Year: 2026
ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ခရိုင် မြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဘားအံ ဇူလိုင် ၂
ဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် သည် ယမန်နေ့နံနက် ၁ဝ နာရီက ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်မတွင် ကျင်းပသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ခဲ့သည်။
အီဂျစ်တိုက်စစ်မှူး ဆာလက် လီဗာပူးအသင်းနှင့် ငါးနှစ်စာချုပ် သက်တမ်းတိုး

လန်ဒန် – ကမ္ဘာ့ဖလားမှ စောစော စီးစီးထွက်ရသည့် အီဂျစ်အသင်းတိုက်စစ်မှူး မိုဟာမက်ဆာလက်သည် လီဗာပူးတွင် ငါးနှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
ဆာလက် (၂၆) နှစ်သည် ပြီးခဲ့သည့်နွေရာ သီကလီဗာပူးသို့ ပေါင် ၃၄ သန်းဖြင့် ရောက်လာပြီး ကလပ်အတွက် ၅၂ ပွဲ ကစားထားကာ ၄၄ ဂိုးသွင်းယူခဲ့သည်။ ၎င်း၏စာချုပ်သစ်သည် ၂၀၂၃ တွင် သက်တမ်း ကုန်မည်ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ပါဝင်ခြင်း မရှိပေ။
Read moreဆွီဒင်-ဆွစ်ဇာလန်၊ ကိုလံဘီယာ-အင်္ဂလန် တို့ အကြိတ်အနယ် ယှဉ်ပြိုင်မည့်ည

ဆွီဒင်-ဆွစ်ဇာလန်
(ည ၈ နာရီခွဲ)
ဂျာမနီ၊ မက္ကဆီကိုနှင့် တောင်ကိုရီးယားတို့ပါဝင်သော အုပ်စုတွင် ဆွီဒင်အုပ်စုပထမရခဲ့ခြင်းသည် ကံကြောင့် မဟုတ်ဘဲ ကြိုးစားမှု၏ ရလဒ်သာဖြစ်သည်။
ဂျာမနီကို နာကျင်အချိန်ပိုအနိုင်ဂိုးဖြင့် ရှုံးနိမ့်ပြီး မျှော်လင့်ချက်မဲ့သလိုဖြစ်ခဲ့သော်လည်း ဆွီဒင်သည် မက္ကဆီကိုကို သုံးဂိုးပြတ် အနိုင်ယူခဲ့ခြင်းက စိတ်ဓာတ်မာကျောမှုကြောင့်ဖြစ်သည်။ မျှော်လင့်ခံထားရခြင်း မရှိသောကြောင့် ဖိအားကင်းကင်း ကစားနိုင်ခြင်းက ဆွီဒင်အတွက် အားသာချက် ဖြစ်စေသည်။
Read moreနေမာနဲ့ ပတ်သက်တဲ့သတင်းတစ်ခုကို တရားဝင် ငြင်းဆိုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ တရားဝင်ငြင်းဆိုသွားတယ်လို့ သိရပါတယ်။ မနေ့ညက စပိန်လူထုရုပ်သံတစ်ခုဖြစ်တဲ့ TVE သတင်းဌာနဟာရီးရဲလ်မက်ဒရစ်အနေနဲ့ နေမာအတွက် PSG ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း (၃၁၀) နဲ့ ကမ်းလှမ်းလိုက်တယ်ဆိုပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နေမာအနေနဲ့ ပဲရစ်မှာ အဆင်မပြေ ဖြစ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လာလီဂါကို ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းများက ဖော်ပြခဲ့တာလည်း ကြာနေပြီ ဖြစ်ပါတယ်။
Read moreရုရှားကို ရှုံးပြီးနောက် စပိန်နည်းပြ ဟီယာရိုနှင့် ပီကေး အများဆုံးဝေဖန်ခံရ

