
ဝါရှင်တန် ဖေဖော်ဝါရီ ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၅ ရက်က နိုင်ငံတော်အခြေပြု မိန့်ခွန်းတစ်ရပ်ကို ပြောကြားရာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဒုတိယအကြိမ်ထိပ်သီး အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။









