မြန်မာနိုင်ငံတွင် ပြည်တွင်း ခရီးစဉ်များ ပျံသန်းရန် ဆွေးနွေးမှုကို AirAsia ရပ်ဆိုင်း

မြန်မာနိုင်ငံတွင် ပြည်တွင်း လေကြောင်း ခရီးစဉ်များ ပျံသန်းရန် ဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း AirAsia လေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

AirAsia၏ အမှုဆောင်ချုပ် တိုနီဖာနန်ဒက်စ်က မြန်မာဖက်မှ မိတ်ဖက် လုပ်ငန်းစု တစ်ခုနှင့် ပူးပေါင်း၍ ပြည်တွင်း လေကြောင်းလိုင်း ထူထောင်ရန် ဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီဟု မေလ ၁၅ ရက်က ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီကော်မတီဝင် ဦးမျိုးမြင့်နှင့်အဖွဲ့များမှ ဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းသား/သင်တန်းသူများအား မုန့်များလှူဒါန်း

 

၁၅-၅-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီတိုင်းပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း ၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်းတို့သည် ချမ်းအေးသာစံမြို့နယ် ငြိမ်းချမ်းရေးကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော် ဦးနရိန္ဒ အားဖူးမျှော်ကာ ကျောင်းတိုက်အတွင်း ဆရာတော် ဦးနရိန္ဒ ဦးစီးဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ်နှင့်ယဉ်ကျေးလိမ္မာသင်တန်းသား/သင်တန်းသူများအား အဟာရမုန့်များကျွေးမွေးလှူ ဒါန်းခဲ့ပါသည်။
ငြိမ်းချမ်းရေးကျောင်းတိုက်တွင် ဓမ္မစကူးလ်နှင့်ယဉ်ကျေးလိမ္မာသင်တန်းအားဆရာတော် ဦးနရိန္ဒမှ ဦးစီး၍ နေ့စဉ် နေ့လည် ၁ နာရီမှ ညနေ ၅ နာရီထိဖွင့်လှစ်ပြီး သင်တန်းသား/သင်တန်းသူ ၁၅၀ ဦးတို့တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။

Read more

ဆတ်ရိုးကျမြို့သစ်ရပ်ကွက် အကွက်(၁)တွင် မီးလောင်ဆုံးရှုံးခဲ့သော အိမ်ထောင်စုများသို့ ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများနှင့် အ၀တ်အထည်များ သွားရောက်လှူဒါန်း

 

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျမြို့သစ်ရပ်ကွက် အကွက် (၁) တွင် ၁၅-၅-၂၀၁၈ ရက်နေ့ နေ့လည် (၁၁း၂၀) နာရီအချိန်ခန့်တွင် ချို့ယွင်ပျက်စီးနေသော မီးခလုပ်မှ ၂၀၀၀ W ဒီဂျယ်တယ်မီးဖိုနှင့် ထမင်းပေါင်းအိုး အသုံးပြုရာမှ လျှပ်စစ်မီးကြိုးအပူလွန်ကဲ့၍ မီးလောင်းမှုတစ်ခုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်းမှုကြောင်းသွပ်မိုး၊ ၀ါးကာ၊ ပျဉ်ခင်း လူနေအိမ် (၁၅)လုံး မီးလောင်ကျွမ်းခဲ့ပြီး ဖြိုဖျက်နေအိမ်(၂)လုံး စုစုပေါင်းနေအိမ်(၁၇)လုံး အိမ်ထောင်စု(၁၇)စု ကျား (၄၈)ဦး၊ မ(၄၂)ဦး စုစုပေါင်း(၉၀)ဦး နီစပ်ရာဆွေ မျိုးများနေအိမ်နှင့် ဆတ်ရိုးကျရပ်ကွက် ဓမ္မာရုံ၌ ယာယီခိုလှုံလျှက်ရှိရာ အဆိုပါနေရာများသို့ ¤င်းနေ့ ညနေ (၄း၃၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဦးစန်းငွေ ဦးဆောင်ပြီး စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှသွားရောက်ကာ မီးလောင်ကျွမ်းခံခဲ့ရသော အိမ်ထောင်စု တစ်စုလျှင် ငွေ (၁၀၀၀၀ိ)ကျပ်စီနှင့် အ၀တ်အထည်များလှူဒါန်းခဲ့ကြပါသည်။

Read more

ရခိုင်​​ဒေသကမွတ်​စလင်​များ သုံးစွဲခြင်းကို ပြည်ခိုင်ဖြိုးပါတီ ပြင်းထန်စွာကန့်ကွက်

 

ရန်​ကုန်၊​ ​မေ ၁၅

Read more

ပန်းတောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ပန်းတောင်း မေ ၁၅

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီကော်မတီဝင်များ၏ လစဉ် ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

