ပြည်ခိုင်ဖြိုးပါတီ ဇေယျာသီရိမြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲပြုလုပ်

နေပြည်တော် စက်တင်ဘာလ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာတွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက် ၈ နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ပါတီထဲသို့ ယုံယုံကြည်ကြည်နှင့် ဝင်ရောက် လာကြသည့် ပါတီဝင်သစ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

Read more

ထိပ်သီးစည်းဝေးရန် ပြုံယမ်းသို့ ရောက်လာတဲ့ မွန်ဂျေအင်းကို ကင်ဂျုံးအွန် ကြိုဆို

ပြုံယမ်း၊ စက်တင်ဘာ ၁၈

အခုနှစ်အတွင်းမှာပဲ တတိယအကြိမ်မြောက် ထိပ်သီးစည်းဝေးဖို့အတွက် ပြုံယမ်းလေဆိပ်သို့ စက်တင်ဘာ ၁၈ ရက်မှာ ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က လာရောက်ကြိုဆိုခဲ့ပါတယ်။

ဇနီးသည်ကိုယ်စီပါ လိုက်ပါလာတဲ့ ခေါင်းဆောင်နှစ်ဦးဟာ တွေ့ဆုံကြစဉ် ပွေ့ဖက်နှုတ်ဆက်ကြတာကို မြင်တွေ့ရပါတယ်။

Read more

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး ခရီးသည်တင်ရထား ဂျာမနီနိုင်ငံတွင် စတင်ပြေးဆွဲ

ဂျာမနီနိုင်ငံမြောက်ပိုင်း ဘရီမာဗော်ဒီမြို့ ဘူတာရုံအတွင်း ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာသုံးရထား စက်တင်ဘာ ၁၆ ရက်က ခုတ်မောင်းသွားစဉ် (DAVID HECKER/EPA)

 

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး ခရီးသည်တင်ရထားသည် စက်တင်ဘာ ၁၆ ရက်က ဂျာမနီနိုင်ငံ တွင် စတင်ပြေးဆွဲခဲ့သည်။ ပြင်သစ်ကုမ္ပဏီ Alstom က တည်ဆောက်ခဲ့သော CoradiaiLint အမည်ရှိ ယင်းရထား သည် ဘရီမာဗော်ဒီမြို့ရှိ ဘူတာရုံသို့ ရောက်ရှိခဲ့ပြီး အောက်ဆာဇိုနီ ဒေသ၌ ပုံမှန်ခရီးစဉ် ပြေးဆွဲမည် ဖြစ်သည်။

Read more

ချန်ပီယံလိဂ်ဗိုလ်စွဲမည့် ရေပန်းစားအသင်းများတွင် လီဗာပူးပါဝင်ဟု ပီအက်စ်ဂျီနည်းပြ သတိပေး

ချန်ပီယံလိဂ်အုပ်စု (C) အဖွင့်ပွဲအဖြစ် ယနေ့ည တွေ့ဆုံမည့် လီဗာပူးသည် ယခုနှစ်ချန်ပီယံလိဂ်၌ ဗိုလ်စွဲမည့် ရေပန်းစားအသင်းများတွင် ပါဝင်ကြောင်း ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က ကစားသမားများကို သတိပေးသည်။

ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် လီဗာပူးသည် ယခုနှစ်တွင်လည်း အဆင့်ဆင့်ဖြတ်ကျော်ရန် အလားအလာရှိသည်ဟု တူချယ်က ယုံကြည် ထားသည်။

Read more

မန်ကွတ် မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၆၆ ဦး အထိရှိ

မနီလာ ၊ စက်တင်ဘာ ၁၈ ရက်

မန်ကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၆၆ ဦး ရှိပြီး ၅၂ ဦး ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ သတင်းများအရ သိရသည်။

Read more

ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်တွင် သေဆုံးသူ ၂၃ ဦးအထိ မြင့်တက်

အမေရိကန်နိုင်ငံ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ကြောင့် သေဆုံးသူ ၂၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်နယ်နှစ်ခုအတွင်းရှိ မြစ်တွေ ရေလျှံခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။

ဟာရီကိန်း ဖလောရင့်စ်ကြောင့် စက်တင်ဘာ ၁၃ ရက်နေ့ကစလို့ မြောက်ကယ်ရိုလိုင်းနားမှာ မိုးရေချိန် ၃၆ လက်မအထိ ရွာခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပြောင်းရွှေ့ခဲ့ရပါတယ်။

Read more

၂၀၁၉ ဒုက္ခသည်လက်ခံမည့်အရေအတွက် ကန် လျှော့ချ

အမေရိကန် ပြည်ထောင်စုမှာ လာမယ့် ၂၀၁၉ အတွက် ဒုက္ခသည်အရေအတွက် ၃၀ ၀၀၀ ကိုပဲ လက်ခံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္လာနေ့မှာ ကြေညာပါတယ်။ ဒါဟာ Trump အစိုးရအဖွဲ့ အရင် လက်ခံဖို့စီစဉ်ထားတဲ့ အရေအတွက် ၄၅ ၀၀၀ ကနေ လျှော့ချလိုက်တာ ဖြစ်ပါတယ်။

Read more

ချန်ပီယံလိဂ်အသင်းများ ဆုကြေးငွေ တိုးမြှင့်ရရှိမည်

ယနေ့ညတွင် ချန် ပီယံလိဂ်ပွဲစဉ်များ စတင်ပြီဖြစ်ကာ ပါဝင်ယှဉ်ပြိုင်သော အသင်းများအနေဖြင့် ဖလားရရှိရေးသာ အဓိကမဟုတ်ဘဲ ဥရောပဘောလုံးအဖွဲ့ချုပ်က ယမန်နှစ်ကထက် ဆုကြေးငွေများ တိုးမြှင့်ထားသဖြင့် နိုင်ပွဲများစွာ ရရှိခြင်းကလည်း အရေးပါမည်ဖြစ်သည်။

ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပါဝင်သော ၃၂ သင်းစလုံး ဆုကြေေးငွ အများအပြားရရန် အခွင့်အရေးရှိနေပြီး အုပ်စုအဆင့်သို့ ရောက်လာသည့်အသင်းတိုင်း ယူရို ၁၅ ဒသမ ၂၅ သန်းရရှိမည်ဖြစ်သည်။

Read more

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည် – ဦးနေမျိုးအောင်

ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပညာအရည်အချင်း – B.A (Eco)

ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း မဲဆန္ဒနယ်အမှတ် (၂)

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်၏ ကိုယ်ရေးအကျဉ်း
————————————————————————

Read more

ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီး​ရေးရာနှီး​နှောဖလှယ်​ပွဲ ကျင်းပ​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးပြုလုပ်​၍ ဂန့်​​ဂေါမြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံနှင့်အဖွဲ့မှ သက်​ကြီးရွယ်​အို ၂ ဦး အား ဂါရဝပြု​ထောက်​ပံ့

 

Read more