အိမ်ရှင်ရုရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရပြီးနောက် စပိန်နည်းပြ ဟီယာရိုနှင့် နောက်ခံလူပီကေးတို့ကို ရီးရဲလ်ပရိသတ်များက အဓိကဝေဖန်နေကြသည်။
ရီးရဲလ်က ခေါ်ယူခဲ့သည့် စပိန်နည်းပြဟောင်း လိုပါတီဂူကို ထုတ်ပယ်ခဲ့သည့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လူးဝစ်ရူဘီယာလက်စ်လည်း ဝေဖန်ခံနေရကာ ဂိုးသမားဒီဂီယာ၏ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်နေသည်။
Read moreကင်ဂျုံအန်းနှင့် ဆွေးနွေးရန် ကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယား သွားမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဆွေးနွေးဖို့ အတွက် မြောက်ကိုရီးယားကို ဇူလိုင် ၅ ရက်နေ့ သွားရောက်မှာ ဖြစ်ပါတယ်။
“ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့ရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ဖို့၊ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သူ့အစိုးရအဖွဲ့တို့ကို တွေ့ဆုံဖို့ ဝန်ကြီး ပွန်ပီယို ဇူလိုင် ၅ ရက်မှာ မြောက်ကိုရီးယားကို သွားပါလိမ့်မယ်” လို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး ဆာရာ ဆန်ဒါက ပြောကြား သွားတာဖြစ်ပါတယ်။
Read moreလက်ဝဲဝါဒီလိုပက်ဇ်အိုဘရာဒါ မက္ကဆီကိုသမ္မတသစ်အဖြစ် ရွေးကောက်ခံရ

ဇူလိုင် ၁ ရက် က ကျင်းပခဲ့သော မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် လက် ဝဲဝါဒီ လိုပက်ဇ်အိုဘရာဒါက ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။
မက္ကဆီကိုစီးတီးမြို့တော်ဝန်ဟောင်း အိုဘရာဒါသည် မဲ ၅၃ ရာခိုင်နှုန်းခန့် ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ တာဝန်ရှိသူများက ပြောပြီး ယင်းမှာ ၎င်း၏ အနီးကပ်ဆုံး ပြိုင်ဘက်ထက် မဲရာခိုင်နှုန်း နှစ်ဆကျော် အသာရခြင်းဖြစ်သည်။
Read moreဆစ်ခ်ဘာသာဝင် ၁၃ ဦးသေဆုံးခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်ခံရအပြီး အာဖဂန် ဆစ်ခ်ဘာသာဝင်တွေ အိန္ဒိယကို ပြောင်းရွှေ့ ဖို့  စဉ်းစားနေ

အာဖဂန်နစ္စတန်နိုင်ငံ ဂျာလာလာဘတ်မြို့ မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ၄င်းတို့ ဘာသာဝင် ၁၃ ဦး သေဆုံးခဲ့ရအပြီး အာဖဂန်မှာ နေထိုင်တဲ့ ဆစ်ခ်ဘာသာဝင် လူနည်းစုဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ကြဖို့  စဉ်းစာနေကြပြီလို့  ဆိုပါတယ်။
Read moreမလေးရှားမှာ ရာနဲ့ချီတဲ့ ဘဏ်စာရင်းတွေ ပိတ်

1MDB ရန်ပုံငွေကို မလျော်မကန်လုပ်မှုနဲ့ အလွဲသုံစားလုပ်မှုနဲ့ ဆက်စပ်ပြီး ရာနဲ့ချီတဲ့ ဘဏ်ငွေစာရင်းတွေကို ရုံးမိန့်နဲ့ ပိတ်ပစ်လိုက်ပြီလို့ မလေးရှား တာဝန်ရှိသူတွေက မနေ့ကပြောကြားပါတယ်။ ပုဂ္ဂလိက တစ်ဦးချင်း၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဘဏ်စာရင်းတွေ ပိတ်ပစ်တာပါ။ အဂတိလိုက်စားမှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်မှုနဲ့ စုစုပေါင်းဒေါ်လာ ၂၇၂ သန်းရှိတဲ့ ဘဏ်ငွေစာရင်း ၄၀၈ ခုကို ပိတ်ပစ်တယ်လို့ ဆိုပါတယ်။ 1MDB ရဲ့ ရန်ပုံငွေ ရရှိတယ်လို့ ယုံကြည်ရတဲ့ ပုဂ္ဂိုလ် ၈၁ ယောက်နဲ့ ကုမ္ပဏီ ၅၅ ခုရဲု့ ဘဏ်စာရင်းတွေ ပိတ်ပစ်တာလည်း ဖြစ်ပါတယ်။
Read more







