ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ထီးလင်း၊ ၇.၆.၂၀၁၈

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်ပါတီဥက္ကဌ ဦးသိန်းဆွေ၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နွဲ့နွဲ့စန်း၊ ခရိုင်လူငယ်တာဝန်ခံ ဦးဇော်ဦး နှင့် ထီးလင်မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး ပါတီလုပ်ငန်း များ စည်းရုံးရေးလုပ်ငန်းများ၊ ပါတီအောင်နိုင်ရေးလုပ်ငန်းများ ပွင့်လင်းစွာ ဆွေးနွေးတင်ပြခြင်း ဆုံးဖြတ်ခြင်းများ ပြုလုပ်ကြပါသည်။ အဆိုပါ လစဉ်ပုံမှန်အစည်းဝေးကို နံနက် ၉ နာရီမှ စတင်ပြီး နေ့လည် ၁၂ နာရီတွင် ပြီးမြောက်ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း မော်လမြိုင်ကျွန်း ဘိုကလေးနှင့် ဖျာပုံမြို့နယ်ကော်မတီဝင်များ အရန်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဖျာပုံ ဇွန် ၇

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ပါတီနှစ်စဉ်ကြေး ပထမအကြိမ်စုပေါင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

မန္တလေး ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၈ ခုနှစ်အတွက် ပါတီနှစ်စဉ်ကြေး ပထမအကြိမ် စုပေါင်းပေးအပ်ခြင်းနှင့် တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ပါတီများ လစဉ်ပုံမှန်အစည်းအဝေး အမှတ်စဉ်(၄/၂ဝ၁၈)ကျင်းပခြင်း အခမ်းအနားတို့ကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

Read more

ပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီ စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇွန် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်ရှစ်မြို့နယ်မှဥက္ကဋ္ဌများ စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဌေးဝင်း နှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့်ကော်မတီဝင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ ဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၂၅ ဦးတက်ရောက်ခဲ့သည်။

Read more

ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကွမ်ရှီးပြည်နယ် ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့သွားရောက်လေ့လာ

 

ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ နှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက်၈နာရီခွဲက ကွမ်ရှီးပြည်နယ် (GuangXi) ကျွမ့်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Baise မြို့ Youjiang ခရိုင် Hope Town လွတ်မြောက်အောင်ဆောင်ရွက်နေမှု အခြေအနေများအား ကျေးရွာအုပ် ချုပ်ရေးမှူးက ရှင်းလင်းဆွေးနွေး ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဝင်များက သိရှိလိုသည်များကိုမေး မြန်းဆွေးနွေးခဲ့ကြသည်။

Read more

ဘက်ဟမ်းတို့ဇနီးမောင်နှံရဲ့ မွန်မြတ်တဲ့သဒ္ဓါတရား

တော်ဝင်မင်းသား ဟယ်ရီရဲ့ မင်္ဂလာပွဲမှာ ဒေးဗစ်ဘက်ဟမ်းနဲ့ ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံရဲ့ ၀တ်စားဆင်ယင်မှုက ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။

အထူးသဖြင့် ဒေးဗစ်ဘက်ဟမ်းရဲ့ဝတ်စုံက ပိုမိုလူကြိုက်များခဲ့ပြီး ဒီဇိုင်နာကင်မ်ဂျုံးစ်ရဲ့ Dior Homme ၀တ်စုံကို ပထမဆုံး ၀တ်ဆင်ခွင့်ရသူလည်း ဖြစ်ခဲ့တာပါ။ အခုတော့ ဘက်ဟမ်းဇနီးမောင်နှံရဲ့ တော်ဝင်မင်္ဂလာ အခမ်းအနား ပွဲတက် ၀တ်စုံကို ပရိသတ်တွေပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရှိလာခဲ့ပါပြီ။ ဘက်ဟမ်းတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာ ဗုံးပေါက်ကွဲမှုနောက်ပိုင်းမှာ ဖွဲ့စည်းလိုက်တဲ့ We Love Manchester Emergency Fund ဆိုတဲ့ လူမှုကူညီရေးအဖွဲ့အစည်းအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး သူတို့ နှစ်ဦးရဲ့ ၀တ်စုံတွေကို လေလံတင် ရောင်းချတော့မှာဖြစ်ပါတယ်။

Read more

စီရော်နယ်ဒိုကျေနပ်အောင် လစာတိုးမပေးနိုင်တော့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ကနေ စီရော်နယ်ဒို ထွက်တော့မယ်ဆိုတဲ့ သတင်းတွေက ပိုပြီး အသံကျယ်လောင်လာပါတယ်။ အရင်ကလည်း အဲဒီလိုသတင်းတွေထွက်ခဲ့ဖူးသေးပြီး အဲဒီတုန်းကတော့ ရီးရဲလ်ဟာ စီရော်နယ်ဒိုကျေနပ်အောင် ကမ္ဘာ့စံချိန်တင်လစာတွေနဲ့ စာချုပ်သစ်ချုပ်ကာ ကစားသမားကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။

Read more

ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပရန် ရုရှားအဆင်သင့်ဖြစ်နေပြီဟု ဖီဖာဥက္ကဋ္ဌပြောကြား

ဖီဖာဥက္ကဋ္ဌအင်ဖာတီနို က အိမ်ရှင်ရုရှားနိုင်ငံတွင် လူမျိုး ရေးခွဲခြားမှု၊ လူ့အခွင့်အရေး၊ လုံ ခြုံရေးတို့နှင့် ပတ်သက်၍ ကမ္ဘာ့ ဖလားမစမီတစ်ပတ်အလို၌စိုးရိမ်မှုများကိုဖြေရှင်းစဉ် ရုရှားသည် ယင်းပြိုင်ပွဲကို လက်ခံကျင်းပရန် ရာနှုန်းပြည့် အသင့်ရှိသည်ဟု ပြောသည်။

Read more

မျက်လုံးဒဏ်ရာကြောင့် ဖိုးသော် လာမည့် MMA ပြိုင်ပွဲ လွဲချော်မည်

လေ့ကျင့်ရေးတွင် ရရှိသည့် မျက်လုံးဒဏ်ရာကြောင့် ယခုလအတွင်း ရန်ကုန်မြို့၌ကျင်းပမည့် MMA (One Champion-ship) ပြိုင်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း MMA ကစားသမား ဖိုးသော်က ပြောသည်။

ဖိုးသော်သည် ပြီးခဲ့သည့် မေလဆန်းတွင် ပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် ညာဘက်မျက်လုံးအတွင်းပိုင်း ဒဏ်ရာ ရရှိကာ လက်ရှိတွင် ခွဲစိတ်ကုသထားပြီး တစ်လခန့်  အနားယူရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Read more

ထရမ့် ပထမဆုံးတက်ရောက်မည့် ကနေဒါ ဂျီ ၇ အစည်းအဝေးကို လူရာနှင့်ချီကာ ဆန္ဒပြ

ကွီးဘတ်၊ ဇွန် ၈

ကနေဒါနိုင်ငံတွင် ဇွန် ၈ ရက်၌ ကျင်းပမည်ဖြစ်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပထမဆုံးအဖြစ် တက်ရောက်မည့် ဂျီ ၇ အစည်းအဝေးကို ကွီးဘတ်မြို့က လမ်းများတွင် လူရာနှင့်ချီကာ ဇွန် ၇ ရက် ညပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။

Read more