မူးယစ်ဆေးနှိမ်နင်းဖို့ ကျေးလက်ခေါင်းဆောင်များကို သေနတ်ပေးထားမည်

ဖိလစ်ပိုင်နိုင်ငံမှာ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ ပါဝင်လိုသူ ရပ်ရွာခေါင်းဆောင်တွေကို ပစ္စတိုသေနတ်တွေ ပေးအပ်ဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်တဲ့ အတွက်၊ နိုင်ငံမှာ ပေါ်ပေါက်နေတဲ့ အလွန်အကျွံအင်အားသုံးဖြိုခွဲမှုတွေ ပိုမိုမြင့်တက်လာဖွယ်ရှိနေတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ဒီအစီအစဉ်ကို ရဲနဲ့ထောက်လှမ်းရေးတို့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ ရပ်ရွာလူကြီးတွေအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရာဇ၀တ်ကောင်လို့ မသင်္ကာသူတွေကို ပစ်ခတ်ဖမ်းဆီးခဲ့ရင် အရေးမယူဘဲ ဥပဒေအရ အကာအကွယ်ပေးမှာဖြစ်ကြောင်း သမ္မတ ဒူတာတေး က ပြောပါတယ်။

Read more

ထီးတော်တင်အလှူမင်္ဂလာပွဲသို့ တက်ရောက်ခြင်း

 

(၁၃-၆-၂၀၁၈) ရက်နေ့တွင်၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊ (အိုဆဲဗင်းတောင်)ကုသိန္နာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်အပ်သော ရန်အောင်မြေအဘယလာဘမုနိစေတီတော်မြတ်ကြီးအား ထီးတော်တင်ပူဇော်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုပါတီက်ာမတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်သည့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု မှ ပါတီအမျိုးသမီးအဖွဲ့အင်အား (၄၀) ဦး တက်ရောက်ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Htat Pine Soe

Read more

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုလူငယ်ညီလာခံ (၂၀၁၈) အတွေ့အကြုံရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

၁၃.၆.၂၀၁၈ တွင် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုလူငယ်ညီလာခံ (၂၀၁၈) အတွေ့အကြုံရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ရာ ပထမဦးစွာ ခရိုင်ပါတီဥက္ကဌ ဦးစိုးမြင့်နှင့် မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးတို့က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လူငယ်လှုပ်ရှားမှုအဖွဲ့တာဝန်ခံ ကိုကိုအောင်မှ လူငယ်ညီလာခံအတွေ့အကြုံများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကာ တက်ရောက်လာကြသော ကော်မတီဝင်များနှင့် လူငယ်များက ဖြည့်စွက်ဆွေးနွေးပြီး (၁၂း၀၀) နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။

Read more

မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ သဘာဝဘေးအန္တရာယ်ခံစားနေရသော ကျေးရွာများသို့ သွားရောက်လှူဒါန်းရန်ပြင်ဆင်နေစဉ်

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြိုနယ်အတွင်းရှိ မင်းတုန်းချောင်း၊ လွှာချောင်း၊ ပသီချောင်းဘေးကျေးရွာများဖြစ်သည့် တံတားအရှေ့ဇီတော ၊မင်းရွာ၊ ကိုင်းဘူးတောင်းအရှေ့ထောက်ရစ် ၊ စကတဲ၊ တောင်မြင့်၊ ထန်းလေးပင်၊ ညောင်မော် ၊ မှိုက်ကျေးရွာ၊ အလယ်ချောင်းကျေးရွာများသည် ချောင်းရေလျှံခြင်းသဘာဝဘေးအန္တရာယ်ကို ခံစားနေကြရပါသည်။
ယန့ 13-6-2018 ဗုဒ္ဓဟူး နေ့တွင် မင်းတုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဌ ဦးစိုးနိုင်၊ အတွင်းရေးမှူး ဦးသိန်းဇော်နှင့်မြို့နယ်ပါတီကော်မတီဝင်များ ပြည်ခိုင်ဖြိုးလူငယ်အဖွဲ့များ ၊ အမျိုးသမီးရေးရာအဖွဲ့များသည်ေ ထာက်ရစ်ကျေးရွာ တောင်မြင့်ကျေးရွာများသို့ရေသန့်ဗူး၊ ထမင်းထုပ်၊ ငါးခြောက်၊ ခရမ်းချဉ်သီးချက်၊ ငရုတ်သီးကြော်တို့ဖြင့် သွားရောက်လှူဒါန်းရန်ပြင်ဆင်နေကြကြောင်း သတင်းရရှိပါသည်။

