လုပ်ပွဲဖန်တီးမှု တိုက်ဖျက်ရေး ဘောလုံးကလပ် ၃၅ ခုကို ယူကရိန်းရဲတပ်ဖွဲ့ စီးနင်း

ယူကရိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဘောလုံးပွဲတွေမှာ နှစ်ဖက်အသင်းတွေ ညှိပြီးကစားတဲ့ လုပ်ပွဲဖန်တီးမှု တိုက်ဖျက်ရေး အကြီးစားစစ်ဆင်ရေးအနေနဲ့ ဘောလုံးကလပ်အသင်း ၃၅ သင်းကို မေလ ၂၂ ရက်က စီးနင်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးအသင်းတို့ လာမယ့် မေလ ၂၆ ရက်နေ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ မကစားခင် လေးရက်အလိုမှာ ခုလို စီးနင်းခဲ့တာဖြစ်ပြီး အနည်းဆုံး ဒိုင်လူကြီးတဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

Read more

အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို စိန်ခေါ်သူ ထွက်ပေါ်လာ

One Championship က MMA ပြိုင်ပွဲကို လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာတော့ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ မှာ ထပ်မံကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ အဓိက တွဲဆိုင်းအဖြစ် အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံလုပွဲ ပါဝင်လာမှာ ဖြစ်ပြီး မူလက ထိုးသတ်ရမယ့် ပြိုင်ဖက် ဘရာဇီးနိုင်ငံသားမဟုတ်တော့ပဲ ဂျပန်နိုင်ငံသား ကမ်ဟာဆီဂါဝါလို့ ထုတ်ပြန်လိုက်ပါပြီ။

Read more

ထိုင်းနိုင်ငံမှာ အငှားယာဉ်မောင်းကို ဗိုလ်ချုပ်အမှတ်နဲ့ လာဘ်ငွေပေးခဲ့တဲ့ ရဲအရာရှိ(၆)ဦး တရားစွဲဆိုခံရ

ထိုင်းနိုင်ငံမှာ ရာထူးတိုးပေးဖို့အတွက် လာဘ်ငွေပေးခဲ့တဲ့ ရဲအရာရှိ(၆)ဦးကို အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

 အဲ့ဒီရဲအရာရှိတွေ လာဘ်ငွေပေးခဲ့သူဟာ ဗိုလ်ချုပ် ဆူရာချာတီ ဟက်ပန် လို့ ဟန်ဆောင်ထားတဲ့ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပါတယ်။
 အသက်(၄၅)နှစ်အရွယ် အငှားယာဉ်မောင်းဟာ သူ့ရဲ့ လူမှုကွန်ရက် LINE application ရဲ့ profile မှာ ဗိုလ်ချုပ် ဆူရာချာတီရဲ့ဓာတ်ပုံကို တင်ထားတာပါ။

Read more

ပါကစ္စတန်၌ အပူလှိုင်းဖြတ်ခြင်းကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံး

ကရာချီ၊ ပါကစ္စတန်၊ မေ ၂၄

ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ကရာချီ၌ ယခုအပတ်အတွင်း အပူလိုင်းဖြတ်မှုများကြောင့် လူဒါဇင် ပေါင်းများစွာသေဆုံးခဲ့ရကြောင်း နာရေးကူညီမှုအသင်းတစ်သင်းက အင်္ဂါနေ့ကဆိုခဲ့ပြီး ဒေသတွင်းအပူချိန်မှာ ၁၀၈ ဒီဂရီ ဖာရင်ဟိုက်ရှိကြောင်း ပြောခဲ့သည်။

အက်ဒ်ဟီဖောင်ဒေးရှင်း၏အဆိုအရ ပူအိုက်လှသောရာသီဥတုကြောင့် ပြီးခဲ့သောရက်ပိုင်းအတွင်း ရေခဲတိုက်သို့ ၄င်းတို့ပို့ဆောင်နေကြ ပုံမှန်အလောင်းအရေအတွက်ထက် ပိုမိုများပြား လာကြောင်း သိရသည်။

