နာဒယ်၊ ဒယ်လ်ပေါ်ထရိုနှင့် ဆရီနာဝီလျံ ယူအက်စ်အိုးပင်း အကြိုဗိုလ်လုပွဲတက်

နယူးယောက်မြို့တွင် ကျင်းပနေသော ယူအက်စ် အိုးပင်း ဂရင်းဆလမ်တင်းနစ် ပြိုင်ပွဲတွင် စပိန်မှ နာမည်ကျော် ရာဖေးလ်နာဒယ်နှင့် ချန်ပီယံဟောင်း ဒယ်လ်ပေါ်ထရိုတို့ ဆီမီးဖိုင်နယ် သို့ တက်ရောက်ခဲ့သည်။

ယူအက်စ်အိုးပင်းခြောက်ကြိမ် ချန်ပီယံ ဆရီနာဝီလျံလည်း ဆီမီးသို့ တက်ရောက်ခဲ့သည်။ သို့သော်လက်ရှိ အမျိုးသမီး ချန်ပီယံ စလုန်းစတီဗင်သည် လတ် ဗီးယားမှ နိုင်ခြေအဆင့် (၁၉)  ဆီဗက်စ်တိုဗာကို ရှုံးနိမ့်ခဲ့သည်။

Read more

Samsung ရဲ့ Galaxy X ခေါက်စမတ်ဖုန်းကို ဒီနှစ်အတွင်း မိတ်ဆက်မည်

နှစ်အတန်ကြာ ကောလာဟလ ထွက်ပေါ်ခဲ့တဲ့ Samsung ရဲ့ Galaxy X ခေါက်စမတ်ဖုန်းကို ၂၀၁၈ နိုဝင်ဘာလမှာ တွေ့မြင်ရဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းဟာ Samsung ရဲ့ မိုဘိုင်း အမှုဆောင်အရာရှိချုပ် DJ Koh နဲ့ CNBC တို့ရဲ့ အင်တာဗျူးကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲ့ဒီ အင်တာဗျူးမှာ Koh က “အခုအချိန်ဟာ Samsung အတွက် ခေါက်နိုင်တဲ့ ထုတ်ကုန် တစ်မျိုးကို မိတ်ဆက်ရမယ့် အချိန်ပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီထုတ်ကုန်ကို Samsung Developer Conference မှာ ပွဲထုတ်မိတ်ဆက်သွားဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

Read more

စပျစ်သီး၏ ကောင်းကျိုးများ

နံနက်စောစော စပျစ်သီးဖျော်ရည်သောက်ပါက ခေါင်းတစ်ခြမ်း ကိုက်ခြင်း Migrane ကို သက်သာစေသည် ။ စပျစ်သီး အခွံမှာပါသော Pte-rostilbene နှင့် Saponin တို့က သွေးထဲတွင် Cholesterol စုပ်ယူမှုကို ဟန့်တားပေး သဖြင့် အဆီကို ကျစေသည် ။ ၄င်းတွင်ပါဝင်သော Resve-ratrol မှ အယ်ဇိုင်းမားရောဂါ ဖြစ်စေသော Amyloidal Peptide ကို လျော့စေသဖြင့် အယ်ဇိုင်းမားရောဂါ ဖြစ်မှုကို ဟန့်တားပေးသည် ။ ၄င်းပြင် ဦးနှောက်ကျန်းမာရေးကို အားပေးပြီး အာရုံကြောများ ချို့ယွင်းပျက်စီးလာမှုကို နှောင့်နှေးစေသည် ။ ကျောက်ကပ် အတွင်း သွေးကြော များ၏ ဖိအားကို လျော့ပေးသဖြင့် ကျောက်ကပ်ရောဂါများကို သက်သာစေသည် ။

Read more

သွေးကြောထုံးခြင်းအတွက် ခရမ်းချဉ်သီး ကုသနည်း

ဒီရောဂါခံစားသူအချို့က တခြားကုထုံးတွေအကြောင်း ဖတ်ဖူးထားတာမျိုးရှိနိုင်ပေမယ့် ဒီခရမ်းချဉ်သီး ကုသနည်း လေးကိုတော့ သိချင်မှ သိကြပါလိမ့်မယ်။ ခရမ်းချဉ်သီးမှ ရတဲ့ အကျိုးကျေးဇူးတွေ အကြောင်း သိထားကြပေမယ့် သွေးကြောထုံးခြင်းကို ကုသပေးနိုင်တယ်ဆိုတာကိုတော့ သိရှိသူ အနည်းအကျဉ်း သာရှိပါတယ်။ ဒီနေရာမှာ ခရမ်းချဉ်သီးမှည့်နဲ့ ခရမ်းချဉ်သီးစိမ်းသုံး နည်း (၂) နည်း တွေ့ရမှာဖြစ်ပါတယ်။

