‌​စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြို အမျိုးသမီး နှီးနှောဖလှယ်ပွဲကျင်းပ

 

စဥ့်ကိုင်၊ စက်တင်ဘာ ၁၇

Read more

ဆီဆွမ်းလောင်းလှူပွဲ သီဟသွေးလူငယ်အဖွဲ့ပါဝင်လှူဒါန်း

 

ပဲခူး စက်တင်ဘာ ၁၆

ပဲခူးမြို့နယ် အင်းတကော်မြို့တွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက သံဃာတော်အရှင်သူမြတ်များအား စတုတ္ထအကြိမ်မြောက် စုပေါင်း ဆီဆွမ်းလောင်းလှူပွဲကျင်းပသည်။

အဆိုပါ ဆီဆွမ်းလောင်းလှူပွဲတွင် ဆရာတော်၊ သံဃာတော် အရှင် သူမြတ်အပါး ၃၁ဝ တို့က အင်းတကော်မြို့အဝင် တောင်ကိုးလုံးရှေ့မှ စတင်ပြီး မြို့အထွက် အမှတ်(၁ဝ၁)ခြေမြန်တပ်ရင်းရှေ့အထိ ကြွရောက် တော်မူရာ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင်၍ ပဲခူးသီဟသွေးလူငယ်များမှ ဆီပိဿာချိန် ၁၅ဝ ကျော် ပါဝင်လောင်းလှူခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

မအူပင် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးမအူပင် ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကျင်းပ ဆောင်ရွက်မည့် ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရ သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်း

 

မင်းပြား စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြား မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက မင်းပြားမြို့ပေါ်ရှိ ကျိန်းတောင်ဇီဝှ ဓာတ်တော်ဘုရားရင်ပြင်ပေါ်၌ ယမန်နေ့က ဥပုသ်သီလတည်ဆောက်ရန် ရောက်ရှိလာ သောပုဂ္ဂိုလ်များအား ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးမှ သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုလုပ်အားပေး

 

ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဒေါပုံ မြို့နယ် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း သားဖွား ခန်းအတွင်းအပြင်အား အမှိုက်များ ရှင်းခြင်း၊ ရွှံ့မြေနှင့်နုန်းများဖယ်ရှား ရှင်းလင်းခြင်း၊ အဆောက်အအုံ ပတ်လည် ရေစီးရေလာကောင်းမွန် အောင်ဆောင်ရွက်ပေးခြင်း၊ သား ဖွားခန်းအတွင်း ခုတင်နှင့်ခုံများ ဆေးကြောခြင်း၊ ကြွေပြားများအား ကြေးချွတ်ဆေးများဖြင့် ဆေးခြင်း၊ အခန်းများအား သန့်ရှင်းရေးပြုလုပ် ပေးခြင်း၊ မြက်ရိတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါသားဖွားခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးရေးရာညီလာခံကြိုဆို ဘိုးဘွားများအား တစ်နေ့တာ စားသောက်ဖွယ်ရာများကျွေးမွေးလှူဒါန်း

 

မကွေး စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံအကြို အထိမ်း အမှတ်အဖြစ် ချောက်မြို့ ရတနာ အိုင့်ရပ် ဇေယျာသီရိဘိုးဘွား ရိပ်သာရှိဘိုးဘွားများအား တစ်နေ့ တာ ထမင်းဟင်းနှင့်အချိုပွဲများ လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁ဝနာရီ က ဇေယျာသီရိဘိုးဘွားရိပ်သာ တွင်ကျင်းပကြောင်း သိရသည်။

Read more

ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု အမျိုးသမီးထု စုပေါင်းလုပ်အားပေး

 

စက်တင်ဘာ ၁၆

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ညီလာခံကိုဂုဏ်ပြုကြိုဆိုသောအား ဖြင့် ရန်ကင်းမြို့နယ် အမျိုးသမီး ထုမှ စုပေါင်းလုပ်အားပေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင်ရန်ကင်းမြို့နယ် (၈)ရပ်ကွက်ရှိ အမက(၅)စာသင် ကျောင်းတွင် စုပေါင်းသန့်ရှင်း လုပ်အားပေးပြုလုပ်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဆက်ဆံရေးဆင့်ပွားသင်တန်းဆင်း

 

ကောလင်း စက်တင်ဘာ 16

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှုနှင့်ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၈/၂ဝ၁၈)သင်တန်းဆင်းပွဲအား မြို့နယ်ပြည်ခိုင်ဖြိုးရုံး၌ ယမန်နေ့ညနေ ၄ နာရီက ကျင်းပ ခဲ့သည်။

အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဆက်ဆံရေးဆင့်ပွားသင်တန်း(၈/၂ဝ၁၈)အား ယခုလ ၁၃ရက်မှ ၁၆ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၇ဝ တက်ရောက်ခဲ့သည်။

Read more

ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုဂုဏ်ပြု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ဓမ္မစကူးလ်ကျောင်းသားကျောင်းသူများအား အာဟာရကုသိုလ်ပြုကျွေးမွေး

 

ရေနံချောင်း စက်တင်ဘာ ၁၆

ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဝင်း၊ အတွင်းရေး မှူးဦးဝင်းတင်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁ဝ နာရီက ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက် ကျောက်မင်းဆင်ရပ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်း ထိုင်ဆရာတော်ဘဒ္ဒန္တဥာဏိန္ဒအား ဖူးမြော် ကြည်ညို၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူ ဒါန်းကြကြောင်းနှင့် အဆိုပါကျောင်းတိုက် တွင်ဖွင့်လှစ်သည့် ဓမ္မစကူးလ်ကျောင်းမှ သင်တန်းသား သင်တန်းသူ ၁ဝဝ အား နေ့လယ်စာ အာဟာရဒါနများ ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

(၂၅)နှစ်ပြည့် ပြည်ခိုင်ဖြိုးငွေရတုနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပါတီဝင်နှင့်ပြည်သူများ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

Read more