
အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း မိုင်ဒန် ဝါဒက်ပြည်နယ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ဘက်သင်တန်းကျောင်း တခုကို တာလီဘန်သောင်းကျန်းသူတွေ တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၆ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးကတော့ စုစုပေါင်း သေဆုံးသူ ၁၀၀ ကျော်တယ်လို့ ပြောပါတယ်။









