မုန်းချောင်းရေ ခ တော့မည့် ဘုရားငါးဆူ ဆက်လည်တည်တန့်နိုင်ရေး အရေးပေါ် ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်

Read more

ဒိန်းမတ်-ပြင်သစ်၊ သြစတြေးလျ-ပီရူး၊ နိုင်ဂျီးရီးယား-အာဂျင်တီးနား၊ အိုက်စလန်-ခရိုအေးရှားတို့ ထိပ်တိုက် တွေ့မည့်ည

ဒိန်းမတ်-ပြင်သစ် / ည ၈ နာရီခွဲ

နောက်တစ်ဆင့်တက်ခွင့်ရသည့် ပြင်သစ်အတွက် အရေးမကြီးသော်လည်း ဒိန်းမတ်အသင်းသည် အနိမ့်ဆုံးသရေ ကစားနိုင်မှ အုပ်စုကျွတ်မည်ဖြစ်သည်။ ပြင်သစ်အနေဖြင့်လည်း အုပ်စုဗိုလ်ဖြစ်လိုပါက  တစ်မှတ်လိုအပ်နေသည်။

ဒိန်းမတ်သည် ခံစစ်ကောင်းပြီး ပထမနှစ်ပွဲတွင် ပင်နယ်တီ တစ်ဂိုးသာ ခွင့်ပြုခဲ့ရသော်လည်း တိုက်စစ်က ဂိုးရရန် ရုန်းကန်နေရသည်။ ပြင်သစ်ခံစစ်က နှစ်ပွဲတွင် ပင်နယ်တီ  တစ်ဂိုးသာခွင့်ပြုခဲ့ရပြီး  ရှေ့တန်းနှင့်အလယ်တန်း၌ ဒိန်းမတ်ထက်သာသည်။ သို့သော် ဒိန်းမတ်က တစ်မှတ်ရရန်ရုန်းကန် လာနိုင်သည်။

Read more

စီရော်နယ်ဒို ထုတ်ပယ်ခံရသင့်တယ်လို့ ကွီရော့ဇ် ဒေါသတကြီးဝေဖန်

အီရန်အသင်းနည်းပြ ကားလို့ကွီရော့ဇ်က ပေါ်တူဂီနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက် စီရော်နယ်ဒိုကို ဒိုင်လူကြီးက ထုတ်ပယ်သင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။

Read more

ဗာရက်တီနဲ့ငွေသားပေးပြီး ပေါ့ဂ်ဘာကိုခေါ်ဖို့ မန်ယူဆီပီအက်ဂျီ ကမ်းလှမ်းထားတယ်လို့ဆို


ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်လူ ဗာရက်တီအပြင် ငွေသားပါပေးပြီး မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ယူဘက်က ဒီကမ်းလှမ်းမှုကို စိတ်ဝင်စားခြင်း ရှိ မရှိဆိုတာကိုတော့ မသိသေးပါဘူး။ ပီအက်စ်ဂျီဟာ ဗာရက်တီကို စာချုပ်သစ် ချုပ်လိုပေမယ့် ပေါ့ဂ်ဘာကို ရခဲ့ရင် လက်လွှတ်ဖို့ စီစဉ်ထားလို့ မန်ယူရဲ့ သဘောထားကို သိရအောင်စမ်းသပ်တဲ့အနေနဲ့ ကမ်းလှမ်းထားတာလို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။

Read more

ကမ္ဘာ့ဖလားနည်းပြလစာများတွင် ဂျာမနီအများဆုံးရ၊ ဆီနီဂေါ အနည်းဆုံးဖြစ်

ကမ္ဘာ့ဖလားယှဉ်ပြိုင်နေသော အသင်း (၃၂) သင်းကို ကိုင်တွယ်နေသော နည်းပြများတွင် အသင်းကို အော်ဟစ်၍ တွန်းအားပေးနေသော နည်းပြများရှိသလို တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အကွက်ချနေသော နည်းပြများ တွေ့ရပြီး ၎င်းတို့၏ လစာများလည်း မတူညီပေ။

Read more

ကမ္ဘာ့ဖလားသမိုင်းမှာ အသက်အကြီးဆုံးကစားသမားအဖြစ် အီဂျစ်ဂိုးသမား မှတ်တမ်းဝင်

အီဂျစ်ဂိုးသမား အယ်ဟာဒါရီဟာ ဆော်ဒီကို ၂-၁ နဲ့ရှုံးတဲ့ပွဲမှာ ပွဲထွက်ကစားခဲ့ပြီးနောက်ကမ္ဘာ့ဖလားသမိုင်းမှာ အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲကစားချိန်မှာ ဟာဒါဝီဟာ အသက် ၄၅ နှစ်နဲ့ ၁၆၁ ရက်ရှိခဲ့တာဖြစ်ပါတယ်။ အရင်ကအသက်အကြီးဆုံးဖြစ်သူက ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ကိုလံဘီယာ ဂိုးသမား မွန်ဒရာဂွန်ဖြစ်ပြီး ဂျပန်နဲ့ပွဲကစားချိန်မှာ ၄၃ နှစ်နဲ့ ၃ရက်ဖြစ်ပါတယ်။ အယ်ဟာဒါဝီဟာ ဒီပွဲမှာ ဆော်ဒီဘက်က ကန်သွင်းတဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သေးလို့ သူ့အတွက် ထူးခြားခဲ့တယ်လို့လည်း ဆိုပါတယ်။  

