ထိုင်းကယ်ဆယ်ရေး အဖွဲ့ဝင် ၁ ဦး သေဆုံး

ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားလူငယ်ဘောလုံးအသင်း ဝင် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာ ပြန်လည် ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေသူ ထိုင်းရေတပ် ရေငုပ်သမားဟောင်း တယောက် သေဆုံးခဲ့ပါတယ်။
ဆမန်ခူနမ် (အသက် ၃၈ နှစ်) ဟာ ထမ်လွန်နမ့်နွန် ဂူထဲကို ထောက်ပံ့ရေး ပစ္စည်းတွေ ပို့အပြီး အပြန်လမ်းမှာ သတိမေ့မျောသွားခဲ့တယ်လို့ ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read more












