
မသန်စွမ်းအိုလံပစ်ကစားသမားဟောင်း ဝီလျံ တန်ဆိုသူက ဘီးတပ်ကုလားထိုင်နဲ့ World Marathon Challenge ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ ပထမဆုံးအားကစားသမားဖြစ်လာခဲ့ပါတယ်။ အခုလိုအောင်မြင်မှုကို Singapore Disability Sports Council က အင်စတာဂရမ်မှာ ကြေညာခဲ့တာပါ။ အသက် ၆၆ နှစ်အရွယ် စင်ကာပူနိုင်ငံသားဝီလျံက ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ (၇) ရက်အတွင်း တိုက်ကြီး (၇) တိုက်က မာရသွန်ပြိုင်ပွဲ (၇) ခုကို ပြီးမြောက်ခဲ့တာပါ။