Read more

ကမ္ဘာ့အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို တရုတ်က ဦးဆောင်ရမည်ဟု ဆို

တရုတ်အစိုးရသည် ကမ္ဘာ့ရေးရာတွင် ပိုမိုလွှမ်းမိုးနိုင်ရန်ကြိုးပမ်းနေစဉ် ကမ္ဘာ့အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို တရုတ်နိုင်ငံက ဦးဆောင်ရမည်ဟု သမ္မတ ရှီကျင့်ဖျင်၏ ပြောဆိုချက်ကို ကိုးကား၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားများကို ဆက်လက်ထိန်းသိမ်း၍ တစ်ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေးတွင် ဦးဆောင် ကဏ္ဍမှ ပါဝင်ရမည်ဟု ကွန်မြူနစ်ပါတီ၏ အဆင့်မြင့် အစည်းအဝေး၌ ရှီကျင့်ဖျင်က ပြောခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်သည်။

Read more

ကက်ရှ်မီးယားတွင် အရပ်သားများ အသတ်ခံရခြင်းကို ကာကွယ်ရန် လုပ်ငန်းဆိုင်ခန်းများ ပိတ်ခိုင်းထား

ကက်ရှ်မီးယား၊ ဇွန် ၂၆

အိန္ဒိယရဲ့ တည်ငြိမ်မှု ကင်းမဲ့ရာ ကက်ရှ်မီးယားတောင်ကြားမှာ လုံခြုံရေးတပ်ဖွဲ့တွေ အကြီးစား တပ်ချဖြန့်ကြက် လာမှုနဲ့အတူ လုပ်ငန်းဆိုင်ခန်း စတိုးဆိုင်တွေဟာ ဇွန် ၂၅ ရက်မှာ ပိတ်ထားကြပြီ ဖြစ်ပါတယ်။

ခွဲထွက်ရေးခေါင်းဆောင်တွေက မကြာသေးမီက အရပ်သားတွေ အသတ်ခံရတာမျိုး မဖြစ်အောင် တိုက်တွန်းပြီး  ဆိုင်ခန်းတွေ အားလုံး ပိတ်ကြဖို့ ဆော်သြထားချိန် ခုလို လုံခြုံရေးတပ်တွေကို   ဖြန့်ကြက်လာတာပဲ ဖြစ်ပါတယ်။

Read more

အာဂျင်တီးနာ အထွေထွေ သပိတ်

အာဂျင်တီးနားမှာ အထွေထွေ သပိတ်တရပ် ဆင်နွှဲခဲ့လို့ လုပ်ငန်းအားလုံးရပ်ဆိုင်းသွားခဲ့ ပြီး သန်းနဲ့ချီတဲ့လူတွေ အလုပ်ဆင်းမရ ဖြစ်ခဲ့ပါတယ်။

သပိတ်မှောက်မှုတွေကြောင့် ဗျူနိုအေးရီးစ်မြို့မှာ ရထား၊ ဘတ်စ်ကားနဲ့ မြေအောက်ရထားတွေ ရပ်တန့် သွားခဲ့ပါတယ်။
မြို့တွင်းကိုသွားမယ့်လမ်းတွေကိုလည်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ပိတ်ဆို့ ထားခဲ့ပါတယ်။

Read more

ဆော်ဒီမှာ အမျိုးသမီးတွေ ကားမောင်းခွင့်ရပြီ

ဆော်ဒီ အာရေးဘီးယားနိုင်ငံမှာ အမျိုးသမီးတွေ ယာဉ်မောင်းခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ကန့်သတ်ထားတာ ရုပ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် ဆော်ဒီစံတော်ချိန် တနင်္ဂနွေညသန်းခေါင်ကစပြီး အမျိုးသမီးတွေ ယာဉ်မောင်းခွင့် ရသွားပါပြီ။
အခုလို ယာဉ်မောင်းခွင့် ပိတ်ပင်ထားတာကို ရုပ်သိမ်းလိုက်တာနဲ့အတူ အမျိုးသမီးတွေအတွက် ယာဉ်မောင်း အလုပ်အကိုင် အခွင့်အလန်းလည်း ပွင့်လာပါတယ်။

Read more