

တောင်ကိုရီးယား မိန်းကလေးအဆိုရှင် အဖွဲ့ Red Velvet မှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Joy က အီတလီနိုင်ငံ က Milan Fashion Week မှာ အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ်နဲ့ (၂) နှစ် ဆက်တိုက် တက်ရောက်ပြီး ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။


တောင်ကိုရီးယား မိန်းကလေးအဆိုရှင် အဖွဲ့ Red Velvet မှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Joy က အီတလီနိုင်ငံ က Milan Fashion Week မှာ အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ်နဲ့ (၂) နှစ် ဆက်တိုက် တက်ရောက်ပြီး ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။

လီဆာ၏မွေးရပ်မြို့ ဘန်ကောက်တွင် Blackpink အဖွဲ့က ရှိုးပွဲနှစ်ခုထပ်တိုးထားကြောင်း YG Entertainment အေဂျင်စီက ကြေညာထားသည်။ လက်ရှိ Blackpink က အာရှတွင်လှည့်လည်ဖျော်ဖြေလျက်ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေ ၂၇-၂၈ ရက်များ၌ ထပ်မံဖျော်ဖြေပေးမည်ဖြစ်သည်။
Born Pink ကမ္ဘာလှည့်ဖျော်ဖြေမှုတစ် စိတ်တစ်ပိုင်းအဖြစ် ၎င်းအဖွဲ့က ဘန်ကောက်တွင် ဇန်နဝါရီလက ဖျော်ဖြေပြီးပြီဖြစ်ပြီး ထို စဉ်က ဇာတိမြို့မှပရိသတ်များနှင့် ပြန်ဆုံမည်ဟု အဖွဲ့ဝင်လီဆာက ကတိပေးခဲ့သည်။

“Shape of You” သီချင်းအဆိုရှင် အက်ဒ်ရှီရန်ဟာ ဩစတြေးလျကလေးဆေးရုံကို တနင်္ဂနွေနေ့က လာရောက်ပြီး နာမကျန်းဖြစ်နေတဲ့ ကလေးတွေရဲ့တစ်နေ့တာကို တောက်ပသွားစေခဲ့ပါတယ်။ သူက ကလေးတွေကို ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့တာပါ။

BLACKPINK အဖွဲ့ဝင် Jisoo က သူ့ရဲ့ တစ်ကိုယ်တော် သီချင်းဂီတဗီဒီယိုအတွက် နိုင်ငံရပ်ခြားမှာ ရိုက်ကူးမှုတွေ စတင်နေပြီလို့ သူတို့ရဲ့ အေဂျင်စီ YG Entertainment က ပြောကြားပါတယ်။
ရိုက်ကူးရေးနေရာတွေကို အထူးလျှို့ဝှက်ထားပြီး သူတို့အနေနဲ့ BLACKPINK အဖွဲ့ရဲ့ ဗီဒီယိုတွေကို ငွေကြေး ပုံအော သုံးစွဲလေ့ရှိတာကြောင့် Jisoo ရဲ့ ဗီဒီယိုကိုလည်း စောင့်ကြည့်နေသင့်ကြောင်း အေဂျင်စီ က ဆက်ပြောပါတယ်။

Psy ရဲ့ နာမည်ကျော် Gangnam Style က ကမ္ဘာတစ်ဝန်းမှာ ကြည့်ရူသူများပြားနေဆဲ ဖြစ်ကာ ပရိသတ်တွေက အကြိုက်တွေ့နေကြဆဲဖြစ်ပါတယ်။
အဲဒီ သီချင်း ဂီတဗီဒီယိုကို ယူကျူဘ်ပေါ်မှာ ကြည့်ရူသူ ၄ ဒသမ ၇ ဘီလီယံ ကျော်လွန်သွားပြီး ဖြစ်ကြောင်း သူ့ရဲ့ ကုမ္ပဏီ P NATION က ဖေဖော်ဝါရီ ၁၉ ရက်က ကြေညာခဲ့ပါတယ်။

