
BTS အဖွဲ့ဝင် Jungkook အား Calvin Klein Jeans and Underwear ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း Calvin Klein က တရားဝင် ကြေညာခဲ့ပါတယ်။

BTS အဖွဲ့ဝင် Jungkook အား Calvin Klein Jeans and Underwear ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း Calvin Klein က တရားဝင် ကြေညာခဲ့ပါတယ်။

သူ့အဖေက သုံးဘီးမောင်းတယ်။ သူ့အမေက အလှပြင်ဆိုင်လေး ဖွင့်တယ်။ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ရှာတာတောင် စားဝတ်နေရေးက အလျင်မီရုံလေးပဲ ရှိတယ်။ မန်ယာဆင်းမ်က ငယ်ငယ်ကတည်းက ငွေရှာရကောင်းမှန်း သိတယ်။ လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို သူ့မှာ အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့လေ။

အမေရိကန် နာမည်ကျော် အဆိုတော် တေလာဆွစ် က ယခုသီတင်းပတ်ကုန် လာ့စ်ဗီးဂတ်စ်မြို့မှာ The Eras Tour ဖျော်ဖြေပွဲ နှစ်ပွဲကို တင်ဆက်ခဲ့ပြီး နာမည်ကျော် အများအပြားလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။
တေလာ ဆွစ်ရဲ့ ဖျော်ဖြေပွဲကို သူ့ရဲ့ဆယ်လီ မိတ်ဆွေတွေ အများအပြား လာရောက်အားပေးတဲ့ အထဲမှာ နာမည်ကျော် အမ်မာ နှစ်ယောက်ဖြစ်တဲ့ အမ်မာဝပ်ဆန် နဲ့ အမ်မာ ရောဘတ် တို့လည်း ပါဝင်ခဲ့ပါတယ်။

◼ နာမည်ကျော် horror ရုပ်ရှင်တွေဖြစ်ကြတဲ့ Get Out, Us နဲ့ Nope တို့ရဲ့ ဒါရိုက်တာ Jordan Peele ဟာ သူ့ရဲ့ ရုပ်ရှင်ကားသစ်အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။
◼ Jordan Peele ဟာ Nope ရုပ်ရှင်အပြီးမှာ နောက်ထပ်ရုပ်ရှင်ကားတစ်ကားကို သူကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ နေရာတွေကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၄ ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅၊ ၂၀၂၄) မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

ဘောလိဝုဒ်နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းဟာ ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်မှု ခံရပြန်ပါ တယ်။ မကြာသေးခင်ကဒီအဖြစ်အပျက်ကို ဘန်ဒရာရဲတပ်ဖွဲ့ဟာ မင်းသားရဲ့သူငယ်ချင်းဆီက တိုင်ကြားချက်တစ်ခု အနေနဲ့ FIR (ပထမသတင်းပေးတိုင်ချက်)မှာ ထည့်သွင်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။
ဘဝရည်မှန်းချက်ဟာ ဆယ်လ်မန်ခန်းကို သတ်ဖို့ဖြစ်တယ်ဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်လော့ရန်ဘစ်ချ်နွိုင်းရဲ့ အင်တာဗျူးကို ရည်ညွှန်းထားတဲ့အကြောင်းအရာနဲ့အတူ ဆယ်လ်မန်ခန်းရဲ့နာမည်ကို ဖော်ပြထားတဲ့ အီမေးလ် တစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ တိုင်ကြားချက်မှာဖော်ပြပါတယ်။

