ရီးရဲလ်နည်းပြသစ်ဖြစ်လာတဲ့ လိုပက်တီဂူနဲ့ ဒီဂီယာအဆင်ပြေလို့ မန်ယူစိုးရိမ်နေ

ရီးရဲလ်နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတဲ့ လိုပက်တီဂူဟာ ဂိုးသမားဒီဂီယာနဲ့ အဆင်ပြေသူဖြစ်လို့ သူ့ကို လက်လွှတ်ရမယ့်အပေါ် မန်ယူဘက်က စိုးရိမ်နေတယ်လို့ သိရပါတယ်။

လိုပက်တီဂူဟာ စပိန်အသင်းနည်းပြဖြစ်ပြီး ကမ္ဘာ့ဖလားပြီးရင် ရီးရဲလ်ကိုတာဝန်ယူမှာ ဖြစ်ပါတယ်။ သူဟာ စပိန် ဘောလုံးအဖွဲ့ချုပ်နဲ့ စာချုပ်သစ် ချုပ်ထားတာ မကြာသေးတဲ့အတွက် ရီးရဲလ် ဘက်က သူ့အတွက် လျော်ကြေးပေါင် ၁.၇၅ သန်း ပေးချေခဲ့ရပါတယ်။

Read more

မြန်မာနှင့်ကန်သည့်ပွဲတွင် ဆွဲကြိုးဝှက်ယူလာသည့် တရုတ်ဘောလုံးသမား တနှစ်ပွဲပယ်ခံရ

ပြီးခဲ့တဲ့လက မြန်မာနဲ့ တရုတ်လက်ရွေးစင်အသင်းတို့ တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ကွင်းထဲကို ဆွဲကြိုးဝှက်သယ်ယူလာတဲ့ တရုတ်ဘောလုံးသမားတဦးကို တရုတ်ဘောလုံးအဖွဲ့ချုပ်က ၁၂ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

တရုတ်လက်ရွေးစင်အသင်းနဲ့ တရုတ်စူပါလိဂ် ရှန်ဟိုင်း SIPG ကလပ်အသင်း နောက်ခံကစားသမား ဝန်ရှန်ချာအိုဟာ ပွဲချိန် မိနစ် ၆၀ မှာ လူစားလဲ ဝင်ရောက်လာခဲ့ပြီး လည်ပင်းမှာ ဝတ်ဆင်ထားတဲ့ ဆွဲကြိုးကို ဖြုတ်ကာ ခြေစွပ်ထဲ ဝှက်ထည့်ပြီး ကစားခဲ့တာပါ။

Read more

အမေရိကန်သို့ လာလည်ရန် ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက် ကင်မ်ဂျုံအန်း လက်ခံ

ဇွန် ၁၃

အမေရိကန်သို့ လာရောက်လည်ပတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အား မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဘက်က လက်ခံခဲ့ကြောင်း ယနေ့ ဇွန်လ ၁၃ ရက် မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

ယမန်နေ့ ဇွန်လ ၁၂ ရက်က သမိုင်းဝင် စင်ကာပူ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ထရမ့်က ကင်မ် ကို အိမ်ဖြူတော်ထံ လာလည်ဖို့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

Read more

ဂျူးအခြေချနေထိုင်သူများကို အစ္စရေးလုံခြုံရေးတပ် နှင်ထုတ်

အစ္စရေး လုံခြုံရေးတပ်တွေဟာ အိမ် ၁၅ လုံးက ဂျူးအခြေချ နေထိုင်သူတွေကို ဇွန် ၁၂ ရက်နေ့မှာ ဥပဒေအရ နှင်ထုတ်ခဲ့ပါတယ်။

ဒီအိမ်တွေဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းပါးက ပုဂ္ဂလိကပိုင် ပါလက်စတိုင်းမြေပေါ်မှာ တရားမဝင် ဆောက်ထားတဲ့ အိမ်တွေလို့ အစ္စရေး အဆင့်မြင့်ဆုံး တရားရုံးက ဆုံးဖြတ်ပါတယ်။

