ဖိလစ်ပိုင်၌ အမေရိကန် ဒေါ်လာ ၄ ဒသမ ၈၅၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် တောင်ကိုရီးယား

ဖိလစ်ပိုင်နှင့် တောင်ကိုရီးယား အစိုးရတို့သည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၅၈ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ၂၃ ခုကို လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကုန်သွယ်ရေး ဝန်ကြီး ရေမွန်လိုပက်က ပြောသည်။

အဆိုပါ သဘောတူညီချက်များသည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေ၏ သုံးရက်ကြာ တောင်ကိုရီးယား ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကြောင့် ဖိလစ်ပိုင် နိုင်ငံ၌ အလုပ်အကိုင်ပေါင်း ၅၈ဝဝဝ ခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Read more

Online ပေါ်ကနေ ငွေလိမ်လည်မှု လူ ၅ဝဝ ကျော်ကို ဖမ်း

ဖိလစ်ပိုင်ရဲတပ်ဖွဲ့က အင်တာနက် Online ပေါ်ကနေ ငွေလိမ်လည်မှုများ ကျူးလွန်မှုနဲ့ လန်ဒန်အခြေစိုက် ကုမ္ပဏီတစ်ခုက ဝန်ထမ်း စုစုပေါင်း ၅ဝဝ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။

အဲဒီထဲမှာ အစ္စရေးနိုင်ငံသား ၈ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား ဝန်ထမ်း ၄၇၄ ဦးပါဝင်ပါတယ်။ ဒီကုမ္ပဏီဟာ ရင်းနှီး မြုပ်နှံမှုနဲ့ပတ်သက်ပြီး သြစတြေးလျနဲ့ တောင်အာဖရိကနိုင်ငံတို့မှာ နေထိုင်သူတွေ အပါအဝင် နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေကို လိမ်လည်ခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

Read more

ဟာဝိုင်အီမီးတောင် ချော်ရည်ပူများကြောင့် လူနေအိမ် ရာနှင့်ချီ ထပ်မံပျက်စီး

ပါဟိုအာမြို့အရှေ့ဘက် ကာပိုဟိုဒေသတွင် ချော်ရည်များက နေအိမ်များကို ဖျက်ဆီးနေစဉ် (Terray Sylvester/REUTERS)

 

ကီလာအူအာမီးတောင်မှ ချော်ရည်များ လူနေထိုင်ရာဒေသများကို ဖြတ်သန်းစီးဆင်းလာပြီး ကာပိုဟိုပင်လယ် ကွေ့သို့ ရောက်ရှိသွားစဉ် ယခု သီတင်းပတ်အတွင်း လူနေအိမ် ရာပေါင်းများစွာ ထပ်မံပျက်စီးခဲ့သည်ဟု ဟာဝိုင်အီပြည်နယ်ဒေသဆိုင်ရာ အရပ်ဘက်ကာ ကွယ်ရေး အရာရှိများက ခန့်မှန်းသည်။

Read more

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားနိုင်ကြောင်း အသိပေး

 

ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာသူများအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာလိုပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက် ထားနိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Read more

ဒုက္ခသည်ပြန်ရေးကူညီဖို့ ကုလနဲ့ မြန်မာသဘောတူညီချက်လက်မှတ်ထိုး

 

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်လည် လက်ခံမယ့် အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ တို့ကြား ဒီနေ့ပဲ နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

Read more

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အစိုးရနှင့် ကုလပူးပေါင်းမှုကို အမေရိကန် ကြိုဆို

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကူအညီ အထောက်အပံ့များပေးရန် အစိုးရနှင့်ကုလသမဂ္ဂဖွံ့ဖြိုးရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ခြင်းကို ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော်၊ ဇွန် ၇

ယနေ့ ၇ – ၆ -၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၃၀)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးလူရယ်ဖိုးလူနှင့် ဦးကိုရယ်၊ ပြည်နယ်ပါတီနာယကများ ဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေး၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေတို့ တက်ရောက်ကြောင်း သိရှိရသည်။

