
ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ရုရှားပြည်သူတို့၏ ယုံကြည်မှုမှာ ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်း နေကြောင်း ရုရှားနိုင်င်ငံ ပြည်သူ့ဆန္ဒ သုတေသနဌာန၏ စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတပူတင်အပေါ် ပြည်သူလူထု၏ယုံကြည်မှုမှာ ၃၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ယင်းသို့ကျဆင်းမှုမှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ထောက်ခံမှုအနည်းဆုံး ဖြစ်သည်။









