တမူးပြည်ခိုင်ဖြိုးပါတီ ရေကြီးနစ်မြုပ်၍ ရေအခက်အခဲဖြစ်နေသောရပ်ကွက်များကို သောက်သုံးရေလှူဒါန်း

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ်တွင် လွန်ခဲ့သောနှစ်ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ဈေးတန်း ၉/၁ဝ ရပ်ကွက်အတွင်း သောက်သုံးရေအခက်အခဲဖြစ်နေမှုအား တမူး မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်၍ သောက်သုံးရေများလှူဒါန်းခဲ့သည်။

စောအောင်ပွင့်(တမူး)


Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့ မန္တလေးမြို့ရှိအထင်ကရနေရာများသို့ လေ့လာရေးခရီးလည်ပတ်

 

မန္တလေး ဇွန် ၁၃

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့အား မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မန္တလေးမြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးအဖြစ် ယနေ့နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ အလည်အပတ်ပို့ဆောင်ပေးခဲ့သည်။

Read more

ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဒေးဗစ် ဟေးလ် အနားယူကြောင်း ကြေညာ

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဒေးဗစ် ဟေးလ်ဟာ လက်ဝှေ့သမား ဘဝကနေ အနားယူတော့မှာ ဖြစ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။ လက်ဝှေ့အားကစားကနေ အနားယူဖို့ ကြေညာလိုက်တာဟာ နောက်ထပ် တစုံတရာ အသစ်ကို စတင်ဖို့အတွက် ဖြစ်တယ်လို့ ဟေးလ်က ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဟေးလ်ဟာ ပြီးခဲ့တဲ့ မေလက နောက်ဆုံး ထိုးသတ်ထားတဲ့ ပွဲစဉ်မှာ တနိုင်ငံတည်းက တိုနီဘဲလူးကို ရှုံးနိမ့်ထားပါတယ်။

Read more

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် အိမ်ရှင်ရုရှား နိုင်မည်ဟု ကြောင်ဖြူလေး ခန့်မှန်း

အာခီလိဆိုတာ ရုရှနိုင်ငံ စိန့်ပီတာစဘတ်က Hermitage ပြတိုက်မှာ ကြွက်တွေကို ခုတ်ဖမ်းလေ့ရှိတဲ့ ကြောင်လေး တစ်ကောင်ပါ။ ဒါပေမယ့် ဇွန် ၁၄ ရက်မှာ မော်စကိုက Luzhniki အားကစားကွင်းမှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဆော်ဒီအာရေဗျ လက်ရွေးစင်အသင်းကို ရုရှက အောင်ပွဲခံမယ်လို့ ဟောကိန်းထုတ် နမိတ်ဖတ်ခဲ့တာကြောင့် အာခီလိဟာ ခုဆိုရရင် လူထုအချစ်တော် ကြောင်လေးတစ်ကောင် ဖြစ်လာနေပါပြီ။

Read more

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို ၂၀၂၆ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရှိ

အမေရိကန်၊ ကနေဒါ နှင့် မက္ကဆီကိုတို့၏ ပူးတွဲလျှောက် ထားမှုသည် မော်ရိုကိုနိုင်ငံက လျှောက်ထားမှုကို အနိုင်ရရှိပြီးနောက် ယင်းသုံးနိုင်ငံသည် ၂၀၂၆ ကမ္ဘာ့ဖလားကို ကျင်းပခွင့် ရရှိမည်ဖြစ်သည်။

ဖီဖာ၏ ညီလာခံက မြောက်အမေရိက သုံးနိုင်ငံလျှောက်ထားမှုကို ၁၃၄ မဲဖြင့် တစ်ခဲနက် ထောက်ခံပြီး မော်ရိုကိုက ၆၅ မဲသာရရှိခဲ့သည်။ ယင်းမှာ ၂၀၀၂ က ကိုရီးယားနှင့် ဂျပန်ကမ္ဘာ့ ဖလားပြီးနောက် အဆိုပါသုံးနိုင်ငံ က အိမ်ရှင်နိုင်ငံများအဖြစ် ကမ္ဘာ့ဖလားကို ထပ်မံကျင်းပခွင့် ရရှိခြင်းဖြစ်သည်။

Read more

ရီးရဲလ်ကို ကိုင်တွယ်ရန် သဘောတူခဲ့သည့် လူပါတီဂူကို စပိန်ကထုတ်ပယ်ပြီး ဟီယာရိုကို နည်းပြခန့်အပ်

