၂၀၁၈ – ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ မန္တ​လေးတိုင်း​ဒေသကြီး၊ ရှမ်းတိုင်းရင်းသား​လွှတ်​​တော်​​နေရာ၌ ပါဝင်​ယှဉ်​ပြိုင်​မည့် ကိုယ်​စားလှယ်​​လောင်းမိတ်​ဆက်

 

အမည်​ – ဦးစိုင်း​အောင်​ကြည်
လူမျိုး/ဘာသာ – ရှမ်း၊ ဗုဒ္ဓ
အသက်​ – ၅၇ နှစ်​(၂၀.၉.၁၉၆၁)
မွေးဇာတိ – ဆင်​ဖြူအင်း​ကျေးရွာ၊ ပန်းဦး​တောင်​အုပ်​စု၊ ပြင်​ဦးလွင်​မြို့နယ်​။
ပညာအရည်​အချင်း – LL,B
အလုပ်​အကိုင်​ – တရားလွှတ်​​တော်​​ရှေ့​နေ(မြန်​မာ့စီးပွား​ရေးဘဏ်​၊ က​မ္ဘောဇဘဏ်​၊ မြဝတီဘဏ်​နှင့်​ AGD ဘဏ်​များ၏​ရှေ့​နေ)
အဖအမည်​ – ဦးသြဘာ
အမိအမည်​ – ​ဒေါ်လှ
ဇနီးအမည်​ – ​ဒေါ်သီတာလွင်
သား/သမီး -အင်ဂျင်နီယာဘွဲ့ရ၊ အလုပ်သင်ဆရာဝန်၊ ဆေးကျောင်းတတိယနှစ် အပါအဝင်သားသမီး (၄) ဦး
ပါတီတာဝန်​ – တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၊ မန္တ​လေးတိုင်း​ဒေသကြီး။
ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​မဲဆန္ဒနယ်​ – မန္တ​လေးတိုင်း​ဒေသကြီး၊ ရှမ်းတိုင်းရင်းသားလွှတ်​​တော်
——————————————————————-

Read more

ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းစစ်တောင်းမြစ်ကမ်းပါးရှိ ရေဘေးသင့်ရွာများသို့ သွားရောက်လှူဒါန်း

 

ဖြူး စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးကိုကိုကျော် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)နှင့် ဇနီးဒေါ်မြင့် မြင့်ထွဏ်းတို့က မတည်၍ ပါတီဝင်များ၏ ထည့်ဝင်လှူဒါန်းငွေများစု ပေါင်းကာ ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေဘေးဒုက္ခခံစားနေကြရသော သစ်ခြောက်ခင်ကျေးရွာအုပ်စု ကမ်းနား မြိုင်ရွာနှင့် ရှားပင်ရှောင်ကျေးရွာတို့မှ အိမ်ခြေ ၁ဝဝကျော်တို့အတွက် ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကျန်းမာရေးအတွက် ဆေးဝါးများကို ဖြူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် မြို့နယ်အမှုဆောင်များ၊ ဒေသတာဝန်ခံများ၊ ပါတီဝင်လူငယ်များ အဖွဲ့က ယခုလ ၃ ရက် နံနက်တွင် မိသားစုများလက်ဝယ်အရောက် သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Read more

ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းနှင့်ပူးပေါင်း လေဘေးသင့်ပြည်သူများကိုလှူဒါန်းငွေပေးအပ်

 

ဘိုကလေး စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့နယ် ဆတ် ကျွန်း ကျေးရွာအုပ်စု ဆတ်ကျွန်း ကျေးရွာတွင် သြဂုတ် ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့်လူနေ အိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့ သည်။

Read more

စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကလေးများဖွံ့ဖြိုးမှုမှန်ကန်ရေးအသိပညာပေးဟောပြော

 

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက အမျိုးသမီးညီလာခံအကြိုကလေးများဖွံ့ဖြိုးမှုမှန်ကန်ကောင်းမွန်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်အနောက်ပိုင်းခရိုင်တာဝန်ခံ ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ဒေါ်စန်းစန်းဝင်း(၁)၊ဒေါ်စန်းစန်းဝင်း(၂)၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေးအောင်၊ စိတ်ပညာပါမောက္ခ(ငြိမ်း) ဒေါ်သက်ထားဝင်းနှင့် စိတ်ပါ ဝင်စားသူ မိခင်များတက်ရောက်ကြသည်။

Read more

သီပေါတွင် အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

သီပေါ စက်တင်ဘာ ၆

သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လပတ်အစည်းအဝေးနှင့် အမျိုး သမီးနှီးနှောဖလှယ်ပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီ ဦးစိုင်းစိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင်က (၂ဝ၂ဝ) အောင်နိုင်ရေးကို ဦးထိပ်ထားပြီး ဆောင် ရွက်ကြရန်နှင့် လာမည့်အောက်တိုဘာပထမပတ်တွင်ကျင်းပမည့် အမျိုး သမီးနှီးနှောဖလှယ်ပွဲကို အနှစ်သာရရှိစွာဖြင့် ပါတီဝင်အမျိုးသမီးထုအား ကိုယ်စားပြုကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်။