Read more

ပါတီဗဟိုကော်မတီဝင် ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာတာဝန်ခံများနှင့်တွေ့ဆုံ

 

ရပ်စောက် ဇွန် ၁၂

Read more

ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

 

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ လေ့လာရေးခရီးစဉ်သွားရောက်မည့် ပြည်ထောင်စုနယ်မြေလူငယ်အဖွဲ့အား လမ်းညွှန်မှာကြား

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌လူငယ်လှုပ်ရှားမှုအဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးနှင့်လေ့လာ ရေးခရီးစဉ်အဖြစ် မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး သို့ သွားရောက်မည့် ပြည်ထောင်စု နယ်မြေ လူငယ် ၁၈ဝတို့နှင့်တွေ့ဆုံ ၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့ မန္တလေးတွင်တွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့တွေ့ဆုံပွဲအား မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ယနေ့ နံနက် ၁ဝနာရီမှ မွန်းလွဲ ၃နာရီခွဲအထိ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ၏ အနယ်နယ်အရပ်ရပ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်အချင်းချင်း ချစ်ခင်စည်းလုံးမှုရရှိစေရန်၊ မိမိတို့ နေထိုင်ရာဒေသများမှ အတွေ့အကြုံများအား အမြင်ချင်းနှီးနှောဖလှယ် နိုင်စေရန်၊ အနာဂတ်ကာလ ပြည်ခိုင်ဖြိုးပါတီ၏ လူသွေးသစ်များအား ပါတီ၏ဦးဆောင်ကဏ္ဍတွင် ပါဝင်လာနိုင်စေရန် အစရှိသော ရည်ရွယ် ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

Read more

သူ့ကိုရော မက်ဆီကိုပါ ဆာလာကခြိမ်းခြောက်လာနေပြီလို့ စီရော်နယ်ဒိုပြော

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုက လီဗာပူးနဲ့ အီဂျစ်လက်ရွေးင် တိုက်စစ်မှူး ဆာလာဟာ သူ့ကိုရော မက်ဆီကိုပါ ခြိမ်းခြောက်ပြီး Ballon d’Or ဆုကို ရယူနိုင်စွမ်းရှိနေပြီလို့ ပြောလိုက်ပါတယ်။

ဆာလာဟာလီဗာပူးနဲ့ ပထမဆုံးရာသီမှာ ၄၄ ဂိုး သွင်းယူခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာသူသာ စောစောဒဏ်ရာ မရရင် ပွဲအဖြေ ပြောင်းနိုင်မယ်လို့လည်း သုံးသပ်ခံထားရသူပါ။ စီရော်နယ်ဒို က”လူတွေက မက်ဆီနဲ့ စီရော်နယ်ဒို တို့ ပြိုင်ဆိုင်တဲ့အကြောင်းကိုဘဲ ပြောနေကြတာပါ။

Read more

အင်္ဂလန်ပြုတ်မယ့်အဆင့်ကို ဟောကိန်းထုတ်ခဲ့တဲ့ မော်ရင်ဟို

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုပ်သံတင်ဆက်သူအဖြစ်ဆောင်ရွက်မယ့် မန်ယူအသင်းနည်းပြမော်ရင်ဟိုက အင်္ဂလန်အသင်းကို ကွာတားဖိုင်နယ်မှာ ဘရာဇီးအသင်းကဖြုတ်ချလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ မော်ရင်ဟိုက ရှုံးထွက်အဆင့်ကနေ ဆီမီးဖိုင်နယ်အထိကို ဘယ်အသင်းတွေတက်ရောက်မယ်ဆိုတာကို ကြိုတင် ခန့်မှန်းခဲ့တာဖြစ်ပြီး အဲဒီမှာ သူက အင်္ဂလန်ဟာ 16 သင်းအဆင့်မှာ ပိုလန်ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပေမယ့် ကွာတားဖိုင်နယ်ရောက်ရင်တော့ ဘရာဇီးနဲ့ တွေ့ဆုံကာ ရှုံးနိမ့်သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့တာပါ။

Read more