
ဘရာဇီးလ်နိုင်ငံ ရီယိုအိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပရာ ကမ္ဘာ့အဆင့် ၁၂ ရှိ ဗြိတိန်ကစားသမား ကမ်မရွန်းနော်ရီက ကမ္ဘာ့အဆင့် ၂ ကစားသမားဖြစ်သူ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ၅-၇၊ ၆-၄၊ ၇-၅ ရလဒ်တွေနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။