ယနေ့စတင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ရီးရဲလ်နည်းပြ ရာထူးကို ရယူရန် သဘောတူထားသော နည်းပြ လူပါတီဂူကို စပိန်ဘောလုံးအဖွဲ့ချုပ်က ပေါ်တူဂီနှင့် ပထမဆုံး ကမ္ဘာ့ဖလားမပြိုင်မီ နှစ်ရက် အလိုတွင် ထုတ်ပယ်ကာ ဟီယာရိုအား ၎င်းတို့၏နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။

Read more

ကမ္ဘာ့ဖလားဘောလုံးပွဲ ၁၆ ပွဲမြန်မာ့ရုပ်မြင်သံကြားက ပြသမည်

ကမ္ဘာ့ဖလားပွဲကြည့်ရှုရန် ကမ္ဘာတစ်ဝန်းမှပရိသတ်များက မော်စကိုမြို့တွင် တွေ့ဆုံပွဲကျင်းပစဉ် (ဓာတ်ပုံ−အီးပီအေ)

 

ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ  ပွဲစဉ် ၆၄ ပွဲအနက် ၁၆ ပွဲကို မြန်မာ့ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက်ပြသမည်ဖြစ်သည်။

Read more

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု မရှိတော့ဘူးလို့ ထရမ့်ပြော

မြောက်ကိုရီးယားရဲ နျူကလီးယား ခြိမ်းခြောက်မှု မရှိတော့လို့၊ အခုဆိုရင် မြောက်ကိုရီးယားဟာ အမေရိကန် ပြည်ထောင်စုအတွက် အကြီးမားဆုံးနဲ့ အန္တရာယ်အရှိဆုံး ပြဿနာ မဟုတ်တော့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ စင်္ကာပူမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် အမေရိကန်ကို ပြန်ရောက်လာတဲ့ ထရမ့်က ကြေညာလိုက်တာပါ။

Read more

ငွေဖောင်းပွမှုနှင့်အညီ ပင်စင်လစာတိုးမြှင့်ရန် စပိန်အစိုးရသစ် သဘောတူ

ယခင်အစိုးရခေါင်း ဆောင်များလက်ထက်တွင် ခြိုးခြံချွေတာရေး နှစ်များစွာကြာ လုပ်ဆောင်ခဲ့ပြီးနောက် စပိန်အစိုးရ က ၎င်းတို့၏ ဆိုရှယ်လစ်ခေါင်းဆောင်သစ်များသည် ငွေသုံးစွဲမှု ဆီသို့ ထိန်းချုပ်မှုပိုနည်းသော ချဉ်းကပ်မှုမျိုး ဆောင်ရွက်ကောင်း ဆောင်ရွက်မည်ဟုပြောကာ အငြိမ်းစားပင်စင်လစာများကို ငွေဖောင်းပွမှုနှင့် အညီ တိုးမြှင့်ရေး ကနဦးသဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်။

လူမှုဖူလုံရေး ငွေသုံးစွဲမှုကို ထိန်းချုပ်ထားသည့် ပါတီစုံကော်မရှင်က အသေးစိတ်သတ်မှတ်ချက်များကို ဆုံးဖြတ်ရန် လိုနေသေးသော်လည်း ပင်စင်လစာတိုးမြှင့်ရန် သဘောတူခဲ့သည်။

Read more

ကုလသမဂ္ဂ၌ အစ္စရေးအား နိုင်ငံပေါင်း ၁၂၀ ရှုတ်ချပြစ်တင်

ကုလသမဂ္ဂ၊ ဇွန် ၁၄

ဂါဇာက ပါလက်စတိုင်းများ သေဆုံးမှုအတွက် အစ္စရေးနိုင်ငံအား ရှုတ်ချသည့် အာရပ်နိုင်ငံများ ကျောထောက် နောက်ခံပြုသော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂတွင် နိုင်ငံပေါင်း ၁၂၀ ၏ အများစုမဲဖြင့် အတည်ပြုလိုက်သည်။

ဂါဇာက အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အမေရိကန်နိုင်ငံ၏ ဟားမတ်စ်အဖွဲ့အား အပြစ်ဆိုထားခြင်းကိုလည်း ပယ်ချလိုက်ခြင်း ဖြစ်သည်။

Read more