ပြည်ခိုင်ဖြိုးပါတီသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်မှ ပါတီဝင်သစ် အင်အား ၄၀၀ ကျော် တစ်နေ့တည်း ဝင်ရောက်ခဲ့

စစ်တွေ၊ မေ ၂၃

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်များမှ ပါတီဝင်သစ် အင်အား ၄ဝဝ ကျော်မှာ ယခုလ ၂၁ ရက် တစ်နေ့တည်းတွင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

Read more

ကွန်တီကို ထုတ်ပယ်ပါက ပေါင် ၉ သန်း ပေးလျော်ရမယ့် ချဲလ်ဆီး

ချဲလ်ဆီးနည်းပြ ကွန်တီအနေနဲ့ အသင်းရဲ့ ထုတ်ပယ်ခြင်းကို ခံရဖို့ရှိနေတာကြောင့် အသင်းသစ်တစ်သင်းကို ရှာဖွေသွားဖို့ရှိနေပြီး ချဲလ်ဆီး အသင်းအနေနဲ့ ကွန်တီကို ထုတ်ပယ်ခဲ့ပါက လျော်ကြေးအဖြစ် ပေါင် ၉ သန်း ပေးချေသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ အီတလီ လူမျိုး နည်းပြအနေနဲ့ ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အက်ဖ်အေ ဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့်လည်း ယခုနှစ်အကုန်မှာအသင်းက ထွက်ခွာချင်နေတာလည်း ဖြစ်ပါတယ်။

Read more

ချန်ပီယံလိဂ်ဖလားကို အရယူမယ်လို့ ပြောဆိုလိုက်တဲ့ ဇီဒန်း

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးလေးနှစ်အတွင်းမှာ သုံးကြိမ်ရထားပေမယ့် ဒီတစ်ကြိမ်မှာလည်း ခါတိုင်းထက်ပိုပြီး ရယူလိုစိတ်ပြင်းပြနေတယ်လို့ နည်းပြဇီဒန်းက ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကတော့ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Read more

ပယ်လီဂရီနီ သုံးနှစ်စာချုပ်ဖြင့် ဝက်စ်ဟမ်းနည်းပြဖြစ်လာ

မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီကို သုံးနှစ်စာချုပ်ဖြင့် အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း ဝက်စ်ဟမ်း အသင်းက မေလ ၂၂ ရက်တွင် ကြေညာသည်။

Read more

ဟယ်ရီကိန်းကို အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်

အင်္ဂလန်နည်းပြဆောက်ဂိတ်က တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာသွားလိုက်သည်။

ဟယ်ရီကိန်းမှာ စပါးဒုတိယအသင်းခေါင်းဆောင်လည်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ရခြင်းဖြစ်သည်။ ၄င်းမှာ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၃၀ သွင်းယူပြခဲ့ပြီး ၄င်းရာသီမတိုင်မီ ပရီးမီးယားလိဂ်ရွှေ့ဖိနပ်ဆုကို ၂ရာသီဆက်တိုက်ရယူခဲ့သူဖြစ်သည်။

နည်းပြဆောက်ဂိတ်က ကိန်းမှာ ဂိုးသွင်းကောင်းသည့် ထိပ်တန်းတိုက်စစ်မှူး တစ်ဦးဖြစ်သည့်အပြင် အသင်းကို ဦးဆောင်နိုင်စွမ်းရှိခြင်းကြောင့် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်ခြင်းဖြစ်သည်ဟု ပြောသွားခဲ့သည်။

Read more

ကျောက်တန်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ထပ်မံဖွင့်လှစ်

 

ရန်ကုန်၊ မေ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရမည်းသင်းမြို့နယ် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ရမည်းသင်း၊ မေ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မ တီဝင်များသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်ဆွယ်အုပ်စု ကန်မြင့်ကျေးရွာတွင် ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

Read more

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မုံရွာ၊ မေ – ၂၁

 စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ နှင့် ခရိုင်မီဒီယာတာဝန်ခံများ အစည်းအဝေးကို ယမန်နေ့နံနက် ( ၉ ) နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ လမ်းညွှန်ချက် များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

Read more

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူမှုကွန်ရက်ဖြင့် ပြည်သူ့အကျိုးပြုနည်းသင်တန်း ဖွင့်လှစ်

မြန်အောင်၊ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်ပါတီရုံးခန်းမ၌ လူမှုကွန်ရက်ဖြင့် ပြည်သူ့အကျိုးပြုနည်းသင်တန်းအား ယမန်နေ့နံနက် ၉ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Read more

ကင်ဂျုံအမ်းနှင့်တွေ့ဆုံမည့် ထိပ်သီးစည်းဝေးပွဲ နှောင့်နှေးနိုင်ဟု ထရမ့်ပြောဆို

ဝါရှင်တန်၊ အမေရိကန်၊ မေ ၂၃

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအမ်းနှင့်အတူ စင်္ကာပူ၌ လာမည့်လတွင် တွေ့ဆုံရန်စီစဉ်ထားသော ထိပ်သီးစည်းဝေးပွဲသည် စီစဉ်ထားသည့်အချိန်အတွင်း ဖြစ်ပေါ်လာနိုင်မည့်ပုံ မပေါ်ကြောင်း အင်္ဂါနေ့ကပြောဆိုခဲ့ သည်။

“ဂျွန်လ ၁၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့စီစဉ်ထားပေမယ့် ဖြစ်ပေါ်လာနိုင်မယ့်ပုံမပေါ်ပါဘူး” ဟု ထရမ့်က ပြောဆိုခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းအနေဖြင့် နျူကလီးယားဖျက်သိမ်းမှု ကိစ္စကို အလေးထားလုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

Read more