

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ယခုနှစ်၏ ဥရောပခရီးစဉ် ပထမဆုံးပြိုင်ပွဲအဖြစ် မတ် ၇ ရက်မှ ၁၂ ရက်အထိ ဂျာမနီနိုင်ငံ၌ကျင်းပနေသည့် Yonex German Open 2023 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ သက်ထားသူဇာသည် ဂျာမန်အိုးပင်း ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ပထမရက်တွင် ဟန်ဂေရီနိုင်ငံသူ Agnes KOROSI နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁ မှတ် ၉ မှတ်၊ ၂၁ မှတ် ၁၉ မှတ်တို့ဖြင့် သက်ထားသူဇာက အနိုင်ရရှိခဲ့သည်။









