Year: 2026
ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပ
မိုးနဲ ဇွန် ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော် ဆွမ့်ကျေးရွာအုပ်စု ကတ်နောက် ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာ အုပ်စုဥက္ကဋ္ဌတာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်း နားကို ယနေ့ နံနက် ၉ နာရီက ဦးဝင်းကိုနေအိမ်၌ကျင်းပခဲ့သည်။
Read moreတိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့အလှူတော်ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ ယနေ့ နံနက် ၁ဝ နာရီခွဲက ဥက္ကံမြို့ ဘိုးဘွားရိပ်သာသို့သွားရောက်ကာ ရှစ်နှစ်မြောက် ပြည်ခိုင်ဖြိုးပါတီနှစ် ပတ်လည် အလှူတော်အခမ်းအနား အဖြစ်ဘိုးဘွားများအားနေ့လယ်စာ ကျွေးမွေးလှူဒါန်းပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ ရိပ်သာရှိဘိုးဘွား များနှင့် ပြည်ခိုင်ဖြိုးပါတီမိသားစု များက သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးကန်တော့ကာ သံဃာ တော်အရှင်သူမြတ်များထံမှ ငါးပါး သီလကို ခံယူဆောက်တည်ကြပြီး အနုမောဒနာတရားများ နာကြားခဲ့ သည်။
Read moreကမ္ဘာ့ဖလားကို ရော်နယ်ဒို အပြည့်အဝ အာရုံစိုက်ထားဟု အသင်းဖော် ဖာနန်ဒက်စ်ပြောကြား

ရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် အနာဂတ်ထက်ပေါ်တူဂီ၏ ကမ္ဘာ့ဖလားယှဉ်ပြိုင်မှုကို အပြည့်အဝေ အာရုံစိုက် ထားကြောင်း ၎င်း၏ လက်ရွေးစင်အသင်းဖော် မယ်နျူရယ်ဖာနန်ဒက်စ်က ပြောကြားသည်။
ပြီးခဲ့သည့်လက ချန်ပီယံလိဂ်တွင် ရီးရဲလ်အသင်းသုံးကြိမ် ဆက်တိုက် ဗိုလ်စွဲပြီးနောက် အသင်းမှ ထွက်ခွာ နိုင်သည်ဟု တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သည်။ သို့သော် မိမိ၏ မှတ်ချက်များသည် အချိန်ရွေးချယ်မှုမှား ယွင်းခဲ့သည်ဟု ရော်နယ်ဒိုက နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။
Read moreဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ချင်းဟိုင်ရေကန်သို့ သွားရောက်လေ့လာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် များသည် ယမန်နေ့တွင်တည်းခိုရာ ချင်းဟိုင်ဟိုတယ်(Qinghai Hotel)မှ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ချင်းဟိုင် ရေကန်(Qinghai Lake)သို့ သွားရောက်ရာ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိလေ့လာခဲ့ကြသည်။ ချင်းဟိုင်သည် ကုန်းတွင်းရေငန်ကန်တစ်ခု ဖြစ်ပြီး ရေအနက် ၂၂ မီတာ ရေအပူချိန် ၇ ဒီဂရီဖာရင်ဟိုက်နှင့် စတုရန်းကီလိုမီတာ ၄၆ဝဝ ကျယ်ဝန်းသည်။
Read moreမန်ယူရဲ့ပစ်မှတ် ဂျက်စတင်ကလွိုက်ဗက် ရိုးမားကိုရောက်ပြီ

မန်ယူအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ အေဂျက်ဇ်အသင်းတောင်ပံကစားသမား ဂျက်စတင်ကလွိုက်ဗက်ဟာ ရိုးမားအသင်းကို စုစုပေါင်းတန်ကြေးပေါင် ၁၅.၈၅သန်း(ယူရို ၁၈ သန်း)နဲ့ ပြောင်းတော့မယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဂျက်စတင်ဟာ နယ်သာလန်လက်ရွေးစင်ဟောင်း ပက်ထရစ်ကလွိုက်ဗက်ရဲ့ သားဖြစ်ပြီး သူ့အဖေက အေဂျက်ဇ်မှာဘဲ ဆက်နေဖို့ တိုက်တွန်းခဲ့ပေမယ့် အသင်းပြောင်းခဲ့သူဖြစ်ပါတယ်။
Read moreHyundai နဲ့အကျီင်္လက်မောင်စပွန်ဆာကို ချဲလ်ဆီးရယူနိုင်ခဲ့

