
အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ ၁၇
ဆော်ဒီအာရေဗျနိုင်ငံ၏ ဩဇာအာဏာကြီးမားသည့် တော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်သည် တနင်္ဂနွေနေ့က ပါကစ္စတန်သို့ ရောက်ရှိခဲ့သည်။ပါကစ္စတန်သို့ ရောက်ရှိမှုသည် ၎င်းအာရှခရီးစဉ်အစဖြစ်ပြီး ယင်းခရီးစဉ်အတွင်း အကျိုးအမြတ်များသည့် ကန်ထရိုက်စာချုပ် ချုပ်ဆိုမှုများ ပြုလုပ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကာ ၎င်း၌ မဟာမိတ်များ ရှိနေသေးသည်ကို ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။