Forbes မဂ္ဂဇင်းကကြေညာသည့် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အနုပညာရှင် ၁၀ ဦးစာရင်းတွင် အမျိုးသမီးအနုပညာရှင်က တေလာဆွစ်တစ်ဦးတည်းသာ ပါဝင်သည်။
စာရင်း၏နံပါတ်(၁၀)နေရာတွင်ရှိသူက ဝင်ငွေအမေရိကန်ဒေါ်လာ ၈၈ သန်းရခဲ့သည့် ပွာတိုရီကိုရက်ပ်အဆိုတော် ဘတ်ဘန်နီဖြစ်ပြီး တေလာဆွစ်က ဒေါ်လာ ၉၂ သန်းဝင်ငွေဖြင့် နံပါတ်(၉)နေရာတွင်ရပ်တည်နေသည်။ Midnights အယ်လ်ဘမ်အောင်မြင်ခဲ့သော်လည်း ၂၀၂၂ ဝင်ငွေအများစုက ယခင်နှစ်များ တွင်ထွက်ခဲ့သည့် သီချင်းများမှ ရခဲ့ခြင်းဖြစ်သည်။ ဆွစ်သည် ဝင်ငွေအကောင်းဆုံး အနုပညာရှင်စာရင်းတွင် ခြောက်ကြိမ်ပါခဲ့ပြီးဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် စာရင်းထိပ်ဆုံးမှရှိနေခဲ့သည်။

ချစ်သူဟောင်း ပီကေးက ၎င်းအပေါ် ဖောက်ပြန်သည့်အကြောင်း ရေးသားသီဆိုထားသည့် ရှကီယာ၏ သီချင်းအသစ် သည် YouTube တွင် စံချိန်တင်ခဲ့သည်ဟု သိရသည်။ Out of Your league တေးသီချင်းဗီ ဒီယိုသည် ၂၄ နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေပေါင်း ၆၃ သန်းကျော်ရှိပြီး ယင်းသည်လက်တင်တေးသီချင်းတစ်ပုဒ်အတွက် ထိုအချိန်ကာလ အတွင်း ကြည့်ရှုမှုအများဆုံး ဖြစ်လာခဲ့သည်။ အသက် ၄၅ နှစ်အရွယ် ရှကီယာနှင့်အသက် ၃၅ နှစ်အရွယ် ဘာစီလိုနာဘောလုံး ကစားသမားဟောင်း ပီကေးတို့သည် ၁၀ နှစ် ကျော်ကြာ တွဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။ ၎င်းတို့စုံတွဲတွင် ကလေး နှစ်ဦးလည်းရှိသည်။

ဇန်နဝါရီ ၁၄ ရက်ညပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးအော်လင်းစ်မြို့တွင် ကျင်းပပြုလုပ်သည့် ၇၁ ကြိမ်မြောက် Miss Universe 2023 အလှမယ်ပြိုင်ပွဲကြီးတွင် အမေရိကန်အလှမယ် အာဘန်နီဂေဘရီယယ်က Winner ဆုကို သိမ်းပိုက်သွားခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် အလှမယ် ၈၄ ဦးထဲတွင်မှ အမေရိကန်အလှမယ်က သရဖူကိုဆွတ်ခူးသွားခြင်းဖြစ်ပြီး ဗင်နီဇွဲလားအလှမယ် အမန်ဒါဒူဒါမယက ဒုတိယ၊ ဒိုမီနီကန်အလှမယ် အန်ဒရေနာမာတီနတ်ဇ်က တတိယရခဲ့သည်။ ပြိုင်ပွဲဝင်များအကြား ရေပန်းစားခဲ့သည့် ဖိလစ်ပိုင်အလှမယ်နှင့် ထိုင်းအလှမယ်မှာမူ Top 16 ထဲပင် ပါမလာဘဲ လာအိုအလှမယ်က Top 16 တွင် ပထမဆုံး အကြိမ် ပါလာခဲ့သည်။

အောက်တိုဘာ ၃၁ ရက် က ဇနီးမောင်နှံအဖြစ် ပရိသတ်များရှေ့မှောက် သစ္စာပြုခဲ့ကြသော ဆောင်းဂျွန်ကီ နှင့် ဆောင်းဟေကိုတို့၏ မင်္ဂလာပွဲကို အနုပညာရှင် အများအပြားတက်ရောက်ခဲ့ပြီး ၎င်းတို့၏ ပရိသတ် များက လည်း ဝမ်းမြောက်အား ပေးခဲ့သည်။
