မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း

 

၂၈.၆.၂၀၁၈ ၊ မွန်းလွဲ(၂:၀၀) နာရီအချိန် မိုင်းပျဉ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်း၌ မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုပါတီကော်မတီဝင် ဦးစိုင်းထွန်းစိန် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ လူငယ်ပါတီကော်မတီဝင်များတို့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပါသည်။
ဆက်လက်၍ ကျိုင်းတုံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးမှ နေပြည်တော် လူငယ်တွေ့ဆုံပွဲသွားရောက်ခဲ့သည့် မိုင်းပျဉ်းပြည်ခိုင်ဖြိုးလူငယ်ပါတီဝင်များအား ထောက်ပံ့ငွေကျပ် (၁) သိန်းကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းက လူငယ်များထံအပ်နှံပါသည်။

Read more

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းများ ဇူလိုင် ၉ ရက် စတင်ကြေညာမည်

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းများကို ဇူလိုင် ၉ ရက်တွင် စတင်ကြေညာမည်ဖြစ်ပြီး မဲစာရင်းလာရောက် ကြည့်ရှုရန်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေတ္တာရပ်ခံထားသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၉၀၄,၆၃၂ ဦး ရှိကြောင်း ကော်မရှင်ပြောရေးဆို ခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၂၈ ရက်၌ ပြောသည်။

Read more

ကျောက်​ဆည်​ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပြည်​ခိုင်​ဖြိုးပါတီဝင်​များ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အမှာစကား​ပြောကြား

 

ဇွန်​(၂၈)၊​ကျောက်​ဆည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်​ဆည်​ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပြည်​ခိုင်​ဖြိုးပါတီဝင်​များ ​တွေ့ဆုံပွဲအခမ်းအနားကို ​ယ​နေ့ နေ့လည် ၂ နာရီက ​ကျောက်​ဆည်​ခရိုင်​ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်​ ပြုလုပ်ကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​ အမှာစကား​ပြောကြားခဲ့သည်​။

Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

ယနေ့ ၂၈ – ၆ – ၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေးတို့ တက်ရောက်ကြောင်း သိရှိရသည်။

Read more

ပရီးမီးယားလိဂ်ကို ကျောခိုင်းသွားခဲ့တဲ့ ဂန္ထ၀င်ကစားသမား ရွန်နီ

အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ၀ိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ မေဂျာလိဂ်အပြောင်းအရွှေ့ စတင်ဖွင့်လှစ်မယ့် ဇူလိုင် (၁၀) ရက်နေ့မှာ ရွန်နီဟာ ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့မှု အပြီးသတ် ပြည့်စုံတော့မှာလည်း ဖြစ်ပါတယ်။

Read more

အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာ ရွှေနှင့်ငွေ နှစ်ခုစီရရှိ

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၌ မြန် မာနိုင်ငံက ရွှေတံဆိပ်နှင့် ငွေတံဆိပ်နှစ်ခုစီ ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၂၅ မှ ၃၀ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိပ်ပြည်နယ်တွင် ကျင်းပပြီး ၁၁ နိုင်ငံမှ ကစားသမား ၅၀ ကျော် ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသား ကာယဗလပြိုင်ပွဲ ၆၀ ကီလိုတန်း၌ ကျော်မင်းသန်းက ရွှေတံဆိပ်တစ်ခုနှင့် ၇၀ ကီလိုတန်းတွင် သောင်းတန်က ရွှေတံဆိပ်တစ်ခု ဆွတ်ခူးခဲ့သည်။

Read more

ဘယ်လ်ဂျီယံကို ရှုံးလို့ ပျော်နေတဲ့ အင်္ဂလိပ်မီဒီယာတွေ

မနေ့ညကကစားခဲ့တဲ့ပွဲမှာ ဘယ်လ်ဂျီယံကိုရှုံးနိမ့်ပြီး အုပ်စုဒုတိယသာရရှိခဲ့ပေမယ့် ဒါဟာ နိုင်တာထက်တောင်မှ ပိုပြီးကောင်းမွန်တဲ့အခြေအနေအဖြစ် အင်္ဂလိပ်မီဒီယာတွေနဲ့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ အဲဒီပွဲစဉ်မှာ ရှုံးနိမ့်မှုကြောင့် အင်္ဂလန်ဟာ ရှုံးထွက်အဆင့်မှာ ဂျပန်နဲ့မတွေ့တော့ဘဲ ပိုမိုခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တဲ့ ကိုလံဘီယာနဲ့ရင်ဆိုင်ရမှာပါ။

Read more

အမေရိကန်နိုင်ငံ မီဒီယာတစ်ခုက သတင်းခန်းအတွင်း ၀င်ရောက်ပစ်ခတ်မှု ဖြစ်၍ ငါးဦး သေဆုံး

နယူးယောက်၊ ဇွန် ၂၉

အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ်က ဌာနေသတင်းစာတိုက်အတွင်း သေနတ်သမားတစ်ဦး ၀င်ရောက် ပစ်ခတ်ရာ လူငါးဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။

ယခု ပစ်ခတ်မှုသည် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအဖြစ် ရဲက ပြောဆိုထားသည်။

တိုက်ခိုက်သူသည် ပြောင်းချောသေနတ်နှင့် မီးခိုးဗုံးတို့ဖြင့် ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ကာ သတင်းခန်း မှန်ကို ပစ်ခွဲပြီး ၀င်ရောက်လာခြင်း ဖြစ်ကြောင်း Capital Gazette သတင်းစာတိုက် ၀န်ထမ်းများက ပြောသည်။

Read more

ကမ္ဘာ့အကြီးဆုံး ရေကြောင်း စစ်ရေးလေ့ကျင့်ရန် ၂၅ နိုင်ငံမှ ရေတပ်သင်္ဘောများ ပုလဲဆိပ်ကမ်း ရောက်

ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုအတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံက ရေတပ်သင်္ဘောတွေဟာ ဟာဝိုင်ယီကျွန်းက အမေရိကန် ပူးတွဲလေတပ် ပုလဲဆိပ်ကမ်းကို ရောက်ရှိနေပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ နိုင်ငံတွေဟာ တပ်သား ၂၅,ဝဝဝ၊ ရေတပ်သင်္ဘော ၄၇ စီးနဲ့ ရေငုပ်သင်္ဘော ၅ စီး၊ လေယာဉ်အစီး ၂ဝဝ ကျော် စေလွှတ်ထားပါတယ်။

Read more

လူကုန်ကူးမှု အဆိုးဆုံးထဲ မြန်မာပါဝင်

မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ လူမှောင်ခိုကူးမှု အဆိုးရွားဆုံးဖြစ်ပျက်နေတဲ့ နိုင်ငံတွေထဲကတခုအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်ပါတယ်။

ဇွန်လ ၂၈ ရက်၊ သောကြာနေ့ကထွက်လာတဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာထဲမှာ အဲဒီလို သတ်မှတ်လိုက်တာပါ။

Read more