စင်ကာပူတွင် ရဲတပ်ဖွဲ့ထံ အကြိမ်ကြိမ် ဖုန်းဆက်၍ လိမ်လည် နောက်ပြောင်သူတစ်ဦး ထောင်သုံးနှစ် ချမှတ်ခံရ

စင်ကာပူတွင် ရဲစခန်းများသို့ နှစ်ရှည်လများ ဖုန်းခေါ်ဆို နောက်ပြောင် နှောင့်ယှက်နေခဲ့သည့် အမျိုးသား တစ်ဦးကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်တွင် စင်ကာပူ တရားရုံးက အသက် ၆၁ နှစ်ရှိ ဂါချာရန် ချန်းကို ထောင်ဒဏ် သုံးနှစ် စီရင် ချမှတ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ချန်းသည် ၂၀၀၀ ပြည့်နှစ် ကတည်းက အရေးပေါ် ဖုန်းနံပါတ် 999 သို့ ဖုန်းခေါ်ပြီး စင်ကာပူ ရဲများကို သတင်းတုများ နောက်ပြောင် ပေးပို့နေခဲ့သည်။

Read more

စားနပ်ရိက္ခာဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ်အတွက် IFC နှင့် ကုန်သည်စက်မှုအသင်းချုပ် ပူးပေါင်းဆောင်ရွက်မည်

စားနပ်ရိက္ခာဘေးကင်း လုံခြုံရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) နှင့် ကုန်သည် စက်မှုအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု စာချွန်လွှာကို စက်တင်ဘာ ၄ ရက်က လက်မှတ် ရေးထိုးသည်။

Read more

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

 

မ​ကွေး၊ စက်​တင်​ဘာ၊ ၆

Read more

ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပ

 

၆.၉.၂၀၁၈ နေ့ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ ယနေ့ကျင်းပခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုပြီး စတင်ခဲ့ပါသည်၊ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌဦးဝင်ကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးခေါင်းဆောင်များ၊ လူငယ်အမျိုးသမီးအဖွဲ့များနှင့် ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် အမျိုးသမီး စုဖွဲ့ဆွေးနွေးပွဲများ ဆက်လက် ကျင်းပကြပါသည်။

Read more

ဖား​ဆောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ နှင့် လူငယ်​အဖွဲ့များ ကယ်ဆယ်ရေးလုပ်ငန်းများ သွား​ရောက်ဆောင်ရွက်

 

၅. ၉. ၂၀၁၈. ရက်​​နေ့ နံနက်​ ၉ နာ၇ီခန့်​အချိန်​တွင်​ ကယားပြည်​နယ်​​ဘောလခဲခရိုင်​ ဖား​ဆောင်းမြို့နယ်​တွင်​ သံလွင်​မြစ်​​ရေ မြင့်​တက်​မူ​ကြောင့် မြစ်​ကမ်း​ဘေးတွင်​ နစ်​မြုပ်​လျက်​ရှိ​သော လူ​နေအိမ်​များအား ဖား​ဆောင်းမြို့နယ် ​​မြေခံတပ်​ရင်း ခလရ ၁၃၅ နှင့် ၁၃၄ ပြည်​သူရဲတပ်​ဖွဲ့ဝင်​များ၊ မီးသတ်ကြက်​​ခြေနီတပ်​ဖွဲ့ဝင်​များ၊ ဌာနဆိုင်​ရာဝန်​ထမ်းများ၊ ဖား​ဆောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးခင်​​မောင်​ညိုနှင့် လူငယ်​အဖွဲ့များ သွား​ရောက်​၍ ကယ်​ဆယ်​​ရေးလုပ်​ငန်းများ သွား​ရောက်​​ဆောင်​ရွက်​ခဲ့ကြ​ကြောင်း သတင်းရရှိပါသည်​။ ​ရေက မနက်​ဖန်​ ဆက်​တက်​​နေမယ်​ဆိုရင်​ စိုးရိမ်​ရတယ်​လို့ ​ဒေသခံတစ်​ဦးမှ ​ပြောကြား​ကြောင်း သတင်းရရှိပါသည်​။ ဖား​ဆောင်းမြို့နယ်​ ​ရွှေပြည်​တော်သို့ ပရဟိတလူမူကူညီ​ရေးအသင်းကြီးမှလည်း အားကြိုးမာန်​တက် ပါဝင်​ကူညီလျှက်​ရှိ​ကြောင်း သိရှိရပါသည်.။

Read more

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၅) ရက်နေ့ နံနက် (၁၁) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ ပါတီရဲ့လမ်းညွန်ချက်များအား ချပြဆွေးနွေးရာ တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများမှ မိမိတို့ခရိုင်၊ မြို့နယ်များရဲ့ လုပ်ဆောင်ချက်များအား ဆွေးနွေးတင်ပြရာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင် (၂) ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ (၁၀) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၁း၃၀) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။

Read more

မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၁၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကျင်းပ

 

၅.၉.၂၀၁၈ နေ့ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ( ၉:၀၀) နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုနောက်တွင် ခရိုင်/မြို့နယ် EC များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ၊ လက်ရှိ နိုင်ငံတော်၏အခြေအနေများ၊ မိမိတို့ပါတီ၏ ပြည်သူ့အကျိုးပြု ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အခမ်းအနားကို နေ့လည် ( ၁၂:း၀၀) နာရီမှာ ရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားကို ခရိုင်ကော်မတီဝင် ဦးချစ်သိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးသောင်းဦးနှင့် မြို့နယ်ကော်မတီဝင်များ အရန်မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် ပါတီလူငယ်များ တက်ရောက်ခဲ့ကြပါသည်။

Read more

မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဟောပြောပွဲကျင်းပ

 

မအူပင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင်မအူပင်မြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း၊ မြန်မာ (ဧရာဝတီတိုင်းဒေသကြီး အသင်း ခွဲ)တို့ပူးပေါင်းလျက် မူးယစ်ဆေး ဝါးနှင့်ပတ်သက်သည့်ဟောပြောပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက မအူ ပင်မြို့ အစိုးရနည်းပညာအထက် တန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ရပ်ကွက်အုပ်စုများနှင့် အမျိုးသမီးညီလာခံအကြိုညှိနှိုင်း

 

မိတ္ထီလာ စက်တင်ဘာ ၅

မိတ္ထီလာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့ နယ်အစည်းအဝေးခန်းမ၌ ရပ်ကွက် အုပ်စုများနှင့် အမျိုးသမီးညီလာခံ အကြိုညှိနှိုင်းပွဲကို ယနေ့ နံနက် ၉နာရီခွဲမှ ၁၁နာရီခွဲထိ ကျင်းပခဲ့ သည်။
အစည်းအဝေးကို ရပ်ကွက် အုပ်စုဥက္ကဋ္ဌများ ၈ဝ တက်ရောက် ၍ ပြည်ခိုင်ဖြိုးပါတီ ခရိုင်နယ်မြေ တာဝန်ခံ ဦးဖိုးဥာဏ်၊ ဒေါ်သီတာ ဝင်းကို၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် မြို့နယ်ကော်မတီဝင် များ တက်ရောက်ကြသည်။

Read more