ရုရှားလူမျိုးတစ်ဦးကို အမေရိကန် ဖမ်းဆီး

အမေရိကန်နိုင်ငံ တရားရုံးချုပ်အားတွေ့ ရစဉ်(ဆင်ဟွာ)

 

အမေရိကန်နိုင်ငံတရားဌာန(DOJ) က အမေရိကန်နိုင်ငံ၏ နိုင်ငံရေး၌ ဝင်ရောက်ခြေရှုပ်ရန် ကြိုးပမ်းနေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ရုရှားလူမျိုး အမျိုးသမီးတစ်ဦးကို ဇူလိုင် ၁၆ ရက်တွင် ဖမ်းဆီးတရားစွဲဆိုလိုက်ကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ် Maria Butina ဆိုသူ အမျိုးသမီးအား ၄င်းနေထိုင်ရာ ဝါရှင်တန်ဒီစီမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း DOJ ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

Read more

အမေရိကန်ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ဘယ်တုန်းကမှ မစွက်ဖက်ခဲ့ဟု ပူတင်ပြော

ထရမ့်နဲ့ ပူတင်တို့ရဲ့ သမိုင်းဝင် ထိပ်သီးအစည်းအဝေး စတင်

ဟယ်ဆင်ကီ၊ ဇူလိုင် ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးတွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ရုရှသမ္မတ ဗလာဒီမာပူတင်က မော်စကိုအနေနဲ့ အမေရိကန် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ဘယ်တုန်းကမှ အနှောင့်အယှက်ပေး စွက်ဖက်ခဲ့ခြင်း မရှိကြောင်း ဇူလိုင် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

Read more

မိကျောင်း ကိုက်ခံရတဲ့ ရွာသားအတွက် မိကျောင်း ၃၀၀ ကို ပြန်သတ်

အင်ဒိုနီးရှား Papua ပြည်နယ်မှာ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံးသွားခဲ့တဲ့နောက် ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုက မိကျောင်း ကောင်ရေ ၃၀၀ နီးပါးလောက်ကို လက်စားချေ သတ်ဖြတ် ပစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ လက်စားချေ သတ်ဖြတ်မှု ဖြစ်စဉ်ဟာ ဇူလိုင် ၁၄ ရက် အဆိုပါ ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Read more

အမြန်ဆုံး နှုန်းဖြင့် အင်အား တိုးချဲ့လာနေသည့် တရုတ်ရေတပ်

တရုတ်ရေတပ်သည် ကမ္ဘာပေါ်ရှိ မည်သည့် ရေတပ်မျှ လိုက်မမီနိုင်သော မြန်နှုန်းမျိုးဖြင့် အင်အား တိုးပွားလာနေကြောင်း သိရသည်။

အဓိက ပြိုင်ဘက် အမေရိကန်ကို မယှဉ်နိုင်သေးသည့်တိုင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့၏ ရေတပ်သည် အင်အား တိုးချဲ့ တည်ဆောက်မှုတွင် အမြန်ဆုံး ရေတပ်ဖွဲ့အဖြစ် ရပ်တည်နေကြောင်း Rand Corp၏ အကြီးတန်း သုတေသီ တင်မိုသီ ဟိသ်က မှတ်ချက်ပြုခဲ့သည်။

Read more

မြွေပွေး မြွေဟောက် ကိုက်ခံရပါက ကြောက်စရာမလို

သက်စောင်သမားတော်ဂျာနယ် လူနှင့်တိရိစ္ဆာန်တို့ကို အသက်သေသည်အထိ အန္တရာယ်ပြုနိုင်သော ကိုက်တတ် သည့် မြွေများအနက်အများဆုံးမှာ မြွေပွေးမြွေဟောက်ဖြစ်လေ့ရှိသည်။ ထိုမြွေပွေးမြွေဟောက် အကိုက်ခံရသည် မှာလည်း မြို့ရွာအတွင်းထက် တောထဲတောင်ထဲမှာ အကိုက်ခံရများလေ့ရှိသည်။ တောတောင်အတွင်း မြွေပွေး မြွေဟောက် အကိုက်ခံရပါက ဆေးရုံဆေးခန်း ရှိရာသို့ပို့ ဆောင်ရန် ချက်ချင်းမလွယ်ကိုနိုင်သော်လည်း မြွေဆိပ် တို့မှာမူ လျင်မြန်စွာပျံ့နှံ့တတ်သဖြင့် လက်ဦးမှုယူ၍ လျင်မြန်စွာ ကုသရန်လိုပါသည်။

Read more

ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ကီဝီသီး

ကီဝီသီးတွေဟာ သေးငယ်ပေမယ့် အကျိုးများစေတဲ့ အသီးတစ်မျိုးပါ။ မြန်မာနိုင်ငံမှာ ၀ယ်ဖို့အတွက် သိပ်ပြီး မလွယ်ကူစေပေမယ့် City Mart တွေမှာတော့ ရနိုင်ပါတယ်။ ပိုတက် ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်အီးနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် ဗီတာမင်စီမှာ လိမ္မော်သီး ထက်ပင် ၂ဆ ပိုမို ပါဝင်မှု များပြားပါတယ်။

Read more

Lenovo Watch 9 နဲ့ ယှဉ်ပြိုင်မယ့် Mijia Quartz Watch နာရီသစ်ကို Xiaomi မိတ်ဆက်

Xiaomi ဟာ classic ဒီဇိုင်းနဲ့ စမတ်လုပ်ဆောင်ချက်အချို့ပါဝင်တဲ့ hybrid နာရီသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ ပါတယ်။ Mijia Quartz Watch ဟာ analog နာရီတစ်လုံးနဲ့ ဆင်တူပေမယ့် ဖုန်းနဲ့ ချိတ်ဆက်လိုက်တဲ့အခါ စမတ် feature တွေကို unlock လုပ်ပေးမှာ ဖြစ်ပါတယ်။

Read more

NCA မထိုးရသေးသည့် အဖွဲ့များနှင့် လာမည့်ရက်ပိုင်းအတွင်း ညှိနှိုင်းမည်

ယခင်က NCA တွင် ပါဝင်ခြင်းမပြုရန် ငြင်းပယ် ခံထားရသည့် တအာင်း (TNLA)၊ ကိုးကန့် (MNDAA) နှင့် ရခိုင် (AA) တို့အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်ခုနစ်ဖွဲ့စလုံး NCAထိုးနိုင်ရေး ညှိနှိုင်းမည်ဟု အစိုးရ ကိုယ်စားလှယ်  ဦးဇော်ဌေးက ပြောကြားသည်။ ဇူလိုင် ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအ ဝေးအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ပြောကြားသည်။

Read more

စစ်ဖြစ်ပွားခြင်းနှင့်နှိုင်းယှဉ်လျှင် ငြိမ်းချမ်းရေးညီလာခံအတွက် ကုန်ကျငွေသည် လူထုအတွက် အကျိုးရှိ၍ မနှမြောကြရန် UPDJC ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းပြော

စစ်ပွဲများဖြစ်ပွား ခြင်းနှင့် နှိုင်းယှဉ်ပါက ငြိမ်းချမ်း ရေးညီလာခံအတွက် သုံးစွဲသည့် ငွေကြေးသည် ပြည်သူလူထုအ တွက် ပိုမိုအကျိုးရှိ၍ ငွေကြေးသုံးစွဲမှုအပေါ် နှမြောခြင်းမရှိရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) တိုင်း ရင်းသားလက်နက်ကိုင်အစုအဖွဲ့ ဒုဥက္ကဋ္ဌဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောသည်။

Read more