ပါဝင်သည့်အဖွဲ့များ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လိုက်နာရန် ကုလတိုက်တွန်း

ကချင်နှင့်ရှမ်းမြောက်တွင် ဖြစ်ပွားသော ပဋိပက္ခများနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ အနေဖြင့် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို အပြည့်အဝ လေးစားလိုက်နာကျင့်သုံးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်း လိုက်သည်။ ဂါဇာ၊ ဘူရွန်ဒီနှင့် မြန်မာ နိုင်ငံ၏ ဒေသတွင်းအခြေအနေ များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံး၏ မေလ ၁၅ ရက် သတင်း ထုတ်ပြန်ချက်တွင် ထိုသို့ဖော်ပြခဲ့ သည်။

Read more

မြန်မာကို နိုင်ငံတကာဖိအားပေးမှုများ မြင့်မားလာစေရန် ဘင်္ဂလားဒေ့ရှ်က မဟုတ်မမှန်ပြောကြားနေဟု မြန်မာ သံအမတ်ကြီး တုံ့ပြန်

မြန်မာနိုင်ငံကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချစေရန်နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ မြင့်မားလာစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မဟုတ်မမှန်ပြောကြား၍ မြန်မာအစိုးရနှင့် ပြည်သူများကို ပုတ်ခတ် ဝေဖန်နေသည်ဟု မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်ရှင်းလင်းပွဲ၌ တုံ့ပြန်ခဲ့သည်။

Read more

ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ပါက လီဗာပူး ကစားသမားတိုင်း ယူရိုနှစ်သိန်း ဆုကြေးရမည်

မေလ ၂၆ ရက်တွင် ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ ၂ နှစ်ဆက်ချန်ပီယံ ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ဗိုလ်လု ပွဲတွင် လီဗာပူးအနိုင်ရပါက အသင်းသားတစ်ဦးလျှင် ဆုကြေးယူရိုနှစ်သိန်းစီ ရရှိမည်ဖြစ်သည်။

ရီးရဲလ်သည် ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက်တိုက်ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း ရီးရဲလ်အသင်း ခေါင်းဆောင် ရာမို့စ် က ပြောသည်။

Read more

ဂရစ်မန်းရဲ့ သွင်းဂိုးတွေနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်

မနေ့ညက အက်သလက်တီကိုမက်ဒရစ်အသင်းက မာဆေးလ်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ် ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒီယေဂိုဆီမြွန်နီနဲ့ အက်သလက်တီကို အသင်းတို့ရဲ့ နောက်ထပ် အောင်မြင်မှု တစ်ခုဖြစ်သလို စပိန်ကလပ်တွေရဲ့ ယူရိုပါလိဂ်အောင်မြင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

ဥရောပဖလားပြိုင်(ယူရိုပါလိဂ်+ချန်ပီယံလိဂ်)မှာ ဖလားရခဲ့တဲ့ နောက်ဆုံး (၉) သင်းမှာ (၈) သတင်းက စပိန်အသင်းတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်သာ ဖလားရ ခဲ့ရင်တော့ ဥရောပ ဖလားပြိုင်တွေရဲ့ နောက်ဆုံး (၁၀) ကြိမ်မှာ စပိန်အသင်းတွေက (၉)ကြိမ်အထိ ဖလားရတော့မှာ ဖြစ်ပါတယ်။

Read more

စပိန်ဂရင်းပရီဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဟာမီတန် အနိုင်ရဗိုလ်စွဲ

ဘာစီလိုနာမြို့မှာ မေလ(၁၃)ရက်က ကျင်းပတဲ့ စပိန်ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ မာစီဒီးအသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ လူးဝစ်ဟာမီတန် အနိုင်ရဗိုလ်စွဲသွားပါတယ်။

ဒီပြိုင်ပွဲက(၃၀၇ဒသမ၁၀၄) ကီလိုမီတာအရှည်ရှိတဲ့ ဘာစီလိုနာကားပြိုင်ကွင်းကို (၆၆)ပတ်မောင်းရတာဖြစ်ပြီး ဟာမီတန်က(၁)နာရီ(၃၅)မိနစ်(၂၉ဒသမ၉၇၂)စက္ကန့်နဲ့ ပထမရပါတယ်။

ဟာမီတန်အနေနဲ့ ဒီဘာစီလိုနာဂရင်းပရီမှာ တတိယအကြိမ် အောင်ပွဲခံသွားတာဖြစ်သလို သူ့ပြိုင်ပွဲဝင်သက်တမ်း တစ်လျှောက်မှာတော့ ဂရင်းပရီချန်ပီယံဆုကို (၆၄)ခုမြောက် ရတာဖြစ်ပါတယ်။ ဒုတိယဆုကိုလည်း သူ့မာစီဒီး အသင်းဖော်ဖြစ်တဲ့ ဖင်လန်နိုင်ငံသား ဒရိုင်ဗာဗယ်တာရီဘော့တက်က (၂၀ဒသမ၅၉၃)စက္ကန့်အကွာနဲ့ ရပါတယ်။ ရက်ဘူးအသင်းရဲ့ နယ်သာလန်ဒရိုင်ဗာ မက်ဗာစတက်ပန်ကတော့ (၂၆ဒသမ၈၇၃)စက္ကန့်အကွာနဲ့ တတိယ ရပါတယ်။

Read more