Read more

Vogue မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးရှင်တွေဖြစ်လာတဲ့ ဘတ်ခမ်း မိသားစု

ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘတ်ခမ်းနဲ့ ဖက်ရှင် ဒီဇိုင်နာတစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဘတ်ခမ်း တို့ မိသားစုဟာ လတ်တလောမှာတော့ နာမည်ကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Vogueမဂ္ဂဇင်းကြီးအတွက် မျက်နှာဖုံးဓာတ်ပုံကို ရိုက်ကူး ပေးခဲ့တာဖြစ်ပြီး ယင်းမဂ္ဂဇင်းမျက်နှာ ဖုံးဓာတ်ပုံတွေကိုပါ အီးအွန်လိုင်းဒေါ့ကွန်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Read more

ဆိုနီရုပ်ရှင်ကုမ္ပဏီထိုးဖောက်မှုနဲ့ မြောက်ကိုရီးယားဟက်ကာကို ကန် တရားစွဲ

မြောက်ကိုရီးယား ကွန်ပြူတာ ဟက်ကာတဦး ဖြစ်တဲ့ Park Jin Hyok ကို ရာဇဝတ်ပြစ်မှုနဲ့ စွဲချက် တင်လိုက်ကြောင်း အမေရိကန် အစိုးရရှေ့နေတွေက ကြာသပတေးနေ့မှာပဲ ကြေညာလိုက်ပါတယ်။ သူဟာ ၂၀၁၄ ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာတွေထဲ ဖေါက်ထွင်းမှုနဲ့ ၂၀၁၆ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က အချက်အလက်တွေ ခိုးယူမှု အပါအဝင် မကြာခင် နှစ်တွေအတွင်း ဆိုးဝါးတဲ့ ဆိုင်ဘာတိုက်ခိုက်မှု အများအပြား လုပ်ဆောင်ရာမှာ ပါဝင်ပတ်သက်နေတယ်လို့ လည်း အစိုးရရှေ့နေတွေက ပြောပါတယ်။

Read more

ဘရာဇီး သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေးဆင်းစဉ် ဓားထိုးခံရ

စက်တင်ဘာ ၇

မကြာမီကျင်းပတော့မယ့် ဘရာဇီး သမ္မတရွေးကောက်ပွဲမှာ အနိုင်ရနိုင်တဲ့သူအဖြစ် တစ်ပြေးနေတဲ့ လက်ယာယိမ်းဝါဒီ ကိုယ်စားလှယ်လောင်း ဂျယ်ရာ ဘိုဆွန်နာရို ဟာ စက်တင်ဘာ ၆ ရက်က ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်တစ်ခုအတွင်း ဓားနဲ့ အထိုးခံလိုက်ရကြောင်း သိရပါတယ်။

Read more

တောင်တရုတ်ပင်လယ်မှာ ဗြိတိသျှသင်္ဘောဖြတ်သန်းမှု ရန်စမှုအဖြစ် တရုတ်စွပ်စွဲ

အငြင်းပွါးဖွယ် တောင်တရုတ်ပင်လယ်ပြင် ထဲက တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ကျွန်းတွေနားမှာ ဗြိတိသျှ တောင်ဝင် စစ်သင်္ဘောကြီးတစင်း ဖြတ်သန်းသွားခဲ့တဲ့ နောက်မှာ ဒါဟာ ရန်စတဲ့ လုပ်ရပ်လို့ တရုတ်က ဗြိတိန်ကို စွပ်စွဲလိုက်ပါတယ်။

Read more

ဘရာဇီးရဲ့ အမြဲတမ်းအသင်းခေါင်းဆောင်ဖြစ်လာတဲ့ နေမာ

ဘရာဇီးနည်းပြထီထီဟာ အလှည့်ကျအသင်းခေါင်ဆောင် ခန့်အပ်တဲ့ပေါ်လစီကို စွန့်လွှတ်ခဲ့ပြီးနောက် ပီအက်စ်ဂျီ တိုက်စစ်မှူးနေမာကို ဘရာဇီးအသင်းရဲ့အမြဲတမ်း အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပါတယ်။ နေမာကလည်း ဘရာဇီးကို ဦးဆောင်ခွင့်ရတာဟာ သူ့အတွက် ကောင်းမွန်တယ်လို့ ယုံကြည်နေပါတယ်။ သောကြာနေ့ နယူးဂျာစီမှာ အမေရိကန်နဲ့ ကစားမယ့်ခြေစမ်းပွဲ မတိုင်ခင်မှာ ဘရာဇီးနည်းပြ ထီထီဟာ နေမာကို အမြဲတမ်း အသင်းခေါင်းဆောင်အနေနဲ့ ခန့်အပ်ခဲ့တာပါ။ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် နေမာက “ကျွန်တော်အများကြီး လေ့လာခဲ့လို့ ပိုပြီးလေ့လာမှာဖြစ်လို့ ဒီရာထူးကို ပြန်ပြီးလက်ခံခဲ့တာပါ။ ဒီတာဝန်ကို ထမ်းဆောင်ရတာဟာ ကျွန်တော့်အတွက် ကောင်းမွန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

Read more