
အမေရိကန်အစိုးရယန္တရား ရပ်တန့်တာကို အဆုံးသတ်ဖို့အတွက် ရွေးချယ်စရာတွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ကွန်ဂရက်က ရန်ပုံငွေ ၅ ဘီလျံ ခွင့်ပြုပေးဖို့ ထရမ့်က တောင်းဆိုတာကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့ကစပြီး အစိုးရယန္တရား လေးပုံတပုံလောက် ရပ်ဆိုင်းခဲ့ပါတယ်။









