မယ်ဆိုင်ဂူထဲက ကလေးတွေကို လောလောဆယ် အလျှင်အမြန် ခေါ်ထုတ်လာဖို့ အဆင်မပြေနိုင်သေး၊ စိုးရိမ်စရာတော့မလို

Update: 9:54AM ၊ 3/7/2018

မယ်ဆိုင်ဂူအတွင်း ရှာဖွေကယ်ဆယ်ရေး (၁၀)ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ညပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ လူငယ်(၁၃)ဦးဟာ ယနေ့ ဇူလိုင်လ(၃)ရက်နေ့ နံနက်(၁၀)၀န်းကျင်အထိ ဂူထဲမှာပဲ ရှိပါသေးတယ်။

Read more

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမျိုးသမီးရေးရာကော်မတီနှင့်အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၁၈) ဖွင့်ပွဲအခမ်းအနား

 

မိုးကောင်း၊ ဇူလိုင် ၂

Read more

ရှမ်းမြောက် မိုးမိတ်ခရိုင် လူငယ်များ ဘုရားတည်ဆောက်ရေး လုပ်အားကုသိုလ်ယူ

 

ရှမ်းမြောက် မိုးမိတ်ခရိုင် ဥက္ကဌ ဦးစိုးမြင့် မြို့နယ်ပါတီဥက္ကဌ ဒေါ်နန်းခင်မြင့်ဌေးနှင့် မြို့နယ်ကော်မတီဝင်၊ အရံကော်မတီဝင်၊ ရပ်/ကျေး ဥက္ကဌများ၊ လူငယ်ပါတီဝင်များ၊ ခရိုင် / မြို့နယ်ရုံးအဖွဲ့များ စုစုပေါင်း (၆၀) ဦးတို့သည် ယနေ့နံနက် (၆း၄၅) အချိန်တွင် လက်ခုပ်တန်းရပ်ကွက် သန္တိသုခဓမ္မာရုံ ပရိဝုဏ် အတွင်း၌ တည်ထားကိုးကွယ်မည့် လောကမာရ်အောင်စေတီတော် တည်ဆောက်ရေး ကျောက်သရစ်လောင်းခြင်းလုပ်ငန်းတွင် လုပ်အားကုသိုလ်ယူခဲ့ကြပါသည်။ အလှူရှင်များမှ ကောက်ညင်းပေါင်း၊ အကြော်၊ ကော်ဖီ၊ လဘက်ရည်များ ဧည့်ခံကျွေမွေးခဲ့ကြပြီး နံနက် (၁၀း၄၅) တွင် လုပ်အားကုသိုလ် ရပ်နားခဲ့ကြပြီး ရေစက်ချအမျှအတမ်း ပေးဝေခဲ့ကြပါသည်။

Read more

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်အုပ်စု၊ နဘူးအိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပ

 

ယနေ့ (2.7.2018) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်အုပ်စု၊ နဘူးအိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဥက္ကဌနေအိမ်တွင် နံနက် (10:30) တွင် ဆိုင်းဘုတ်တင်အခမ်းအနားကို ကျင်းပပြီး မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့်မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝေမျိုးဟန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီဝင် (၈၀) ဦး တက်ရောက်ခဲ့ပြီး နေလည် (12:15) နာရီအချိန်တွင် ညောင်ဝန်ကျေးရွာ ရပ်/ကျေးပါတီဥက္ကဌနေအိမ်တွင် ဆက်လက် ဆိုင်းဘုတ်တင်ပြီး နေ့လည် (1:45) အချိန်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

Read more

ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် အစည်းအဝေး ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် အစည်းအဝေးကို ၁. ၇ .၂၀၁၈ ရက်နေ့က ကျင်းပခဲ့ပါသည်။
ယင်းအစည်းဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးသာဝင်း တက်ရောက်၍ ၂၀၁၇ / ၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင် ဂုဏ်ထူးရကျောင်းသူကျောင်းသားတို့အား ဆုချီးမြှင့်ရန်နှင့် ဝါဆိုသင်္ကန်းကပ်ရန် ရပ်ကွက်ထဲရှိ အမာခံပါတီဝင်တို့အား တွေ့ဆုံရန် မှာကြားသွားခဲပါသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘချစ်၊ အတွင်းရေးမှူး ဦးအောင်ဇော်ရဲနှင့် အမှုဆောင်တို့က အသီးသီးတင်ပြကြပြီး အစည်းအဝေးကို ညနေ ၀၄း ၀၀ နာရီအချိန်တွင် အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ပါသည်။

Read more

မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံအသစ်တင် အခမ်းအနားပြုလုပ်

 

