ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးနှီးနှောဖလှယ်ပွဲအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

 

မအူပင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့် ဗဟို အမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီး ညီလာခံအကြို မအူပင်မြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲဆောင် ရွက်မည့်အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ထားမှုများအား ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

Read more

ရီးရဲလ်မှာ ကစားသမားဘ၀ကုန်ဆုံးမယ်လို့ မာဆယ်လို အတည်ပြု

စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ ရှိနေတယ်ဆိုတဲ့သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး ရီးရဲလ်အသင်းမှာပဲ ကစားသမားဘ၀ကုန်ဆုံးမယ်လို့ နောက်ခံလူ မာဆယ်လိုက အတည်ပြု ပြောကြားလိုက်ပါတယ်။

အဆိုပါဘရာဇီးဘယ်နောက်ခံလူကို နွေအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဂျူဗင်တပ် အသင်းက ခေါ်ယူဖို့ပစ်မှတ်ထားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အခုအခါမှာတော့ မာဆယ်လိုက ဘာနေဗျူးမှာပဲ သူ့ရဲ့ကစားသမားဘ၀ကို အဆုံးသတ်သွားဖို့ အစီအစဉ်ရှိတယ်လို့ အသင်းပရိသတ်တွေကို အာမခံခဲ့တာပါ။

Read more

ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ အလည်ချောင်ကျေးရွာအုပ်စုရှိ ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ရပ်စောက် စက်တင်ဘာ ၅

ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ မြို့နယ်ကော်မတီဝင် ဦးဝင်းအောင်၊ ဦးအုန်းဖေ၊ ဦးလင်းထင်အောင်၊ ဦးနေမျိုးအောင်တို့သည် အလည်ချောင်ကျေးရွာအုပ်စု ဇီးဖြူတောင် ကျေးရွာရှိ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ယနေ့နံနက် ၁ဝ နာရီတွင်တွေ့ဆုံ၍ ပါတီဝင်များ၏ လူမှုရေးအခြေအနေများကို ရင်းရင်း နှီးနှီးတွေ့ဆုံဆွေးနွေးပြီး လက်ရှိနိုင်ငံရေး အခြေအနေများ၊ ရှေ့လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Read more

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဖွင့်

 

မိုးကောင်း စက်တင်ဘာ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပင်းဘောကျေးရွာအုပ်စု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

Read more

troll လုပ်မိရုံနဲ့ ဒေါ်လာ ၈ သိန်း ဒဏ်တပ်နိုင်မယ့် ဥပဒေ ဆော်ဒီကျင့်သုံး

အွန်လိုင်းပေါ်မှ လှောင်ပြောင် သရော်သူများကို ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၈ သိန်း (မြန်မာငွေ သိန်းပေါင်း ၁၂၀၀၀ ကျော်) ဒဏ်တပ်နိုင်မယ့် ဥပဒေကို ဆော်ဒီအာရေဗျမှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

Read more

မြောက်ကိုရီးယားခေါင်းဆောင်က နျူကလီးယားအလုံးစုံဖျက်သိမ်းရန် ကတိပြုကြောင်းအတည်ပြု

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ်အဖွဲ့ တွေ့ ဆုံစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ စက်တင်ဘာ ၆ ရက်

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်က မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့်  တောင်ကိုရီးယားနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်နှင့် ယမန်နေ့ က တွေ့ ဆုံမှုအပြီးတွင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားအလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ၄င်း၏ ကတိစကားကို ထပ်မံအတည်ပြု လိုက်ကြောင်း သိရသည်။

Read more

ဂျပန် ဟော့ကိုင်းဒိုးကျွန်းမှာ အားပြင်းငလျင်တစ်ခု လှုပ်ပြီး လူ ၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

စက်တင်ဘာ ၆

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းမှာ စက်တင်ဘာ ၆ ရက်က ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ အားပြင်း မြေငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီးနောက် လူ နှစ်ဦး သေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ငလျင် လှုပ်ပြီးနောက် နေအိမ်အများအပြား ပြိုကျကာ မြေပြိုမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင် ဒုတိယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

Read more

ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းများအား လက်ရှိနိုင်ငံရေးအခြေအနေများ ရှင်းလင်းပြောကြား

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် က ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ပါတီဝင်ဟောင်းများအား ယနေ့မွန်းလွဲ ၃ နာရီက သွားရောက် တွေ့ဆုံပြီး ‘စဉ်းစားချိန်တန်ပြီ’ခေါင်းစဉ်ဖြင့် လက်ရှိနိုင်ငံရေးအခြေအနေများ ရှင်းလင်းပြောကြားကာ စကားဝိုင်းဖွဲ့ဆွေးနွေးမှုများပြုလုပ်စဉ်။

ဝင်းအောင်(မိုးကောင်း)


Read more

ဖီဖာအကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင် ပြင်သစ်ကစားသမား တစ်ဦးမျှမပါ၍ ဂရစ်ဇ်မန်း ဝေဖန်

ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သော အက်သလက်တီကို တိုက်စစ်မှူးအန်တို နီယိုဂရစ်ဇ်မန်းက ဖီဖာအကောင်းဆုံးဆု   ဆန်ခါတင်စာရင်းတွင် ပြင်သစ်ကစားသမား  တစ်ဦးမျှ မပါဝင်၍ ဝေဖန်ပြီး မိမိအနေဖြင့် ယင်းဆန်ခါတင်သုံးဦး စာရင်း၌ ပါဝင်သင့်သည်ဟု ပြောသည်။

Read more