
ဟန်ဂေရီနိုင်ငံအတွင်းရှိ အလုပ်သမားသမဂ္ဂများသည် အစိုးရဘက်မှ အလုပ်သမားဥပေဒသစ်ကို ပြင်ဆင်မည့် အရိပ်အယောင် မပြခြင်းကြောင့် တစ်နိုင်ငံလုံးတွင် အလုပ်သမားသပိတ် ဆင်နွှဲရန်နှိုးဆော်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။
ဟန်ဂေရီအစိုးရကစတင်ကျင့်သုံးတော့မည့် အလုပ်သမားဥပဒေသစ်ကြောင့် အလုပ်သမားများသည် တစ်နှစ်လျှင် အချိန်ပို အလုပ်ချိန် နာရီ ၄၀၀ အထိ လုပ်ပေးရနိုင်သော အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရခြင်းကို မကျေနပ် သောကြောင့် အလုပ်သမားများက ပြီးခဲ့သည့်လအတွင်းကတည်းက သပိတ်မှောက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။