“My Girl” ဇာတ်လမ်းတွဲနဲ့ ချိုဝမ်အဖြစ် မြန်မာပရိသတ်တွေ သိထားကြတဲ့ မင်းသမီးလီဒါဟေးဟာ ၈ နှစ်တာ တွဲလာခဲ့တဲ့ သူ့ချစ်သူကောင်လေး အဆိုတော် ဆဲဗင်းနဲ့ လက်ထပ်တော့မှာပါ။ မတ်လ ၂၀ ရက်နေ့မှာ သူတို့စုံတွဲ လက်ထပ်တော့မယ့်သတင်းကို သူတို့ရဲ့အင်စတာဂရမ်အကောင့်တွေကတဆင့် ပရိသတ်တွေကို အသိပေးလိုက် တာပါ။ အဆိုတော် ဆဲဗင်းက အခုလို စာရေးသားပြီး အသိပေးခဲ့တာပါ။

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် သီဆိုထားတဲ့ “Justice For All” ဆိုတဲ့ သီချင်းဟာ သီချင်းနားထောင်တဲ့ iTunes အက်ပလီကေးရှင်းမှာ နားဆင်မှု အများဆုံး သီချင်း ဖြစ်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ် စနေ၊ တနင်္ဂနွေနေ့အတွင်း နာမည်ကျော် ပေါ့အဆိုတော် မိုင်လီဆိုင်းရပ်စ်ရဲ့ခေတ်ထနေတဲ့ “Flowers” ဆိုတဲ့ သီချင်းကို ကျော်ပြီး နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့တာပါ။

ဘိုင်ရာဗာမင်းသား ရာမ်ချာရန် ပါဝင်သရုပ်ဆောင်ထားတဲ့ RRR ဇာတ်ကားရဲ့ Naatu Naatu ဇာတ်ဝင်သီချင်းဟာ အကောင်းဆုံးမူရင်းသီချင်းဆုအမျိုးအစားနဲ့ အော်စကာဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါရိုက်တာ အက်စ်အက်စ်ရာဂျာမိုလီရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားရဲ့ Naatu Naatu သီချင်းက နိုင်ငံတကာဆုပေးပွဲကြီးဖြစ်တဲ့ အော်စကာဆုပေးပွဲမှာ အခုလိုဆုကြီးကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအိန္ဒိယရုပ်ရှင်သီချင်းဖြစ်လာခဲ့ပါတယ်။


“အမေ…ကျွန်တော် အော်စကာဆုရသွားပြီ”လို့ ဝမ်းသာပီတီမျက်ရည်တွေကျပြီး ပြောခဲ့တဲ့သူက ဗီယက်နမ်ဖွား မင်းသားကီဟွေးကွမ်ပါပဲ။ သူဟာ ၉၅ ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရသွားခဲ့တာပါ။
သူ အော်စကာဆု မရခင်က လှေနဲ့ ဗီယက်နမ်ကနေ ထွက်ပြေးတယ်။ ဒုက္ခသည်စခန်းတစ်ခုမှာ ၁ နှစ်နေခဲ့ရတယ်။ အဲ့ဒီနောက် အနုပညာလောကထဲ ရောက်တော့လည်း သူ့ကို ငှားမယ့်သူမရှိလို့ အနုပညာအလုပ်ကနေ အနှစ် ၂၀ ကြာ နှုတ်ထွက်ခဲ့ရတယ်။ ဒါပေမဲ့ ကီဟွေးကွမ်က သူ့ရဲ့အိပ်မက်တွေကို ဘယ်တော့မှလက်မလျှော့ခဲ့ဘဲ တစ်ကျော့ပြန် လာခဲ့တာကြောင့် အခုလို အော်စကာဆုကို ဆွတ်ခူးသွားခဲ့တာပါ။


realme Myanmar မှ နောက်ဆုံးမိတ်ဆက် ရောင်းချခဲ့တဲ့ realme 10 ဟာ စရောင်းတဲ့နေ့မှာတင် ရောင်းအားတဟုန်ထိုး မြှင့်တက်ခဲ့ပါတယ်။ realme 10 ကို ၆၉၉၉၀၀ ကျပ်ဖြင့် မတ်လ ၃ ရက်နေ့မှ စပြီး မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းကောင်တာတွေမှာ ရောင်းချပေးခဲ့တာပါ။