Read more

တရားရိပ်သာကျောင်းဆောက်လုပ်ရန် ဆိပ်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်မိသားစုမှ ကျပ်သိန်း ၁ဝဝလှူဒါန်း

 

ဆိတ်ဖြူ မေ ၁၅

ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာ ဆရာတော်ဦးသုဂန္ဒကျောင်း တွင် တရားရိပ်သာဆောက်လုပ်ရန်အတွက် ဝါဇီမြို့သစ်တိုက်ကျောင်း ဆရာတော်ကြီးအားအမှူးထား၍ ဦးလှဆောင်မိသားစုမှ တရားရိပ်သာ ကျောင်းဆောက်လုပ်ရန်အတွက် ကျပ်သိန်း ၁ဝဝ လှူဒါန်းမည် ဖြစ်ရာ ပထမအရစ်အနေဖြင့် ငွေကျပ် ၂၅သိန်းအား လက်ဆည်ဆရာ တော်ဦးသုဂန္ဒအား ဆိပ်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင် မှ လှူဒါန်းခဲ့သည်။

Read more

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် ယနေ့ နံနက် ၁ဝနာရီကကျောက်ကြီးမြို့နယ်ပါတီ ရုံးတွင်လစဉ်ပုံမှန်အစည်းအဝေးအား ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းဝေးအားမြို့နယ် ပါတီဥက္ကဋ္ဌဦးလှဘုန်းနှင့်မြို့နယ်ကော် မတီဝင်များတက်ရောက်ကြပြီးပါတီ ဥက္ကဋ္ဌကတက်ရောက်လာသည့် မြို့ နယ်ကော်မတီရေးရာအလိုက်လစဉ် အလိုက်ဆောင်ရွက်နေမှုများနှင့် မိမိတို့မြို့နယ်အနေဖြင့် ပူးပေါင်း ကွင်းဆင်းဆောင်ရွက်ရမည့်လုပ် ငန်းများအား မိုးမကျမီ လက်ကျန် လုပ်ငန်းများပြီးပြတ်အောင်ဆောင် ရွက်ရန်မှာကြားသည်။

Read more

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ပါတီအဆိုပြုလွှာပေးအပ်ပွဲကျင်ပ

 

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ နယ် အမှတ် ( ၈ ) ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ၁၅.၅.၂၀၁၈ အင်္ဂါနေ့  နံနက် ၉:၃၀ အချိန်တွင်ရပ်ကျေးပါတီဥက္ကဌဦးဘမြင့်၏နေအိမ်၍်စတင်ကျင်းပဖွင့်လှစ်ခဲ့ပါသည်။

Read more

ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆု နဲ့ LMA အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ လိဂ်မန်နေဂျာများအစည်းအရုံးက ပေးအပ်တဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ် (၁၀၀) အပြည့် ရရှိပြီးတော့ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးတော့ သွင်းဂိုးစုစုပေါင်း (၁၀၆) ဂိုးထိ သွင်းယူနိုင်အောင် မန်စီးတီးကို ဦးဆောင်နိုင်ခဲ့ပြီး ဂွာဒီယိုလာဟာ အဆိုပါဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြဆုကိုလည်း ဆွတ်ခူးခဲ့ပြီး ဆု(၂)ခု လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

Read more

အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့ကို ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဝေဖန်

တူရကီသမ္မတ အာဒိုဂန်နဲ့ဓာတ်ပုံအတူတွဲရိုက်ခဲ့တဲ့ အိုဇေးလ်နဲ့ ဂန်ဒိုဂန်တို့ကို ဂျာမနီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဂရင်ဒယ်လ်က ဝေဖန်လိုက်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အိုဇေးလ်နဲ့ ဂန်ဒိုဂန်တို့ဟာ တနင်္ဂနွေနေ့က လန်ဒန်မှာ တူရကီသမ္မတအာဒိုဂန်နဲ့ အတူဓာတ်ပုံရိုက်ခဲ့ကြတာပါ။ အဆိုပါကွင်းလယ်ကစားသမားနှစ်ယောက်စလုံးဟာ တူရကီမိသားစုမျိုးနွယ်ကဆင်းသက်ခဲ့ပေမယ့် ဂျာမနီနိုင်ငံ၊ ဂျယ်ဆန်ကာချန်မှာ မွေးဖွားခဲ့သူတွေဖြစ်ပြီး မွေးဖွားခဲ့တဲ့ ဂျာမနီအသင်းကိုပဲ ကိုယ်စားပြုကစားဖို့ ရွေးချယ်ခဲ့ကြပါတယ်။

Read more