နာမည်ကျော် အဆိုတော်နှင့် တေးရေးဆရာဖြစ်သူ အက်ဒ်ရှီရန်း၏ အယ်လ်ဘမ်အသစ်သည် ဗြိတိန်တွင် ထွက်ထွက်ပြီးချင်း အမြန်ဆုံးရောင်းရသည့် အယ်လ်ဘမ်တစ်ခုဖြစ်လာပြီး စတင်ဖြန့်ချီသည့် သုံးရက်အတွင်း အချပ်ရေ ၄၃၂၀၀၀ ခန့်ရောင်းချထားရသည်။

နာမည်ကျော် အဆိုတော်နှင့် တေးရေးဆရာဖြစ်သူ အက်ဒ်ရှီရန်း၏ အယ်လ်ဘမ်အသစ်သည် ဗြိတိန်တွင် ထွက်ထွက်ပြီးချင်း အမြန်ဆုံးရောင်းရသည့် အယ်လ်ဘမ်တစ်ခုဖြစ်လာပြီး စတင်ဖြန့်ချီသည့် သုံးရက်အတွင်း အချပ်ရေ ၄၃၂၀၀၀ ခန့်ရောင်းချထားရသည်။

မြန်မာအိုင်ဒေါပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ပြိုင်ပွဲဝင်များအနက် တစ်ဦးသည် ပရိသတ်များ၏ မဲပေးမှု (Pantene Wild Card) ဖြင့် ရွေးချယ်ကာ ဆန်ခါတင်လေးဦး ပါဝင်သော ပြိုင်ပွဲ၌ ပြန်လည် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ဒီနှစ်ဟာ အမ်မာစတုန်းရဲ့နှစ်လို့ ဆိုရပါမယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့ဆန်းဂျလိစ်ရှိ Dolby ပြဇာတ် ရုံမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ည (မြန်မာစံတော်ချိန် နံနက် ၈ နာရီမှစတင်) မှာ ကျင်းပခဲ့တဲ့ ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ La La Land ရဲ့အောင်ပွဲခံမှုမှာ ယင်းဇာတ်ကားရဲ့မင်းသမီး အမ်မာစတုန်းလည်း ပါဝင်သွားခဲ့ပါပြီ။

(၃၇) ကြိမ်မြောက် ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့ပြီး ဆုများအတွက် လျာထား ခံရသော အနုပညာရှင်များစွာ ရှိခဲ့သော်လည်း အဓိကဆုကြီးများကို ကွယ်လွန်သူ ပေါ့ပ်အဆိုတော် ဒေးဗစ်ဘိုဝီ က သိမ်းကြုံးရယူနိုင်ခဲ့သည်။

လီမင်ဟိုဟာ ပရိသတ်နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ သူသဘောကျတဲ့ မိန်းကလေးပုံစံကို မေးမြန်းခံခဲ့ရတာ ဖြစ်ပါတယ်။ “တစ်ခါတလေမှာ ဘီကီနီဝတ် မိန်းကလေးဖြစ်နိုင်သလို တစ်ခါတလေမှာ သာမန်အဝတ်အစားနဲ့ မိန်းကလေး ဖြစ်နိုင်ပါတယ်” လို့ လီမင်ဟိုက ဆိုပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်လောက၏ အမြင့်ဆုံး ဂုဏ်ယူစရာတစ်ခုဖြစ်သော ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအတွက် ဆုများစာရင်းသွင်းခံထားရသည့် Moonlight နှင့် Arrival ရုပ်ရှင်တို့၏ စာရေးဆရာ များသည် အမေရိကန်စာရေးဆရာအစည်းအရုံးမှ ချီးမြင့်သော ထိပ်သီးစာရေးဆရာဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ဥရောပသီချင်း ဗီဒီယိုဆုပေးပွဲအား ယခုနှစ်တွင် လန်ဒန်မြို့၌ကျင်းပမည်ဖြစ်ကြောင်း ချန်နယ်အမ်တီဗီမှ အင်္ဂါနေ့ တွင်ကြေညာခဲ့ပြီး ဗြိတိန်မြို့တော်လန်ဒန်တွင် အဆိုပါဆုပေးပွဲအား မကျင်းပရသည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ မြင့်ခဲ့ပြီးဖြစ်သည်။

(၅၉)ကြိမ် မြောက် ဂရမ်မီဆုပေးပွဲတွင် နာ မည်ကျော် ဗြိတိန်အဆိုတော် အဒဲလ်က ‘‘Hello’’ သီချင်းဖြင့် Song of the Year ဆုနှင့် Record of the Year ဆု အပါအ၀င် စုစုပေါင်း ငါးဆုရရှိခဲ့သည်။ အဒဲလ်သည် ဂရမ်မီ ဆုပေးပွဲ တွင် အကောင်းဆုံးသီချင်းဆုရရှိ ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၁၂ ကလည်း ‘‘Rolling in the Deep’’ သီချင်းဖြင့် အဆိုပါဆုကို ချီးမြှင့်ခံခဲ့ရသည်။

လော့စ်အန် ဂျလိစ်မြို့တွင် ကျင်းပခဲ့သော (၄၈) ကြိမ်မြောက် NAACP Image Award ဆုပေးပွဲ၌ အဆိုတော် ဘီယွန်စေးက ဆုငါးဆု သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

Huawei, Samsung နဲ့ Apple တို့လိုပဲ Xiaomi က ကိုယ်ပိုင် စမတ်ဖုန်း ပရိုဆက်ဆာတွေ ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ Wall Street Journal က ဖော်ပြလိုက်ပါတယ်။ Xiaomi ရဲ့ ပရိုဆက်ဆာကို Pinecone လို့ ခေါ်ဆိုပြီး Xiaomi ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Beijing Pinecone Electronics လက်အောက်ကနေ မတ်လအတွင်း ဖြန့်ချိဖွယ်ရှိတယ်လို့ Wall Street Journal က ပြောကြားခဲ့ပါတယ်။
