ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ကျောက်တန်းမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ပါတီဗဟိုအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်း ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ကျောက်တန်းမြို့နယ်ပါတီဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့်ကော်မတီ ဝင်များတက်ရောက်ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သည့် အဖွဲ့ဝင်ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းက လေကြောင်းခရီးစဉ် VN 956 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ၊ ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်နှုတ်ဆက်သည်။

Read more

အမ်ဘတ်ပီ ရေပန်းစားခဲ့ပေမယ့် ၂၀၁၈ Golden Boy ဆုကို အေဂျက်ဇ်က ဒီလိုက်ရရှိခဲ့

၂၀၁၈ အတွက် Golden Boy ဆုကို အေဂျက်ဇ်အသင်း ဗဟိုနောက်ခံလူ မက်သီးယက်စ်ဒီလိုက် က ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆုကို ပြီးခဲ့တဲ့ ၂၀၁၇ က အမ်ဘတ်ပီ ရရှိခဲ့ပြီး ဒီနှစ်မှာလည်း သူဘဲရလိမ့်မယ်လို့ ရေပန်းစားခဲ့သေးပေမယ့် ဒီလိုက်က ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

Read more

ဘီဘီစီ၏အားကစားပုဂ္ဂိုလ်ကျော်ဆုကို ဂါးရီးယန်းသောမတ်စစ်ရရှိ

ဗြိတိန်စက်ဘီးစီးအားကစားသမား ဂါးရီးယန်းသောမတ်စ် သည် ဘီဘီစီမှ ချီးမြှင့်သော ၂၀၁၈ ခုနှစ်အတွက် အားကစားပုဂ္ဂိုလ်ကျော်ဆုကို ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါဆုအတွက် ပြိုင်ကားမောင်းသမား လူးဝစ်ဟာမီလ်တန် နှင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း တို့မှာ ရေပန်းစားခဲ့သော်လည်း ဂါးရီးယန်းသောမတ်စ် က ၄င်းတို့ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

Read more

ချန်ပီယံလိဂ်ရှုံးထွက်တွင် မန်ယူ-ပီအက်စ်ဂျီ၊ လီဗာပူး−ဘိုင်ယန် ဂျူဗီ−တီကို ထိပ်တိုက်တွေ့ဆုံ

ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့်ပွဲစဉ်များကို နိုင်ယွန်မြို့၌ မဲနှိုက်ရွေးချယ်ရာ တွင် အက်သလက်တီကို၊ မန်ယူ နှင့်လီဗာပူးတို့သည် ခက်ခဲသော ပြိုင်ဘက်များဖြစ်သည့် ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်တို့နှင့် တွေ့ဆုံနေသည်။

အင်္ဂလန်အသင်းများအနက် အုပ်စုဗိုလ်နေရာမှ တက်လာသော မန်စီးတီးသည် ဂျာမန်ကလပ် ရှော်လ်ကေးနှင့် ရင်ဆိုင်ရ သဖြင့် ကံအကောင်းဆုံးဖြစ် သည်။ စပါးက ဒေါ့မွန်နှင့် တွေ့မည်ဖြစ်၍ နှစ်သင်းစလုံး နောက် တစ်ဆင့် တက်ရေး ခက်ခဲနိုင် သည်။

Read more

ယူရိုပါလိဂ်တွင် မာလ်မို-ချယ်လ်ဆီး လာဇီယို- ဆီဗီလာ ဘိတ်- အာဆင်နယ်တို့ တွေ့ဆုံ

ဒီဇင်ဘာ ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် ယူရိုပါလိဂ်(၃၂)သင်းအဆင့်ပွဲစဉ်များကို မဲနှိုက် ရွေးချယ်ရာ၌ ချယ်လ်ဆီးက ဆွီဒင်ကလပ် မာလ်မို၊ အာဆင်နယ်က ဘီလာ ရုစ်ကလပ်ဘိတ်၊ အီတလီမှ လာဇီယိုနှင့် စပိန်ကလပ် ဆီဗီလာ တို့ ရင်ဆိုင်တွေ့မည်ဖြစ်သည်။

အင်တာမီလန်သည် သြစတြေးလျကလပ် ရာပစ်ဝီအန်နှင့် တွေ့ရမည်ဖြစ်ပြီး နောက်ထပ် ပွဲကောင်းများအဖြစ် ကရန့်စ်နိုဗာ နှင့် လေဗာကူဆင်၊ ဇူးရစ်နှင့် နာပိုလီ၊ ဆဲလ်တစ်နှင့် ဗလင်စီ ယာတို့ ကစားရမည်ဖြစ်သည်။

Read more

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့်အခမ်းအနားကျင်းပ

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့်တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့် အခမ်းအနားမြင်ကွင်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၈ ရက်

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့် အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

အပစ်အခတ်ရပ်စဲရေး အသက်မဝင်မီ ယီမင်အစိုးရတပ်နှင့် ဟူသီသူပုန် တိုက်ပွဲအပြင်းအထန်ဖြစ်

အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ဖို့ ရက်ပိုင်းအလို ဒီဇင်ဘာ ၁၆ ရက်နေ့က ယီမင်နိုင်ငံ ဟိုဒီဒါမြို့မှာ အစိုးရတပ်နဲ့ ဟူသီသူပုန်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ဟိုဒီဒါက ယီမင်အတိုက်အခံပါတီတွေကြား သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စတင်ဖို့ သဘောတူထားတာပါ။

Read more

အမေရိကန်က ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေခြင်းကို အဆုံးသတ်ပေးရန် ဆော်ဒီအစိုးရ သတိပေး

ဆော်ဒီအစိုးရက နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်အတွင်း၌ ဆော်ဒီ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်သကဲ့သို့ ဖြစ်နေသော အမေရိကန်၏ လုပ်ဆောင်ချက်များကို ရပ်တန့်ပေးရန် သတိပေးခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

အမေရိကန်လွှတ်တော်များသည် ယီမင်စစ်ပွဲနှင့်ဆိုင်သော အကြောင်းအရာများ၊ တူရကီနိုင်ငံရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးသို့ သွားရောက်စဉ်အတွင်း သေဆုံးသွားခဲ့သော ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ခါရှိုဂီနှင့်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်သော အမေရိကန်အစိုးရ၏ မူဝါဒပိုင်းကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းအား ဆော်ဒီအစိုးရက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

Read more

ထုတ်ပယ်ခံထားရသည့် သီရိလင်္ကာဝန်ကြီးချုပ် ပြန်လည်ခန့်အပ်

သမ္မတမိုင်သီရိပါလာ သီရိဆီနာက ဖြုတ်ချခဲ့ပြီး နှစ်လ အကြာတွင် ရာနေးလ်ဝစ်ကရီမီ ဆင်ဂီသည် ဝန်ကြီးချုပ် အဖြစ် ဒီဇင်ဘာ ၁၆ ရက်က ကျမ်းသစ္စာ ပြန်လည်ကျိန်ဆိုခဲ့သည်။

တံခါးပိတ်ကျမ်းသစ္စာကျိန် ဆိုပွဲ ကျင်းပစဉ် ဆင်ဂီကို ထောက်ခံသူများက မီးရှူးမီးပန်းများ ပစ် ဖောက်ကာ အောင်ပွဲခံခဲ့သည်။

Read more