2.7.2018 ၊11:30am

မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံအသစ်တင်အခမ်းအနားသို့ မြို့  နယ်ပါတီဥက္ကဌ ဦးဘဌေးနှင့် မြို့ နယ်ခရိုင်ကော်မတီဝင် ဦးတင်မောင်ဦး၊ မြို့ နယ်ကော်မတီဝင်များ ၊ အရံကော်မတီဝင်များ ၊ အုပ်စုဥက္ကဌများ ပါတီဝင်လူငယ်မောင်မယ်များ စုစုပေါင်းအင်အား (၁၂၀) ခန့် တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပါတီဝင်လူငယ်နှစ်ဦးမှ နိုင်ငံတ်ေအလံနှင့် ပါတီအလံသစ်အား လွှင့်ထူပြီး မြို့နယ်ပါတီဥက္ကဌက ပါတီဆိုင်းဘုတ်အသစ်အား အမွှေးနံ့သာရေများ ပက်ဖျန်း၍ ပါတီအောင်နိုင်ပါစေကြာင်း ဆုတောင်းမေတ္တာပို့သပါသည် ။ ထို့နောက် တက်ရောက်လာသူများမှ ပါတီ သံဓိဌာန်အား ရွတ်ဆိုပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ။

Read more

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်အခမ်းအနား ကျင်းပ

 

ယ​နေ့ (2.7.2018) ရက်​​နေ့ နံနက် (9:00) နာရီအချိန်​၌ စဥ့်ကိုင်မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ပါတီအလံသစ်​တင်​အခမ်းအနား ကျင်းပပြုလုပ်​ခဲ့ပါသည်​။
အခမ်းအနားသို့ တိုင်းပါတီ​ကော်​မတီဝင်​ ​ဒေါ်သိဂီ်​​​အောင်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​ (မြို့နယ်​တာဝန်​ခံ) ​ဒေါ်ခင်​နွယ်​မြင့်၊ မြို့နယ်​ပါတီဥက္ကဌ ဦးကြည်​ပြုံး၊
အတွင်း​ရေးမှူး ဦးထွန်းထွန်းနိုင်​နှင့် ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများနှင့်အဖွဲ့ဝင်​များ ပါတီလူငယ်​များ တက်​​ရောက်​ကြပါသည်​။


Read more

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စုပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သင်တန်းအတွေ့အကြုံ ရှင်းလင်းပွဲ

 

ကျုံ​ပျော်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ မြို့နယ်​နှင့် ရပ်​ကွက်​/​ကျေးရွာ အုပ်​စုပါတီများပုံမှန်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးနှင့် သင်​တန်းအ​တွေ့အကြုံရှင်းလင်းပွဲအခမ်းအနားတွင်​ တိုက်​နယ်​အလိုက်​ ​ကျေးရွာအုပ်​စုအလိုက်​ စည်း​ရုံး​ရေးအား​ကောင်း​သော စည်းရုံး​ရေးစွမ်း​ဆောင်​ရည်​ဆုများ ချီးမြှင့်​​ပေးအပ်​ခဲ့ပါသည်​။
အခမ်းအနားတွင်​ တက်​​ရောက်​လာသည့် ရပ်​/​ကျေး​ကော်​မတီများကိုယ်​စား ဥက္ကဌတစ်​ဦးနှင့် လူငယ်​များကိုယ်​စား လူငယ်​ကျားတစ်​ဦး၊ မတစ်​ဦးတို့မှ ​ကျေးဇူးတင်​စကား​ပြောကြားပြီး မြို့နယ်​ပါတီဥက္ကဌမှ နိဂုံးချုပ်​​ပြောကြားပြီး အခမ်းအနားကို ​အောင်​မြင်​စွာပြီးဆုံးခဲ့ပါသည်​။

USDP KPW NEWS .

Read more

ချမ်းမြသာစည်မြို့ နယ် မြို့ သစ်အမှတ် (၂ ) ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်နှင့် အလံတော်တင်ပွဲအခမ်းအနား ကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့ နယ် မြို့ သစ်အမှတ် (၂ ) ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်နှင့် အလံတော်တင်ပွဲအခမ်းအနားကို ၁. ၇ . ၂၀၁၈ ရက်နေ့  နံနက် ၈ နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့  ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ ခရိုင်ကော်မတီများဖြစ်ကြသော ဦးတင်မြင့်၊ ဦးဝင်းလှိုင်ငြိမ်း၊ ဦးညီညီမင်း ၊ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ အတွင်းရေးမှူး ဦးကျော်သက်ထွန်း ၊ မြို့ နယ်ကော်မတီများ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ ၊ ပါတီဝင်များ စုပေါင်းပျော်ရွှင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Read more

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ

 

ငါန်းဇွန် ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး မြင်း ခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းမြာ ကြီးကျေးရွာအုပ်စု ငါန်းမြာကြီး ကျေးရွာ အောင်သိဒ္ဓိရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် ဦးတုပ်နေအိမ် ၌ ယမန်နေ့နံနက် ၁ဝနာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ် တင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

Read more