၂၁ ရာစုပင်လုံသို့ ဆွေးနွေးရန် တင်သွင်းသည့်အချက်အားလုံးကို ညီလာခံရလဒ်အဖြစ် သတ်မှတ်ရန် ပူးတွဲ ကော်မတီ သဘောတူ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံသို့ဆွေးနွေးရန်တင်သွင်းသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများဟူသည့်ကဏ္ဍလေးရပ်မှ အချက် ၁၄ ချက်ကို ညီလာခံရလဒ် အဖြစ် သတ်မှတ်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးက သဘော တူညီခဲ့သည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ညီလာခံကိုယ်စားလှယ်များ ဆွေးနွေးခဲ့သည့်အချက်များအနက် မပြေလည်သည့် နိုင်ငံရေးနှင့် မြေယာကဏ္ဍမှ အချက်လေးချက်ကို ညှိနှိုင်းရန် UPJDC အစည်းအဝေးကို ဇူလိုင် ၁၅ ရက်တွင် ညီလာခံကျင်းပရာ နေပြည်တော်ရှိ MICC – II ခန်းမ၌ ကျင်းပခဲ့သည်။

Read more

ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးလက်ဒေသ ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေး

ညောင်ဦး၊ ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညောင်ဦးမြို့နယ် ညောင်ကြီး ကျေးရွာ ယမ်းစမ်းကျေးရွာအုပ်စုနှင့် ရွာသာအေးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ၆ဝ ခန့် တက်ရောက်ပြီး ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ၌ ပါတီအောင်နိုင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များအား ပါတီဝင်လူထုများနှင့် တွေ့ ဆုံ၍ နိုင်ငံရေးစကားဝိုင်းများ ကျင်းပခဲ့သည်။

Read more

ဆိပ်ကြီးခနောင်တို ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဆိပ်ကြီးခနောင်တို ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး လူငယ်ရေးရာတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။

Read more

ဆေးဝါး အခမဲ့ ကုသခံနေသော ရဟန်းရှင်လူပြည်သူများကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်မှ အားပေးစကား ပြောကြား

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဖြိုးစေတနာဆေးကုအဖွဲ့သည် တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက် သီရိလမ်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ကိုရင်ငယ်များ၊ ပြည်သူများ ကို ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး ဆေးဝါးများ ကုသပေးလျက်ရှိသည်။

Read more

ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်း

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်ရေးရာတာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။

Read more

ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

ထီးချိုင့်၊ ဇူလိုင် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့၌ ကျင်းပရာ ရှေးဦးစွာ မင်္ဂလာအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလံသစ်အား လွှင့်တင်ပြီး နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံးရှေ့ လျောင်းတော်မူဓမ္မာရုံတွင် ကျင်းပရာ နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်သည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ မော်လမြိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

မော်လမြိုင်၊ ဇူလိုင်- ၁၅

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး၌ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်သိန်းမှ မော်လမြိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ရှေ့ဦးစွာ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌမှ ပါတီဝင်များအနေဖြင့် စုစည်းညီညာစွာ ပါတီအောင်နိုင် ရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် လူပုဂ္ဂိုလ်ကို ဦးစားမပေးပဲ၊ ပါတီမျက်နှာကိုသာ ကြည့်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ပါတီဗဟိုရဲ့လမ်းညွှန်ချက်များ၊ မိမိတို့ပါတီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့သည်။

Read more

မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ပြုလုပ်

၁၅.၇.၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အရှေ့ရပ်ကွက် ဦးလှထွန်းတင် နေအိမ်တွင် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရပ်ကွက်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးခရိုင် နယ်မြေတာဝန်ခံ တိုင်းကော်မတီ ဦးမျိုးမြင့်၊ တိုင်းကော်မတီဦးကျော်စန်း၊ ခရိုင်ကော်မတီများ၊ အောင်မြေသာစံမြို့နယ် ယာယီဥက္ကဌ ဦးဆွေချစ်စိုး (ဘဏ္ဍာရေးမှူး) နှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက်၍ ရပ်ကွက်ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပါသည်။

Read more

မုံရွာခရိုင် / မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ် ကျောင်းသား/သူများကို အာဟာရဒါနကုသိုလ်ကောင်းမှုပြု

မုံရွာမြို့နယ် ဘုဘကျေးရွာအုပ်စုရှိ နဂါးရုံဘုရားကြီးကျောင်းတိုက်၌ ဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ် ဆရာ/ ဆရာမ ၊ ကျောင်သား/သူတို့ကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၁၀း၃၀) အချိန်တွင် အာဟာရကုသိုလ်ပြုခဲ့ကြ သည်။ အာဟာရဒါနကုသိုလ်ကောင်းမှုပွဲသို့ မုံရွာခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များ တက်ရောက်ကြပါသည်။

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ

ဘောလခဲ၊ ဇူလိုင် ၁၅

ယနေ့ (၁၅-၇ -၂၀၁၈) ရက်နေ့ နံနက် (၁၀း၄၅) နာရီအချိန် ကယားပြည်နယ် ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံကာ ပါတီလုပ်ငန်းကိစ္စရပ်များ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းများ အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

Read more