Read more

‌မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ကွမ်းအုံးကျေးရွာရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးကျော်နိုင်စိုး၊ ဦးဌေးလှိုင်၊ ဦးဝင်းမောင် တို့သည် ကွမ်းအုံးကျေးရွာရှိ ပါတီဝင်များဖြင့် ၇.၆၂၀၁၈ ရက်နေနံနက် (၁၀) နာရီတွင် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများတို့ ပြုလုပ်ခဲ့ပါသည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇနီးတို့မှ ​ရှေး​ဟောင်းဘုရား​ကျောင်း​ဆောင်​ပြုပြင်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၂၀) လှူဒါန်း

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇနီး​ ​ဒေါ်ခင်​မျိုး​ဌေးတို့ သည်​ (၇.၆.၂၀၁၈) ရက်​​နေ့ နံနက် ​(၁၀း၃၀) အချိန်​တွင်​ တာပါယ်​​ကျေးရွာအုပ်​စု၊ သဲ​တောကန်​​ရွာဦးကျောင်းသို့ သွား​ရောက်​ပြီး ​ကျောင်းထိုင်​ဆရာ​တော်​ ဦးကုသလအား ဖူး​မျှော်​ကန်​​တော့ကာ ​ရှေး​ဟောင်းဘုရား​ကျောင်း​ဆောင်​ပြုပြင်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၂၀) နှင့် လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​လှူဒါန်းခဲ့ပါသည်​။

Read more

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ သက်​ကြီးဘိုးဘွားများအား သွား​ရောက်​ကန်​​တော့

 

ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း(ရှမ်း​ရှေ့အမျိုးသမီး​ရေးရာတာဝန်​ခံ)၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်း၊ မြို့နယ်​​ကော်မတီဝင်များ၊ မကာဟိုခမ်းရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ ဝင်​များနှင့် ​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင် ​​တွေ့ဆုံ၍ ပါတီအမျိုးသမီး​ရေးရာအဖွဲ့ လှုပ်​ရှား​ဆောင်​ရွက်​ရွက်​မှုများအား ​နွေး​ဆွေးညှိနိုင်းခဲ့ကြပြီး ​ဒေါ်တင်​​မေထွန်း၊ မြို့နယ်​ဥက္ကဌ၊ မြို့နယ်​​ကော်​မတီဝင်​များ၊ လူငယ်​အဖွဲ့များ အင်းအား (၂၀) ဦးလိုက်​ပါ၍ ယ​နေ့ (၇.၆.၂၀၁၈) ​နေ့တွင်​ မကာဟိုခမ်းရပ်​ကွက်​​နေ အဖွား​ဒေါ်ပါရှဲန်​အသက်(​ ၉၂) နှစ်​၊ အဖွား​ဒေါ်ခင်​သန်း အသက် (​၉၂) နှစ်​ရှိ အဖွားနှစ်​ဦးတို့အား ​နေအိမ်​ရာသို့သွား​ရောက်​ခဲ့ပြီး တစ်ဦးလျင်​ ကျပ်​တစ်​သိန်းတန်​ဖိုး​ (စောင်​၊ မုန့်​၊ အချိုရည်​ဗူးနှင့်​​ငွေသားများအား ​ပေးအပ်​ကန်​​တော့ခဲ့ကြပြီး မကာဟိုခမ်းရပ်​ကွက်​မှ အမာခံပါတီဝင်​တစ်​ဦးဖြစ်​သူေ​လဖျန်း​ဝေဒနာခံစား​နေရ​သော
ဦးသန်းနိုင်​အား ကြည့်​ရှု့၍ အချိုရည်​၊ မုန့်​များနှင့် ဘတ်​​ငွေတစ်​​ထောင်​ဘတ်​အား ​ပေးအပ်​ပြီး အား​ပေးနှစ်​သိမ့်စကား​ပြောခဲ့​ကြောင်း သိရှိရပါသည်​ ။

Read more