
စီရော်နယ်လ်ဒိုနှင့် အယ်လ်နာဆာအသင်းအကြား ချုပ်ဆိုခဲ့သည့် စာချုပ်တွင် ဆော်ဒီအာရေဗျ၏ ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပူးတွဲအိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင် ထောက်ခံအားပေးရမည့်အချက် ပါဝင်နေသည်ဟု သတင်းများထွက်ပေါ်နေမှုအား အသင်းဘက်မှ ငြင်းဆန်ခဲ့သည်။ အသက် (၃၇)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းနှင့် စာချုပ်အရ အားကစားသမားများထဲတွင် အမြင့်ဆုံးဝင်ငွေအဖြစ် တစ်နှစ် ယူရိုသန်း (၂၀၀)အထိရရှိပြီး စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ် ဇွန်လအထိဖြစ်သည်။