ခရမ်းချဉ်သီးစိမ်း ကုသနည်း

Read more

ပညာရေးနှင့် ပတ်သက်သည့် အွန်လိုင်းဗီဒီယို ဇာတ်လမ်းတိုပြိုင်ပွဲ ပြုလုပ်မည်

ကျွန်ုပ် (တို့) မျှော်မှန်းသော ပညာရေးစနစ် ခေါင်းစဉ်နဲ့ ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ Youth Society for Education Official Page မှာ ဖိတ်ခေါ်ထားတာဖြစ်ပြီး ပညာရေးစနစ် အရည်အသွေးမြှင့်တင်မှုနဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေရဲ့ ကိုယ်ပိုင်အတွေးအမြင် ထက်သန်စေရန်၊ မိဘပြည်သူများအားလုံး စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကာ Youth Society for Education က ဦးဆောင်ပြုလုပ် တာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်ဇာတ်လမ်းတိုတွေကို September 15 ရက်နေ့ နောက်ဆုံးထား တင်သွင်း ရမြှာ ဖစ်ကြောင်း၊ ဒီနေရာမှ ပြိုင်ပွဲဝင်လျှောက်လွှာကို ရယူဖြည့်စွက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

Read more

မြန်မာ့အရေး ဗြိတိန်လွှတ်တော်မှာ ဆွေးနွေး

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ စက်တင်ဘာလအကုန်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေး အဆင့်မြင့် သီးသန်အထူ့းဆွေးနွေးပွဲကို တာဝန်ယူပြုလုပ်ဖို့ ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးသစ် Jeremy Hunt က မနေ့ အင်္ဂါနေ့ ဗြိတိန်အထက် လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

Read more

လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌ ကန်သံအမတ်ကြီး မြန်မာ့အရေး ဆက်အာရုံစိုက်မည်

မြန်မာ့အရေးနဲ့ပတ်သက်လို့ သြဂုတ်လက လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးပြီးတဲ့နောက် စက်တင်ဘာလ မှာ အမေရိကန် ပြည်ထောင်စု အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတဲ့အခါမှာလည်း မြန်မာ့အရေးကို စိုးရိမ်မကင်း ရှိဆဲဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဆက်လက် ကြိုးပမ်း သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Read more

ပြည်ခိုင်ဖြိုးပါတီလူငယ်များ သန့်ရှင်းရေးဆောင်ရွက်

 

မအူပင်၊ စက်တင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် အမှတ် (၆) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲတေဇာကျော် ဦးဆောင်သော ပြည်ခိုင်ဖြိုးလူငယ်များသည် ယမန်နေ့ နံနက် ၇ နာရီက အမှတ် (၆) ရပ်ကွက် လူသွားလမ်းတွင်ရှိသော ပေါင်းမြက်များ ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)

Read more

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုပါတီဆိုင်းဘုတ်တင်ခြင်းမင်္ဂလာနှင့် နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်း

 

ယနေ့ (5.9.18) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကြက်မျှားကျေးရွာ အုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ဆွေးနွေးခြင်း အခမ်းအနားအား နံနက်(8:30)အချိန် ရပ်ကျေးပါတီကော်မတီဝင်ေ ဒ်ါခင်မျိုးဆွေနေအိမ်တွင် ကျင်းပခဲ့ရာ တိုင်းပါတီကော်မတီဝင်ေ ဒ်ါသိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များနှင့် ပါတီဝင်များ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ကြပြီး နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်းမင်္ဂလာချိန်၌ ပါတီဆိုင်းဘုတ်တင်တင်ခြင်းမင်္ဂလာ ဆက်လက်ကျင်းပခဲ့ပြီး စုပေါင်း၍ မှတ်တမ်းတင်ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် စက်တင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂ဝ၁၈)ကိုယနေ့နံနက်၉ နာရီခွဲ က နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ရှေးဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများက လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများနှင့် ဒုတိယ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။

Read more