Read more

တောင်တရုတ်ပင်လယ်မှာ ပြင်သစ်ရေတပ် အင်အားပြ

Photo: AFP

ပြင်သစ်နိုင်ငံဟာ ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်ရဲ့ စစ်ရေး တည်ဆောက်မှု တွေကို တုံ့ပြန်တဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုတွေကို ကူညီဖို့အတွက် စစ်သင်္ဘောတွေ စေလွှတ်ပြီး အင်ဒိုပစိဖိတ် ဒေသအတွင်းမှာ သူ့ရဲ့စစ်အင်အားကို တိုးမြှင့်လိုက်ပါတယ်။

Read more

မြောက်ကိုးရီးယားနိုင်ငံမှ မလေးရှားသံရုံး ပြန်ဖွင့်မည်

(ပုံ – သံရုံးပိတ်စဉ်က မြောက်ကိုရီးယားမှ ပြန်လာသည့် မလေးရှားများ)

 

ပြီးခဲ့တဲ့ တနှစ်ကျော်ကာလက မလေးရှားနဲ့ မြောက်ကိုးရီးယားနိုင်ငံ ဆက်ဆံရေးဆိုးဝါးပြီး ပိတ်ထားခဲ့တဲ့ မလေးရှားသံရုံးကို ပြန်လည်ဖွင့်လှစ်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာက ပြောကြားလိုက်ပါတယ်။

Read more

ကုလအထူးကိုယ်စားလှယ် Burgener မြန်မာခရီးစတင်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ မြန်မာနိုင်ငံခရီးစဉ်ကို ဇွန်လ ၁၂ ရက် အင်္ဂါနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ ဧပြီလက ရာထူးလက်ခံပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို ပထမဦးဆုံးသွားရောက်မယ့် သူ့ခရီးစဉ်အတွင်း ဆောင်ရွက်သင့် တာကို ဆောင်ရွက်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်း က ပြောပြမှာပါ။

Read more

မြန်မာ- ထိုင်း နယ်စပ်ဖြတ်ကျော်ခရီးစဉ် ပထမဆုံး ပြုလုပ်မည်

မြန်မာ- ထိုင်းနယ်စပ်ဖြတ်ကျော် ခရီးစဉ်ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းနှင့် Tourism Authority of Thailand (TAT) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ် မည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်ကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၈) ရက်နေ့မှ (၂၃) ရက်နေ့အထိ ၆ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ခရီးစဉ် တစ်လျှောက်လုံး၌ ကျွမ်းကျင်ကားမောင်းသူများက ပါဝင်သွားမည်ဟု သိရသည်။

Read more

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဇွန်လ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လက်ရှိ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီအားလုံး ဇွန်လ ၁၄ ရက်တွင်နေပြည်တော်၌ တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း ကော်မရှ င်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။ သမ္မတဦးဝင်းမြင့်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ ပါတီများ၏ အသံကို နားထောင်ရန် ဇွန်လ ၁ ရက်က တိုက်တွန်းပြီး နောက်နှစ်ပတ် ခန့်အကြာတွင် ကော်မရှင်က ထိုသို့တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီ များနှင့်တွေ့ဆုံရာ၌ ဆွေးနွေးမည့် အကြောင်းအရာကို  ဦးမြင့်နိုင်က ထုတ်ဖော်ပြောကြားခြင်း မပြုပေ။

Read more

မိုးမိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လက်ခုပ်တန်းရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

ယနေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လက်ခုပ်တန်းရပ်ကွက် ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို နံနက် (၉း၀၀) နာရီအချိန်တွင် စတင်ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးနှင့် ပါတီကော်မတီဝင်များ ၊အရံကော်မတီဝင်များ ၊ ရပ်/ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်း (၃၀) ဦးတက်ရောက်ကြကြောင်း တင်ပြအပ်ပါသည်။ ဆက်လက်၍ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေး၊ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်စိန် (ပညာရေးရာတာဝန်ခံ)၊ ဦးမောင်မောင်ကြီး (စည်းရုံးရေးရာတာဝန်ခံ)၊ ရပ်ကွက်ပါတီဥက္ကဌ ဦးဝင်ဖေတို့မှ အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသော ပါတီဝင်များမှ လိုအပ်ချက်များ တင်ပြဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို နံနက် (၁၀း၃၀) အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း တင်ပြအပ်ပါသည်။

Read more