
ဗန်ကောက် ဖေဖော်ဝါရီ ၁၃
ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ဝန်ကြီးချုပ်နေရာအတွက် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ထိုင်းတော်ဝင် မင်းသမီး အူဘိုလ်သာရာနာ အဆို တင်သွင်းခဲ့သည့် ပါတီကို ဖျက်သိမ်းရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်က ထိုသို့ တောင်းဆိုခဲ့မှုသည် ထိုင်းနိုင်ငံ၏ ဩဇာအာဏာကြီးမားသည့် ရှင်နာဝပ်ထရာ နိုင်ငံရေးအဖွဲ့၏ ပြင်းပြသည့် နိုင်ငံရေးရည်မှန်းချက်ကို ထိခိုက် လာနိုင်ဖွယ် ရှိနေသည်။









