တွဲဖက်ရွှေကျင်သာသနာပိုင်ကြီး၏ဈာပနအတွက်​ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီမှ အလှူ​ငွေများလှူဒါန်း

 

(၂၃.၆.၂၀၁၈)ရက်​​နေ့ နံနက်​ပိုင်းက ဘဝနတ်​ထံပျံလွန်​​တော်​မူခဲ့​သော မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ် မတ္တရာသူဌေးကျောင်းဆရာတော် ရွှေကျင်နိကာယ ဥပဥက္ကဌ တွဲဖက်ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တမာနိတသီရိဘိဝံသ၏ရုပ်​ကလာပ်​အား (၂၅-၆-၂၀၁၈) ရက်နေ့ (၁၁း၀၀)အချိန်​တွင်​မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မဟာ​အောင်​​မြေမြို့နယ်​ပါတီအဖွဲ့တို့မှ သွား​ရောက်​ဖူး​မျှော်​ကန်​​တော့ပြီး အန္တိမဈာပနအတွက်​ တိုင်း​ဒေသကြီးပါတီမှအလှူ​ငွေ(၃)သိန်းကျပ်​လှူဒါန်းခဲ့ပါသည်​။


Read more

သဘာဝဘေးကြောင့် တောင်တွန်းမြေပြိုမှုကြောင့်ပျက်​ဆီးခဲ့​သော မြေထိန်းနံရံ ပြု ပြင်ခြင်းလုပ်ငန်းအား မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လုပ်​အားဒါနကုသိုလ်ပါဝင်

 

(၂၅.၆.၂၀၁၈) ရက်​​နေ့ နံနက်​ပိုင်းတွင်​ မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဌ ဦးဘဌေး ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ အုပ်စုဥက္ကဌများ၊ ပါတီဝင်လူငယ်များအင်အား (၈၀) ခန့်သည် မိုးကုတ်မြို့ မစိုးရိမ်တိုက်သစ်ဓမ္မမာမကကျောင်းတိုက်၏ အနောက်ဘက်တွင် (၁၄.၆.၂၀၁၈) ရက်​​နေ့က သဘာဝဘေးကြောင့် တောင်တွန်းမြေပြိုမှုကြောင့်ပျက်​ဆီးခဲ့​သော မြေထိန်းနံရံ ပြု ပြင်ခြင်းလုပ်ငန်းအား မိုးကုတ်ပြည်ခိုင်ဖြိုးပါတီမှ လုပ်​အားဒါနကုသိုလ်ပါဝင်ခဲ့ကြပါသည်။

Read more

စစ်ကိုင်းတိုင်းဒေသကြီး | ယင်းမာပင်ခရိုင် |ယင်းမာပင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးသို့ ပြည်သူ(၆၈၀)ဦး ပါတီထဲဝင်ရောက်၍ ပါတီဝင်အဆိုပြုလွှာ​ပေးအပ်

 

ယင်းမာပင်​။ ဇွန်​ ၂၄။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ယင်းမာပင်​ခရိုင်​၊ ​ယင်းမာပင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီဝင်(၆၈၀)ဦးအား၊​ အဆိုပြုလွှာစု​ပေါင်း ​ပေးအပ်​ပွဲကို ယ​နေ့(ဇွန်​လ ၂၄)ရက်​က ပညာဇွဲမာန်​ခန်းမ၌ပြုလုပ်​​ခဲ့ရာ၊ယင်းမာပင်​မြို့နယ်​၊ကျေးရွာအုပ်​စု( ၄၆ )အုပ်​စုရှိ ​ကျေးရွာ​ပေါင်း ( ၁၆၂)ရွာနှင့်​ ရပ်​ကွက်​(၂)ရပ်​ကွက်​ရှိ ၊ ပါတီဝင်​အဆိုပြုလွှာစုစု​ပေါင်း (၆၈၀ ) ဦးကို စု​ပေါင်း
အဆိုပြုလွာ​ပေးအပ်​လျက်​ ၊ပါတီဝင်​သစ်​များကို လှိုက်လှဲစွာကြိုဆို၍ တိုင်းပါတီ​ဥက္ကဌဒေါက်​တာမြင့်​သိန်း၊ တိုင်းပါတီအတွင်း​ရေးမှူး ဦး​အောင်​​ဇော်​ဦး ​၊ တိုင်း​ပါတီ​ကော်​မတီဝင် ​ဒေါ်ယဉ်​မာဝင်း၊ တိုင်းအရံပါတီကော်မတီဝင်​ဒေါ်ကြူမိုးသန့်​ တို့ကပါတီဝင်​ရင်​ထိုးတံဆိပ်​များတပ်​ဆင်​​ပေးခဲ့ပါသည်​။

Read more

နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေး

 

ရန်ကုန် ဇွန် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာ ကြသည့် နိုင်ငံရေးပါတီများက မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အခြေအနေများနှင့်ပတ်သက်သော ကိစ္စရပ်များကို ပါတီများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၂ဝ ကျော် တက်ရောက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

Read more

မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံဆွေးနွေး တိုင်းဒေသကြီးပါတီကော်မတီဝင် တက်ရောက်

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ယနေ့နံနက် ၉ နာရီခွဲ၌ တိုင်းဒေသ ကြီးပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးတင့်လွင်ဦး၊ ခရိုင် ပါတီဥက္ကဋ္ဌဦးဝင်းကြည်တို့သည် မိုးကုတ်မြို့နယ်ပါတီ ကော် မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးကြသည်။

ပထမဦးစွာဦးတင့်လွင်ဦးက ယနေ့တိုင်းပြည်အခြေအနေ နှင့် ပါတီအတွက်လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များရှင်း လင်းပြောကြားခြင်း၊ ဦးဝင်းကြည်က ပါတီ၏ခံယူချက်နှင့် သဘောတရားများရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အလုပ် အမှုဆောင် ဦးမြသောင်းက ပါတီ၏လိုအပ်ချက်များ ဆွေးနွေး တင်ပြပြီး နံနက် ၁၁ နာရီတွင် ဆွေးနွေပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

Read more

သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး

 

ရန်ကုန် ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ယမန် နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသ ကြီး၊ခရိုင်၊မြို့နယ်၊ရပ်ကွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

Read more