
ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ဟာ အသင်းကွင်းလယ်လူ လယ်လာနာကို ၂၀၂၄ ခုနှစ် နွေရာသီအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် လယ်လာနာဟာ ၂၀၂၀ ပြည့်နှစ်က လီဗာပူး အသင်းကနေ ဘရိုက်တန်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ၃ ရာသီအတွင်း ၇၄ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ လယ်လာနာအနေနဲ့ ဒီရာသီမှာ ဘရိုက်တန်အသင်း အဆင့် ၇ မှာ ရောက်ရှိနေအောင်လည်း ကူညီပေးနေတာဖြစ်ပါတယ်။




ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာ ဆီကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပေမယ့် ဂူးဂဲလ်မှာ ရှာဖွေမှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးကနေ ပန်းပန်နေတဲ့သူကတော့ စီရော်နယ်ဒို ဖြစ်ကြောင်း သိရှိရပါတယ်။