ချဲလ်ဆီးအသင်းဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် မော်တော်ကားထုတ်လုပ်ရေးကုပ္မဏီကြီးဖြစ်တဲ့ Hyundai နဲ့ အကျီင်္လက်မောင်းစပွန်ဆာကို ရယူလိုက်ပြီလို့ သိရပါတယ်။ စာချုပ်သက်တမ်းက ၄ နှစ်ဖြစ်ပြီး ငွေကြေးပိုင်း ကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ Hyundai ဟာဗြိတိန်ဘောလုံးဈေးကွက်ထဲကို အခုမှပထမဆုံး ၀င်ရောက်လာတာလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ အကျီင်္လက်မောင်းမှာ စပွန်ဆာတပ်ဆင်ဖို့ကို ပြီးခဲ့တဲ့နွေရာသီမှာကတည်းက ခွင့်ပြုပေးခဲ့တာပါ။ Hyundai တံဆိပ်နဲ့ အကျီင်္ကို ဒေးဗစ်လူးဝစ်၊ ဘာကာယိုကိုနဲ့ ဂီရော့်ဒ်တို့က မိတ်ဆက်ပြသခဲ့ကြတာပါ။
Read moreနိုင်ငံရေးအရ အသုံးချခံဖြစ်သွားခဲ့ရတဲ့ ဆာလာ

တနင်္လာနေ့က ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတချို့ကြောင့် အမေရိကန်နဲ့ ဥရောပမီဒီယာတွေအပြင် လူအခွင့်အရေး လှုပ်ရှားသူတွေကပါ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။
ဆာလာဟာ အီဂျစ်အသင်းနဲ့အတူ ဂရော့ဇ်နီမြို့မှာ အခြေစိုက်နေစဉ်အတွင်း ချေချင်းညာဒေသခေါင်းဆောင် ရမ်ဇန်ခါဒီရော့ဗ်နဲ့ အတူ ကစားကွင်းထဲမှာ ဒေသခံပရိသတ်တွေကို လှည့်လှည် နှုတ်ဆက်ကာ လက်ချင်း ဆုပ်ကိုင်ပြီး ဓာတ်ပုံတွဲရောက်ခဲ့တာကြောင့် အင်တာနက်ပေါ်မှာ ဝေဖန်မှုတွေ အပြင်းအထန်ရှိခဲ့တာပါ။ ချေချင်းညာခေါင်းဆောင် ခါဒီရော့ဗ်ဟာ မွတ်ဆလင် အစွန်းရောက် တစ်ဦးဖြစ်ပြီး ရုရှားအစိုးရရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ချေချင်းညာဒေသမှာ လူအခွင့်အရေးချိုးဖောက်မှုများစွာအတွက် စွပ်စွဲခံထားရသူပါ။
Read moreအတိတ်က မအောင်မြင်မှုများကို အင်္ဂလန်အသင်းဂရုမစိုက်ဟု တိုက်စစ်မှူး ဟယ်ရီကိန်း ပြော

၅၂ နှစ်ကြာ ဆုဖလားများနှင့် ဝေးကွာနေခြင်း အဆုံးသတ်လိုပါက အင်္ဂလန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားတွင် ထူးခြားအောင် လုပ်ပြရမည်ဟု ယုံကြည်ထားကြောင်း တိုက်စစ်မှူးဟယ်ရီ ကိန်းက ပြောသည်။
အင်္ဂလန်သည် ၁၉၆၆ က ကမ္ဘာ့ဖလားရခဲ့ပြီးနောက်ပိုင်း ထိုကဲ့သို့ အောင်မြင်မှုမျိုး ထပ်မံ မဖန်တီးနိုင်ခဲ့ဘဲ အဓိကပြိုင်ပွဲများတွင် အမြင့်ဆုံး အကြိုဗိုလ်လုပွဲ အထိသာ တက်ရောက်နိုင်ခဲ့သည်။ သို့သော် ဂါရက်ဆောက်သ် ဂိတ်၏ လူငယ်အများအပြားပါဝင်သော အသင်းသည် ယခင် ကမ္ဘာ့ဖလား မှတ်တမ်းများဖြင့် အာရုံထွေပြားရမည် မဟုတ်ဟု ဟယ်ရီကိန်းက ပြောသည်။
Read more






