မန်ယူ အသင်းနည်းပြ ရာထူးကဖယ်ရှားခံရ

အင်္ဂလန်က ကမ္ဘာကျော်ဘောလုံးအသင်းတခုဖြစ်တဲ့ Manchester United ကလပ်အသင်းနည်းပြ Jose Mourinho ကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ အခု အင်္ဂလိပ် Premier League ဘောလုံးရာသီမှာ Manchester United အသင်း အတော်လေး အခြေအနေမကောင်း ဖြစ်နေချိန်မှာ မန်နေဂျာ Mourinho ကို ချက်ချင်းထုတ်လိုက်ပြီဆိုတာ Manchester United ကဒီကနေ့ ကြေညာချက်ထုတ်ပြန်အတည်ပြုပါတယ်။

Read more

ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာတိုက်စစ်မှူး ဝင်းနိုင်ထွန်း အကောင်းဆုံးကစားသမားဆုရ

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာယူ-၂၁ အသင်း တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ဒီပြိုင်ပွဲမှာ ၃ ဂိုးသွင်းနိုင်ခဲ့ပြီး အုပ်စုတွင်းမှာ ဗီယက်နမ်ကို ၁ ဂိုး၊ မလေးရှားကို ၁ ဂိုးနဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ အိမ်ရှင် ဗီယက်နမ်ကို ၁ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

Read more

ပါလက်စတိုင်းနှင့်မူဆလင်ဆန့်ကျင်သည့်ပို့စ်များကြောင့် အစ္စရေးဝန်ကြီးချုပ်သား Facebook အကောင့်ပိတ်ခံရ

အစ္စရေးဝန်ကြီးချုပ်သား ဘင်ဂျမင်နေတန်ယာဟု၏ သားဖြစ်သူက ၄င်း၏ Facebook အကောင်းအား ၂၄ နာရီ ပိတ်ပင်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ပါလက်စတိုင်းလူမျိုးများနှင့် မူဆလင်များအား ဆန့်ကျင်တိုက်ခိုက်သည့် ပို့စ်များစွာ တင်ခဲ့မှုကြောင့် ယင်းကဲ့သို့ ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု သိရသည်။

Read more

မဟတ္တမ ဂန္ဓီ ရုပ်တု ဂါနာတက္ကသိုလ်မှာ ဖယ်ရှား

– ဂါနာနိုင်ငံက တက္ကသိုလ်တခုမှာရှိတဲ့ မဟတ္တမဂန္ဒီရဲ့ရုပ်တု

 

အာဖရိကတိုက် ဂါနာနိုင်ငံက တက္ကသိုလ်တခုမှာရှိတဲ့ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမ ဂန္ဒီ ရဲ့ ရုပ်တုကို ဖယ်ရှားလိုက်ပါတယ်။ အာဖရိကတိုက်သားတွေအပေါ် နှိမ့်ချစော်ကားပြော ဆိုခဲ့မှုနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖယ်ရှားခဲ့တာပါ။ နှစ်ဆယ်ရာစုအတွင်း အိန္ဒိယနိုင်ငံ ဗြိတိသျှလက်အောက်ကလွတ်မြောက်ရေးအတွက် ငြိမ်းချမ်းတဲ့ နည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ မဟတ္တမ ဂန္ဒီ ရဲ့ ရုပ်တုကို အိန္ဒိယသမ္မတ ပရာနတ် မူကာဂျီက ၂ဝ၁၆ ခုနှစ်မှာ ဂါနာတက္ကသိုလ် ကို လက်ဆောင်ပေးခဲ့တာပါ။

Read more

ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့်သတင်းကြောင့် ဩစတြေးလျဝန်ကြီး ရာထူးမှ နုတ်ထွက်ခဲ့ရ

ဟောင်ကောင်သို့ အလုပ်သဘောခရီးစဉ် သွားရောက်စဉ်အတွင်း အမျိုးသမီးငယ်တစ်ဦးအား တွေ့ဆုံရန် ဝက်ဘ်ဆိုက်ကို အသုံးပြုခဲ့သည်ဆိုသော မီဒီယာသတင်းတစ်ပုဒ်ကြောင့် ဩစတြေးလျ ဝန်ကြီး အင်ဒရူးဘရော့ဒ် မှာ အစိုးရအဖွဲ့မှ ဒီဇင်ဘာ ၁၇ ရက်က နုတ်ထွက်သွားကြောင်း သိရသည်။

ဟောင်ကောင်မြို့ စားသောက်ဆိုင်တစ်ဆိုင်တွင် လွန်ခဲ့သည့်လက တွေ့ဆုံခဲ့ပြီးနောက် ဩစတြေးလျဝန်ကြီး အင်ဒရူးဘရော့ဒ်၏ နုတ်ထွက်စာကို ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် မိုက်ကယ်အမ်စီကော်မတ်က လက်ခံခဲ့ခြင်း ဖြစ်သည်ဆို၏။

Read more

Trump Foundation ဖျက်သိမ်း

သမ္မတ Donald Trump ဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးဖြစ်ထွန်းအောင် သူ့ရဲ့ကိုယ်ပိုင် Trump Foundation ကုသိုလ်ဖြစ် လူမှုရေးဖောင်ဒေးရှင်းကို အသုံးချခဲ့တယ်လို့ နယူးယောက်ပြည်နယ် တရားသူကြီးချုပ်က တရားစွဲဆိုခဲ့တာကြောင့် အဲဒီ လူမှုရေး ဖောင်ဒေးရှင်းကို ဖျက်သိမ်းပစ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

Read more

ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးလူငယ်ခေါင်းဆောင်များနှင့်တွေ့ဆုံ

ဘောလခဲ၊ ဒီဇင်ဘာ ၁၇

ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ မြို့နယ်ပါတီနှင့် ရပ်ကျေးလူငယ်များတွေ့ဆုံသည်။

Read more

ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

ပြည်ခိုင်ဖြိုးပါတီ ဥတ္တရသီရိမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးကို ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ အရန်ဗဟိုကော်မတီဝင် နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးကျော်ဌေး၊ နေပြည်တော်ခရိုင် ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးမြင့်ဇော်ထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

Read more