
မက်ဆီဒိုးနီးယားလွှတ်တော်သည် နိုင်ငံ၏အမည်ကို မြောက်ပိုင်းမက်ဆီဒိုးနီးယား သမ္မတနိုင်ငံဟု ပြောင်းလဲ ခေါ်ဝေါ်ရန် ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ချက်ကို အတည်ပြု ထောက်ခံလိုက်ပြီဖြစ်သည်။
အတိုက်အခံ အမျိုးသားရေးဝါဒီသမားများက သပိတ်မှောက်နေသည့်ကြားမှ သမိုင်းဝင်မဲခွဲဆုံးဖြတ်မှုတွင် ဝန်ကြီးချုပ် ဇိုရန်ဇာရက်သည် လိုအပ်သော မဲရလဒ် သုံးပုံနှစ်ပုံကို ကပ်၍ အနိုင်ရရှိခဲ့သည်။
လွှတ်တော်အပြင်ဘက်ရှိ ဆန္ဒပြသူများသည် ယင်းအပြောင်းအလဲကို သစ္စာဖောက်မှုတစ်ရပ်အဖြစ် ပြစ်တင် ရှုတ်ချကြသည်။