Read more

ပူးတွဲစစ်ရေးလေ့ကျင့်ခန်းထဲ တရုတ်ကို အမေရိကန် ပါခွင့်မပေး

ပစိဖိတ် သမုဒ္ဒရာမှာ လာမယ့် ဇွန်လကျရင် ပြုလုပ်မယ့် နိုင်ငံတကာ ပူးတွဲ စစ်ရေး လေ့ကျင့်မှု အစီအစဉ်ထဲ တရုတ်နိုင်ငံလည်း ပါဝင်ဖို့ အမေရိကန်က ဖိတ်ကြား ထားခဲ့ရာကနေ အခုဆိုရင် အမေရိကန်ဘက်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
အမေရိကန်က ပေးတဲ့ အကြောင်းပြချက်ကတော့ တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေကြား တောင်တရုတ် ပင်လယ်ပြင်ထဲ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာမှာ တရုတ်ဘက်က စစ်ရေးအင်အား ဆက်လက် တည်ဆောက်နေတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

Read more

မြန်မာအပေါ် ဖိအားပေးဖို့ ကန်အောက်လွှတ်တော် ဥပဒေတခု အတည်ပြု

လူ့အခွင့်အရေးတွေ တိုးတက် ကောင်းမွန်လာစေဖို့ ဆိုပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေတခုကို အတည်ပြုပါတယ်။

အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်အမတ် ၃၈၂ ဦးက ထောက်ခံမဲ ပေးခဲ့တာ ဖြစ်ပါတယ်။

Read more

ပျော်ဘွယ်မြို့နယ် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

ပျော်ဘွယ်၊ မေ ၂၃

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် တွင်းရွာအုပ်စု ရုံးကုန်းကျေးရွာ၌ ယနေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

Read more

နိုင်ငံတော်သမ္မတ (ငြိမ်) ဦးသိန်းစိန် ဆရာ​တော်​ကြီး၏ကျန်းမာရေးအခြေအနေများ မေးမြန်းလျောက်ထားကာ လှူဖွယ်​ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နိုင်​ငံ​တော်​သမ္မတ(ငြိမ်း) ဦးသိန်းစိန်​သည်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးမျိုးမြင့်​၊ ဦးတင့်​လွင်​ဦး၊ ဦး​ကျော်​စန်းတို့ လိုက်​ပါလျက် (၂၄-၅-၂၀၁၈) ရက်နေ့ နံနက်​ (၈) နာရီအချိန်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင် အခန်း (၁၁၀) တွင် တက်ရောက်ဆေးဝါးကုသမှုခံယူလျက်ရှိသော မဟာအောင်မြေမြို့နယ် ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် မတ္တရာသူဌေးကျောင်းဆရာတော် ရွှေကျင်နိကာယဥပဥက္ကဌ တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တမာနိတသီရိဘိဝံသ ထံသို့သွားရောက်ဖူး​မျှော်​ကန်​​တော့ပြီး ဆရာ​တော်​ကြီး၏ ကျန်းမာရေးအခြေအနေများ မေးမြန်းလျောက်ထားကာ လှူဖွယ်​ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပါသည်​။

Read more

ကချင်ပြည်နယ် လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပ

လူငယ်ညီလာခံအကြို ကချင်ပြည်နယ် လူငယ်နှီးနှောဖလှယ်ပွဲကို (၂၄-၅- ၂၀၁၈) ရက်နေ့ နံနက် (၉) နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ဗဟိုအလုပ်အမှုဆောင်၊ လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံ ၊ ပြည်နယ်နာယက ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ လူငယ်ကိုယ်စားလှယ်များ စုစုပေါင်း (၄၀၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲကို ယနေ့နှင့်မေလ (၂၅) ရက်ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Read more

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး၊ မေ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးပါတီလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရှေးဦးစွာ တက်ရောက်လာကြသော ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌများ၊ မြို့နယ်ဥက္ကဋ္ဌများက ၄င်းမြို့နယ်၏အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေး မှူး ဦးဆန်းညွန့်အောင်နှင့် ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းတို့က လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

Read more